လစ်တာနဲ့ လက်သည်းလေးတွေ ကိုက်နေတတ်တာ ဘယ်သူတွေရှိလဲ။ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အတွေးတွေများနေတုန်းပဲဖြစ်ဖြစ် လက်သည်းကိုက် နေရရင် ကျေနပ်နေတာမျိုး။ ဘာတဲ့..လက်ကို စင်အောင်ဆေးပြီး ကိုက်ရင် ဘာပိုးမှမဝင်နိုင်ဘူးဆိုတဲ့ ဆင်ခြေကလည်းပြောကြသေးတယ်။
သေချာပြီလား ဘာဆိုးကျိုးမှမဖြစ်နိုင်ဘူးဆိုတာ…
လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား
လက်သည်းကိုက်ရာကနေ ဒါတွေဖြစ်နိုင်တယ်နော် –
လက်သည်းကိုက်ရင် လက်သည်းပဲ့မှာပဲ။ လက်က ဘယ်လောက်သန့်တယ်ဆိုဆို ပိုးတွေက ရှိနေတုန်းပါပဲ။ လက်သည်းအပြင် လက်သည်းပတ်လည်က အရေပြားမှာပါ ပိုးတွေ ရှိနေနိုင်ပါတယ်။
နောက်ပြီး လက်သည်းကိုက်ခါနီးတိုင်း သွားတိုက်၊ ပါးစပ်ဆေးပါသလား။ လက်သည်းရဲ့အောက်က အရေပြားနုလေးပေါ်လာရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေနဲ့ ထိတွေ့နိုင်တယ်။ ခံတွင်းဆိုတာ စားကြွင်းစားကျန်တွေ ကပ်ငြိနေတတ်တဲ့ ဘက်တီးရီးယား အသိုက်ကြီး တစ်ခုဆိုတာ မသိလေရော့သလား။
လက်သည်းကို ပိုးဝင်ရာကနေ ရုပ်ပျက်တဲ့ အနာတွေ၊ ပြည်တည်တာတွေ၊ သွေးတစိုစို ဖြစ်လာတာ၊ အနာရင်းပြီး လက်ထိပ်တွေ ပျက်စီးရတာတွေ အထိ ဖြစ်လာနိုင်တယ်။ လက်သည်း ထိပ်တွေ နီရဲ၊ ရောင်ရမ်းလာတာ၊ နာကျင်ရတာ၊ ပြည်တွေ တည်တာ ဖြစ်လာနိုင်ပါတယ်။
တံတွေးရဲ့ ဓာတုပစ္စည်း ပါဝင်မှုကြောင့် အဆီနဲ့ တခြား အစားအစာ မော်လီကျူးတွေကို ဖြိုခွဲပေးနိုင်တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က အစာခြေစနစ်ကို အကူအညီပေးတယ် ဆိုပေမယ့် လက်ကို ပါးစပ်ထဲ ထည့်ထည့်ထားမယ် ဆိုရင် လက်ချောင်းထိပ် အရေပြားကို ထိခိုက်ရောင်ရမ်းစေနိုင်တယ်။
ဥပမာပြရရင် နှုတ်ခမ်းကို လျှာနဲ့တံတွေး ဆွတ်တာက နှုတ်ခမ်းခြောက်ပြီး ကွဲစေနိုင်တာ သိကြတယ်မလား။ တံတွေးက အရေပြားကို ဆိုရင် တိုက်စားသွားနိုင်တယ်လို့ ပညာရှင်တွေကပြောပါတယ်။
[embed-health-tool-bmi]