backup og meta

ဇက်ကြောချိုး တာ တကယ်ပဲ အကြောတက်သက်သာလား

ဇက်ကြောချိုး တာ တကယ်ပဲ အကြောတက်သက်သာလား

အကြော အဆစ်တွေ ညောင်းညာနေလား၊ တောင့်တင်းနေလား။ ဒီလိုဖြစ်လာရင် တော်တော်များများက လက်ဆစ်တွေချိုးတယ်၊ ဇက်ကို လှည့်တယ်၊ အသံမြည်တဲ့အထိ ဆတ်ခနဲ ဆတ်ခနဲ ဇက်ကြောချိုး တတ်ကြပါတယ်။

ဒီလိုလုပ်လိုက်ရင် ပခုံးကြော၊ ဇက်ကြောတွေပြေသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်လေ။ တကယ်တော့ အများစုက တကယ်သက်သာတာထက် အကျင့်ပါနေတော့ စိတ်ထင်တာလည်း ပါပါတယ်။

ဒီလိုချိုးတာ လုံးဝ မကောင်းတာလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေပါတယ်နော်။ ဇက်ကြောချိုး တာ၊ လေ့ကျင့်ခန်း လုပ်တာက တော်တန်ရုံဆို ထိခိုက်မှုမရှိနိုင်ပါဘူး။

ဒါပေမယ့် လှုပ်ရှားပုံ နည်းမမှန်တာ၊ မကြာခဏလုပ်လွန်းတာ၊ သိပ်ကြမ်းလွန်းတာတွေကြောင့် ဇက်ကြောတက်တာ မသက်သာဘဲ ပိုဆိုးနိုင်တဲ့အပြင် နာကျင်ရနိုင်ပါတယ်။

ဇက်ကြောချိုးရင် ဘာလို့ အသံမြည်တာလဲ

ဇက် အပါအဝင် ဘယ်အဆစ်ကိုပဲချိုးချိုး အဆစ်နားတဝိုက်က အရည်အိတ်အလွှာတွေ ပြန့်သွားပါတယ်။ အဲဒီအလွှာမှာ အရည်တွေပါဝင်တာ ဖြစ်ပြီး ဒီလိုပြန့်သွားရင် အရည်တွေကို အဆစ်အပေါ် ဖိအား လျော့သွားစေပါတယ်။

ဖိအားလျော့သွားလေ အဆစ်ထဲကအရည်တွေက အငွေ့ဖြစ်သွားလေဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် အသံမြည်လာပါတယ်။ ဒီဖြစ်စဉ်ကို boiling သို့မဟုတ် cavitation လို့ခေါ်ပါတယ်။ ပုံမှန်တော့ အန္တရာယ်မရှိတတ်ပါဘူး။

ဇက်ကြောဆိုတာက လှုပ်ရှားလို့ ကောင်းစေဖို့ သဘာဝက ဖန်တီးထားတဲ့ ကျောရိုးရဲ့အဆစ်တွေ စုပေါင်းထားတာ ဖြစ်ပါတယ်။ လည်ပင်းဘေးတစ်ဖက်စီမှာ ရှိနေတဲ့ ဒီအဆစ်တွေဟာ ကိုယ်က ဇက်ကြောချိုးလိုက်တိုင်း အထက်က ဖြစ်စဉ် အတိုင်း ဖြစ်လာမယ်၊ နောက်ဆုံး အသံမြည်လာပြီး ဇက်ကြောမှာ ဖိအားလျော့သွားတဲ့ ခံစားချက်ကို ရစေတာပါ။

ဇက်ကြောချိုး တာ တကယ်သက်သာလား

ဇက်ကြောလျှော့တာက နေရသက်သာစေတယ် ဆိုပေမယ့် မကြာခဏလုပ်မယ် ဆိုရင်တော့ သတိထားသင့်ပါတယ်။ လေ့လာမှုတစ်ခုအရ ဇက်ကြောချိုး လိုက်တဲ့ တဖြောင်းဖြောင်းအသံ ထွက်လာရင် နေရသက်သာသွားတယ်လို့ ခံစားရတာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ရှိနေတယ်လို့ တွေ့ရပါတယ်။

တစ်ခါတလေ ဇက်ကြောတောင့်နေတာ တကယ်ပေါ့သွားသလားတောင် သတိမထားမိဘဲ ဒီအသံမြည်တာနဲ့တင် ပေါ့သွားသလိုခံစားရတာ၊ အကြောတင်သွားလို့ ဇက်ချိုးလိုက်တာ ပြန်တည့်သွားတယ်တောင် ပြောကြတာတွေရှိပါတယ်။ ဒါကို စိတ်ကြောင့် သက်သာရာရတဲ့ placebo effect လို့ခေါ်ပါတယ်။

ဇက်ကြောချိုး ခြင်းက လည်ပင်းအဆစ် ဧရိယာမှာ အန်ဒိုဖင်(endorphin) ဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေကို ပစ်ကျူထရီဂလင်းကနေ ထုတ်ပေးတာဖြစ်ပြီး ခန္ဓာကိုယ်ကို နာကျင်မှု သက်သာစေပါတယ်။ ဒါ့ကြောင့်ပဲ ဇက်ကြောချိုးလိုက်တဲ့အခါ အန်ဒိုဖင်ဟော်မုန်းတွေကြောင့် စိတ်ကျေနပ်မှုနဲ့ စိတ်သက်သာမှု ကို ခံစားရတာဖြစ်ပါတယ်။

အန္တရာယ် ဆိုးကျိုးရှိလား 

ဇက်ကြောချိုး တာက အခန့်မသင့်ရင်၊ နည်းမမှန်ရင်၊ မကြာခဏလုပ်လွန်းရင် အရိုးအဆစ်ကိုထိခိုက်စေနိုင်ပါတယ်။

တော်တန်ရုံ အညောင်းပြေရုံမဟုတ်ဘဲ အားကြီးနဲ့ဖြောင်းခနဲမြည်အောင် ချိုးတာက လည်ပင်းတဝိုက်က အာရုံကြောတွေကို ထိုးဆွသလိုဖြစ်စေပါတယ်။ ဒီလိုနဲ့ အာရုံကြောတွေကို နာကျင်စေပြီး လည်ပင်းလှုပ်မရအောင် ဇက်ခိုင်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။

ခဏခဏကို ဇက်ကြောချိုးမိနေတာကလည်း အဆစ်မှာရှိတဲ့ အရွတ်တွဲတွေကို အနေအထားပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီလိုနဲ့ အဆစ်နာ (osteoarthritis) ဖြစ်လာနိုင်တဲ့အန္တရာယ် ပိုများစေပါတယ်။

လည်ပင်းဇက်ကြော ဆိုတာ အရေးပါတဲ့ သွေးကြောကြီးတွေ ရှိတဲ့နေရာမို့ ဇက်ကြောချိုး လွန်းရင်၊ ပြင်းထန်ရင် သွေးကြောတွေကို ထိခိုက်စေ၊ ပေါက်ပြဲလာစေနိုင်တယ်။ အဲဒီကနေ သွေးခဲပိတ်ဆို့တာ ဖြစ်စေနိုင်ပြီး ဦးနှောက်ကို သွေးပို့လွှတ်မှု အနှောင့်အယှက်ဖြစ်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။

တကယ်လို့ –

  • လည်ပင်းမှာ ပုံမှန်မဟုတ်တဲ့ရောင်ရမ်းမှု တစ်ခုခုဖြစ်လာရင်
  • ဇက်ကြောမှာ နာကျင်လာရင်(အထူးသဖြင့် အကြောင်းရင်း သေသေချာချာမရှိဘဲ အချိန်ကြာရှည်နာကျင်လာရင်)
  • အဆစ်တွေ လှုပ်ရှားရခက်လာရင် (အသက်အရွယ် ကြောင့်လည်း ဖြစ်နိုင်တယ်၊ အဆစ်နာရောဂါကြောင့်လည်း ဖြစ်နိုင်တယ်) ဆရာဝန်ပြပါ။

ကုသမှု အပြင် လိုအပ်တဲ့ နေထိုင်မှုပုံစံ တွေ၊ လေ့ကျင့်ခန်း တွေ၊ အရိုးအဆစ်ကုထုံး ဆရာဝန်က အကြံပေးပါလိမ့်မယ်။ ဇက်ကြောတက်တဲ့အခါ လုပ်လို့ရတဲ့လေ့ကျင့်ခန်း တွေကို နောက်ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/neck-cracking#takeaway

Accessed Mar-6,2020.

https://www.webmd.com/stroke/news/20030512/neck-cracking-raises-stroke-risk#1

Accessed Mar-6,2020.

 

ယခုပုံစံ

11/10/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

အကြောအဆစ်ပြင်သူတွေနဲ့ ပတ်သတ်ပြီး သိထားသင့်သော အချက်၃ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement