ဒီနည်းဟာ တစ်နေ့လုံအတွက် အသက်ရှူဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ အသက်ရှူခြင်းကို လေ့ကျင့်ခြင်းဟာ အောက်စီဂျင် လုံလောက်စွာ သယ်ဆောင်နိုင်စေပြီး carbon dioxide ရှူထုတ်ခြင်းကို ထိန်းချုပ်ပေးပါတယ်။
နှာခေါင်းကနေပြီး ပုံမှန်လေပမာဏကို ဖြည်းညင်းစွာ ရှူသွင်းပြီး အဆုတ်အောက်ပိုင်းကိုသာ လေဖြည့်ပါ။ ဖြည်းညင်းစွာ အသက်ရှူထုတ်ပါ။ ဒီနည်းလမ်းကို အစပိုင်းမှာ ဗိုက်ပေါ်လက်တစ်ဖက်တင်ပြီးရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာ စမ်းကြည့်သင့်ပါတယ်။ အသက်ဖြည်းညင်းစွာ ရှူသွင်းချိန်မှာ အောက်ဘက်လက်ဟာ မြင့်တက်လာပြီး အပေါ်ဘက်လက်ကတော့ တစ်သမတ်တည်း ရှိမှာ ဖြစ်ပါတယ်။ ဒီလို ညင်သာစွာ အသက်ရှူသွင်းခြင်းကို စိတ်လျှော့ပြီး ပြုလုပ်ပါ။ အဆုတ်ရဲ့ အောက်ပိုင်းကိုသာ လေဖြည့်ဖို့ အရေးကြီးပါတယ်။
၂။ တည်ငြိမ်စွာ အသက်ရှူခြင်း
ဒီနည်းလမ်းမှာ အဆင့်သုံးခု ရှိပါတယ်။
၁) အဆုတ် အပေါ်ပိုင်းရော၊ အောက်ပိုင်းပါ လေဖြည့်ဖို့အတွက် ဖြည်းညင်း ကြာရှည်စွာ နှာခေါင်းနဲ့ အသက်ရှူသွင်းပါ။
၂) အသက်ရှူ ၃ စက္ကန့်အောင့်ပါ။
၃) စေ့ထားတဲ့ ပါးစပ်ကနေပြီး ဖြည်းညင်းစွာ ရှူထုတ်ပါ။ ကိုယ်ကို လျှော့ထားသင့်ပါတယ်။
ဒီနည်းလမ်းကတော့ Hyperventilation ကို ထိန်းချုပ်ပေးပြီး နှလုံးခုန်ကို နှေးစေကာ နေရသက်သာစေပါတယ်။ ဒီနည်းကို ရက်သတ္တပတ်အနည်းငယ်ကြာ တစ်နေ့မှာ အကြိမ်အနည်းငယ် ပြုလုပ်ပြီး လေ့ကျင့်သင့်ပါတယ်။ ပြောင်းလဲမှုတွေ ဖြစ်ချိန်၊ စိတ်ဖိစီးမှု လျော့လိုချိန်၊ စိတ်တည်ငြိမ်လိုချိန်တွေမှာ ဒီနည်းနဲ့ အသက်ရှူနိုင်ပါတယ်။ ဒါကြောင့် ကြောက်ရွံ့ချိန်တွေမှာ စိတ်တည်ငြိမ်ဖို့ နည်းလမ်းဆိုတယ်ဆိုရင် ဒီနည်းကို ပြုလုပ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။