ကိုယ့်အိမ်မှာ ဆရာဝန်တစ်ယောက်လောက် မခေါ်ထားချင်ဘူးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

နေအိမ်တိုင်းမှာအရေးပေါ်ဆေးသေတ္တာထားသင့်ပါတယ်။ မတော်တဆမှုဆိုတာမျိုးက ကြိုမှန်းထားလို့မှမရတာလေနော်။ ချက်ရင်းပြုတ်ရင်းဓါးရှမလား၊ အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ချော်လဲမလား ကြိုမှန်းထားလို့မရတဲ့အနေအထားမျိုးမှာ အရေးပေါ်ထိခိုက်မိရင် သက်သာအောင်လုပ်ဖို့အတွက်ဆေးသေတ္တာရှိထားတာကမမှားတဲ့အရာတစ်ခုလို့ပဲအကြံပေးပါရစေ။

အရေးပေါ်ဆေးသေတ္တာဆိုတာဘာအတွက်ထားတာလဲ။ ။

အရေးပေါ်ဆေးသေတ္တာ ဆိုတာက မတော်တဆမှုတစ်ခုခုကြောင့်ထိခိုက်ဒဏ်ရာရရင်ဖြစ်ဖြစ်၊ရောဂါတစ်ခုခုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့အခြေအနေကနေသက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင်ထားတာပါ။ ဒီလိုစောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံးလိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကိုကယ်တင်ဖို့ နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။

ဆေးသေတ္တာမှာ ဘာတွေပါရမလဲ။ ။

အရေးပေါ်ဆေးသေတ္တာမှာ ဘယ်ပစ္စည်းတွေကို ထည့်ထားသင့်သလဲဆိုတာလည်းအရေးကြီးပါတယ်။ ဒါမှ လိုအပ်တဲ့အချိန် ထိထိရောက်ရောက်အသုံးချနိုင်မှာဖြစ်ပါတယ်။ဆေးသေတ္တာမှာ ဒါတွေ ပါဝင်သင့်ပါတယ်။

ဆေးသေတ္တာကို ပစ္စည်းတွေ ထည့်ပြီးပြီဆိုရင်

ကလေးတွေလက်လှမ်းမမီလောက်တဲ့၊ လူကြီးတွေယူရလွယ်လောက်တဲ့နေရာမှာ ထားပါ။ ဆေးသေတ္တာကို ပုံမှန်စစ်ကြည့်ပါ။ ကုန်နေတာရှိရင်ဖြည့်ပါ။ သက်တမ်းရက်လွန်နေတာရှိရင် အသစ်လဲထည့်ပါ။

အရေးပေါ်ဆေးသေတ္တာကို အသုံးပြုနိုင်မယ့်ရောဂါတွေကဘာတွေလဲ။ ။

အရေးပေါ်ဆေးသေတ္တာကို ဝယ်ထားဆောင်ထားရုံနဲ့လည်း မပြီးသေးပါဘူး။ ကိုယ်တိုင်အသုံးပြုတတ်အောင်လည်းလေ့လာသင်ယူ တာတွေလုပ်ရပါမယ်။ ကဲဒီလောက်ဆိုရင်တော့ ဆေးသေတ္တာကလေးရဲ့ အရေးပါပုံကို သိလောက်ပြီးလို့ထင်ပါတယ်။ ခုလို ပစ္စည်းတွေစုံစုံလင်လင်ထည့်ထားတဲ့ ဆေးသေတ္တာလေးတစ်ခု အိမ်မှာဆောင်ထားရင် မိသားစုရဲ့ ကျန်းမာရေးကို သင်က ဆရာဝန် မဟုတ်တောင် တစ်စိတ်တစ်ပိုင်းကနေ တာဝန်ယူနိုင်မှာပါ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

အပူလောင်ခြင်း အမျိုးအစား ပြုစုနည်း မီးလောင်ခြင်း   နေပူလောင်ခြင်း အရေပြားနီရဲခြင်း နှင်းကိုက်ခြင်း ကိုယ်အပူချိန်အသက်ရှူခက်ခဲခြင်း လေပြွန်လမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ပြန်လည်ကျန်းမာလာချိန်မှာ လိုအပ်မယ့် အာဟာရနဲ့ ရေဓာတ်ပြည့်ဝမှု

ခန္ဓာကိုယ် ကိုယ်ခံအား ရေဓာတ် ရေဓာတ်ဆုံးရှုံးမှု ထိခိုက်ဒဏ်ရာ အဖျား ချွေးထွက်တာ အော့အန်မယ် ရေဓာတ်မပြည့်ဝမှု သစ်သီးဖျော်ရည်တွေ အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ အလုပ်ခွင်ပြန်ဝင်ရမယ့်သူတွေ ဂရုစိုက်နိုင်စေဖို့

ကမ္ဘာ့ကပ်ရောဂါ COVID_19 ကာကွယ်ဆေး ကြိုတင်ကာကွယ်တာ Work from Home ကိုဗစ် ကိုရိုနာ ရောဂါမကူးစက်စေချင်ဘူး လက်ဆေးပါ ပိုးသတ်ပါ အရက်ပြန် အလုပ်စားပွဲ ရေနဲ့ ဆပ်ပြာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကိုဗစ် ကြောက်တဲ့ အရာများ

ကိုဗစ် အရက်ပြန် ဆပ်ပြာရည် ချွတ်ဆေးအရည် အဝတ်အစား လက်ဆေး လက်သန့်ဆေးရည် ကာကွယ်ဆေး ကိုယ်ခံအား အရက်ဆေးလိပ် အာဟာရ အိပ်ရေးဝဝ လေ့ကျင့်ခနး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

Infrared သာမိုမီတာ နဲ့ အပူချိန်တိုင်းမယ်ဆိုရင်

Infrared သာမိုမီတာ နဲ့ အပူချိန်တိုင်းမယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 7, 2020
ပျားရည် နဲ့ ကျန်းမာရေး

ပျားရည် နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 7, 2020
COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ(၂)

COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ(၂)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 30, 2020
အပူလောင်ခြင်း

အပူလောင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 27, 2020