backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

အခုလို မိုးအေးအေးနဲ့ ရာသီဥတုမှာ ရေနွေးပူပူလေးတခွက်နဲ့ ဇိမ်ကျနေဖူးပါသလား။ တကယ်တော့ ရေနွေးပူပူလေးတခွက်ဟာ သင့်ကိုနွေးထွေးစေရုံသာမက တခြားအကျိုးကျေးဇူးတွေလည်း ပေးနိုင်ပါသေးတယ်။ ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ ကတော့ အစာကြေခြင်း၊ နှာစေးသက်သာစေခြင်း၊ လန်းဆန်းစေခြင်း စတာတွေ ရစေနိုင်ပါတယ်။

ရေနွေးတခွက်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၄၀ ဒီဂရီဖာရင်ဟိုက်အကြားပဲ ရှိသင့်ပါတယ်။ ဒီထက် ပူသွားရင် လျှာက အရသာခံအဖုလေးတွေကို ထိခိုက်သွားနိုင်ပါတယ်။

ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ ကတော့

ရေနွေးပူပူကထွက်တဲ့ အငွေ့ဟာ နှာစေးနှာပိတ်ခြင်းကို သက်သာစေပါတယ်။ ရေနွေးခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ထွက်လာတဲ့အငွေ့များကို နိုင်သလောက် ရှူပေးခြင်းအားဖြင့် နှာပိတ်ခြင်းနဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ရေနွေးကို သောက်လိုက်တဲ့အခါ လည်ချောင်းတလျှောက်မှာရှိတဲ့ ချွဲသလိပ်တွေကို ပျော်စေပါတယ်။

ရေနွေးသောက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အရည်ဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် အညစ်အကြေးများကို စွန့်ထုတ်ဖို့လည်း အထောက်အကူပြုပါတယ်။ အစားအစာများကို ကောင်းစွာပျော်ဝင်စေပြီး အစာချေဖို့ လွယ်ကူစေပါတယ်။

ရေနွေးသောက်လိုက်တဲ့အခါ အူများကို ညှစ်အားဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ အူလမ်းကြောင်းထဲ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ထွက်လာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးကို ပုံမှန်သောက်သုံးပေးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

  • ရေဓာတ်ပြည့်ဝစေခြင်း

ရေနွေးပဲသောက်သောက်၊ ရေအေးပဲသောက်သောက် ရေက ရေပဲမို့လို့ ခန္ဓာကိုယ်တွင်းက ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ အေးတဲ့ရာသီဥတုမှာ ရေသောက်နည်းတဲ့အခါ ရေနွေးသောက်တာက ရေဓာတ်ပြည့်ဝဖို့ အထောက်အကူ ဖြစ်စေပါတယ်။

  • အချမ်းသက်သာစေခြင်း
  • အေးလာရင် တုန်လာတာက ခန္ဓာကိုယ်က အပူချိန်ကို ထိန်းညှိဖို့ ကြွက်သားတွေကို တဆတ်ဆတ်တုန်ခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ ချမ်းတုန်နေတဲ့အချိန်မှာ ရေနွေးလေးသောက်ချလိုက်တာက ခန္ဓာကိုယ်ကို နွေးစေပြီး အချမ်းသက်သာစေပါတယ်။

    • သွေးလည်ပတ်မှုကို ကောင်းစေခြင်း
    • ရေနွေးနဲ့ ရေချိုးခြင်းဟာ သွေးကြောများကို ကျယ်လာစေပြီး သွေးများကို ပိုမိုလည်ပတ်စေပါတယ်။ ရေနွေးသောက်ပေးခြင်းဟာလည်း ယခုအာနိသင်ကိုမျိုး ရစေနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းခြင်းကြောင့် သွေးပေါင်ချိန်မှန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေပါတယ်။ ညအချိန် ရေနွေးနဲ့ ရေချိုးခြင်း၊ ရေနွေးသောက်ခြင်းဟာ သင့်ကို သက်သောင့်သက်သာဖြစ်စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။

      ရေနွေးသောက်ခြင်းဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ရေနွေးသောက်ပြီးချိန်မှာ စိတ်ပူပန်မှု လျော့ပါးတတ်ပါတယ်။ စိတ်လည်းငြိမ်စေတယ်လို့ သိရပါတယ်။

      • အဆိပ်အတောက်တို့ကို လျှော့ချပေးခြင်း

      ရေနွေးသောက်လိုက်ရင် ကိုယ်ခန္ဓာပူနွေးလာပါတယ်။ ချွေးလည်း စို့လာစေပါတယ်။ ချွေးထွက်ခြင်းဟာ သက်သောင့်သက်သာဖြစ်စရာမဟုတ်ပေမယ့် ကိုယ်ခန္ဓာထဲက အညစ်အကြေးတွေကိုလည်း စွန့်ထုတ်ပြီးသား ဖြစ်ပါတယ်။ ဒါ့ပြင် ကျောက်ကပ်ကနေ အဆိပ်အတောက် စွန့်ထုတ်တာကိုလည်း ကူညီပေးပါတယ်။

      • အစာနင်ခြင်းကို သက်သာစေခြင်း

      အစာရေမျို ရောင်ရမ်းသူအချို့ဟာ အစာကိုမျိုချဖို့ ခက်ခဲပါတယ်။ ဒီအခြေအနေကို achalasia လို့ ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ အစာမျိုချရင် နာနေတတ်ပါတယ်။ အဆိုပါပြဿနာအတွက် ရေနွေးပူပူသောက်ပေးရင် အစာရေမြို ရောင်ရမ်းခြင်းကို သက်သာစေပြီး အစာများကိုလည်း ရှောရှောရှူရှူ ဝင်စေပါတယ်။ အထူးသဖြင့် ဆီများတဲ့ စားစရာတွေ၊ အသားကြီးငါးကြီးတွေအတွက် အထောက်အကူဖြစ်ပါတယ်။

      သတိပြုရန်

      ရေနွေးဟာ အရမ်း ပူရင်တော့ အဆင်မပြေပါဘူး။ အစာရေမျိုနဲ့ လျှာကို အပူလောင်စေနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုပူချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်တွေမှာ ရေနွေး မသောက်သင့်ပါဘူး။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Dr. Thurein Hlaing Win


      Hello Sayarwon Panel မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement