backup og meta

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည်

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည် အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ ပန်းသီးရှာလကာရည်က အသုံးဝင်တဲ့ ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးတစ်မျိုးပါ။ ခန္ဓာကိုယ်မှာ ချွေးနံ့ဆိုးကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်နော်။ ချွေးနံ့ပျောက်ဆေးတွေဆီက ဓာတုဆေးတွေကို စိုးရိမ်တယ်ဆိုရင် သဘာဝနည်းဖြစ်တဲ့ ပန်းသီးရှာလကာရည်ကို သုံးလို့ရပါတယ်။

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည်

ခန္ဓာကိုယ်မှာ အနံ့မပါတဲ့ချွေးတွေ ထုတ်ပေးတဲ့ ချွေးဂလင်းတွေရှိပါတယ်။ ဒါပေမယ့် ချိုင်း၊ ပေါင်ခြံနဲ့ နို့သီးထိပ်စတဲ့ အမွေးအမျှင်ရှိတဲ့ အရေပြားမှာ ချွေးနံ့ရဲ့တရားခံဖြစ်တဲ့ apocrine ဂလင်းနဲ့ sebaceous ဂလင်း တို့ရှိပါတယ်။

စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ၊ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အခါ၊ ချိုင်းမှာရှိတဲ့ apocrine ဂလင်းက ပရိုတင်း၊ fatty acidsနဲ့ စတီးရွိုက်တို့ပါဝင်တဲ့ စေးကပ်တဲ့အရည်တွေကို ထုတ်ပေးပါတယ်။ ဒါတွေက အရေပြား မျက်နှာပြင်ပေါ်ရောက်လာတဲ့အခါ eccrine ဂလင်းတွေကနေ ထွက်လာတဲ့ အနံ့မရှိတဲ့ ချွေးတွေနဲ့ရော သွားပါတယ်။

ချိုင်းမှာရှိတဲ့ မှိုပိုးနဲ့ ဘက်တီးရီးယားတွေ (အထူးသဖြင့် Staphylococcus နဲ့ Corynebacterium တို့) နဲ့ ဓာတ်ပြုပြီး သည်အရောကို propionic acid လို အနံ့ဆိုးတဲ့ အက်စစ်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ခြေဖဝါးမှာလည်း အတူတူပါပဲ။

ဒါ့ပြင် ရောဂါအကြောင်းရင်းတွေနဲ့ ဆေးဝါးတချို့ကြောင့်လည်း ခန္ဓာကိုယ်အနံ့ဆိုးထွက်စေပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

ချွေးနံ့ပြင်းတာကို ဖြေရှင်းဖို့နည်းလမ်းနှစ်ခုရှိပါတယ်။

ချွေးထွက်နည်းအောင်လုပ်ခြင်း

ချွေးထွက်နည်းအောင်လုပ်ပြီး ချွေးနံ့မထွက်အောင် လုပ်ပါ။ ချွေးတိတ်ဆေးတွေက apocrine ဂလင်းကို ခဏတာပိတ်စေပြီး ချွေးထွက်နှုန်းကို ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလျှော့ချပေးပါတယ်။

အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားကို ရှင်းလင်းခြင်း 

အနံ့ပြင်းစေတဲ့ ဘက်တီးရီးယားကို သေစေတာဖြစ်ဖြစ် သူ့ထက်ပိုပြင်းတဲ့ အမွှေးနံ့နဲ့ အုပ်ပစ်တာဖြစ်ဖြစ် ချွေးနံ့ပျောက်အောင်လုပ်ပါ။ ဒါကတော့ ချွေးနံ့ပျောက်ဆေးတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

ချွေးတိတ်ဆေးရော ချွေးနံ့ပျောက်ဆေးတွေမှာပါ တာရှည်ခံစေမယ့် parabens တွေပါဝင်နိုင်ပြီး ဒါတွေက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့ပြင် ဈေးကွက်ထဲက အရည်အသွေးနိမ့် ကုန်ပစ္စည်းတွေမှာပါတတ်တဲ့ ဓာတုပစ္စည်းတချို့က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒ

ါကြောင့် ဘာပဲပြောပြော ဘေးအကင်းဆုံးကတော့ သဘာဝနည်းတွေပဲဖြစ်ပါတယ်။ ဥပမာ သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည် လိုမျိုးပေါ့။

ပန်းသီးရှာလကာရည်က ဘက်တီးရီးယားတွေကို သေစေနိုင်တယ်

ချိုင်းမှာ သုံးလိုက်တာနဲ့ အနံ့ဆိုးဖြစ်စေမယ့် ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေနိုင်ပါတယ်။ ဗီနီဂါပါဝင်မှု များတာကြောင့် ပိုးသတ်ခြင်း၊ မှိုသတ်ခြင်း အာနိသင်မှာ အစွမ်းထက်တယ်လို့ သုတေသနအတော်များများက ဖော်ပြကြပါတယ်။ ဗီနီဂါ ၅ ရာခိုင်နှုန်းလောက်နဲ့ပဲ ဘက်တီးရီးယားပိုးမွှားများစွာကို သတ်နိုင်ပါတယ်။

သတိပြုဖို့ကတော့ အသားအရေမှာ တိုက်ရိုက်အသုံးပြုတဲ့အခါ ပန်းသီးရှာလကာရည် ရဲ့ အာနိသင်အပြင်း အပျော့နဲ့ အသုံးပြုပုံကို မူတည်ပြီး အရေပြားနီရဲခြင်း၊ ခြောက်သွေ့ခြင်းတို့လို့ ဘေးထွက်ဆိုးကျိုးတချို့ရှိလာစေနိုင်ပါတယ်။

ဒါ့ကြောင့်မသုံးခင်မှာ ဓာတ်တည့်မတည့်သိရအောင် နည်းနည်းလောက် အရေပြားမှာ စမ်းသပ်သင့်ပါတယ်။ သုံးတဲ့အခါ ပမာဏနည်းနည်းချင်းပဲ သုံးသင့်ပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ဆတူရောသုံးရပါမယ်။

သုံးနည်းကတော့

ပန်းသီးရှာလကာရည် နဲ့ ရေ ဆတူအရောထဲကို ဂွမ်းသန့်အလုံးလေးတစ်လုံးနဲ့ တို့နှစ်ပြီး ချိုင်းမှာပွတ်သုတ်လိုက်ပါ။ ပြီးရင် ခြောက်သွေ့စေဖို့ ပြောင်းမှုန့်နဲ့ မုန့်ဖုတ်ဆိုဒါ အရောကို လိမ်းပေးပါ။ ချိုးမယ့် ရေထဲကို ထည့်ပြီးလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်း ရေရောပြီးမှ သုံးပါ။ ဓာတ်တည့်မတည့်ကိုတော့ အရေပြားမှာ နည်းနည်းတို့ကြည့်ပြီး အရင်စမ်းသပ်ကြည့်ပါဦးနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.curejoy.com/content/apple-cider-vinegar-as-deodorant/

Accessed Date Oct 22, 2019.

https://www.stylecraze.com/articles/how-to-get-rid-of-underarm-odor-naturally/#gref

Accessed Date Oct 22, 2019.

 

ယခုပုံစံ

11/04/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့

ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/04/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ