backup og meta

Zumba လေးနဲ့ ကရင်း ဝိတ်ချကြမယ် ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Zumba လေးနဲ့ ကရင်း ဝိတ်ချကြမယ် ။ ။

    ကိုယ်အလေးချိန်လျှော့ချဖို့ဆို စားလိုက်တဲ့ ကယ်လိုရီ တွေထက် လောင်ကျွမ်းရမယ့် ကယ်လိုရီအရေအတွက် ပိုများတာမလား။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ဆို လေ့ကျင့်ခန်း အစားအသောက် နှစ်ခုလုံးထိန်းမှ ရမှာပါ။ လေ့ကျင့်ခန်းမှာတော့ gym ကစားမယ်၊ ယောဂဆော့ပမယ်၊ Zumba နဲ့ကမယ် ဆိုပြီး အမျိုးအမျိုးရှိပါတယ်။

    ခုနောက်ပိုင်း gym တွေမှာ စက်တွေနဲ့ ကစားတာအပြင် Zumba သင်တန်း တို့ ယောဂ သင်တန်းတို့ကိုပါ ပေါင်းပြီးဖွင့်လှစ်လာကြပါပြီ။ gym တွေမှာတောင် ဖွင့်ထားတာဆိုတော့ သူတို့က ကိုယ်ခန္ဓါအတွက် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ပေးလို့ပေါ့နော်။ ယောဂ ကျတော့ လူတိုင်းနီးပါးလောက် သိထားတဲ့ အားကစားတစ်ခု ဖြစ်ပေမယ့် Zumba ကိုတော့ မသိသေးတဲ့သူတွေရှိဦးမယ် ထင်ပါတယ်။

    ဒီတော့ Zumba ဆိုတာဘာလဲ ။ ။

    Zumba ဆိုတာ ကခုန်ပြီး ကိုယ်အလေးချိန် လျှော့ချခြင်းတစ်မျိုးပါပဲ။ သီချင်းသံစဉ်တွေနဲ့အတူ လက်ခုပ်တွေတီးပြီး ကိုယ်ခန္ဓါကို စည်းချက်အညီလှုပ်ရှားတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်မျိုးပါ။

    ဒီ Zumba ဆိုတာက ကိုယ်အလေးချိန်ကို အမှန်တကယ် လျှော့ချပေးနိုင်လို့လား။ ။

    စည်းချက်နဲ့ အညီ တစ်ကိုယ်လုံး လိုက်ပြီး လှုပ်ရှား ကခုန်ရတာဖြစ်တဲ့အတွက် Zumba ကစားနည်း တစ်နာရီလောက် ပြင်းပြင်းထန်ထန် ကစားလိုက်ရင် ကယ်လိုရီ ၃၀၀ ကနေ ၉၀၀ လောက်အထိလောင်ကျွမ်းနိုင်ပါတယ်။ ကယ်လိုရီ လောင်ကျွမ်းတာအပြင် အခြား ကြွက်သားလှုပ်ရှားမှုတွေကို အားကောင်းစေလို့ ကျစ်လစ်တဲ့ကိုယ်ခန္ဓါတစ်ခုကို ပိုင်ဆိုင်နိုင်ဦးမှာနော်။

    တိတိကျကျဆို Zumba က ကယ်လိုရီပမာဏ ဘယ်လောက်တောင်လောင်ကျွမ်းနိုင်သလဲ ကြည့်ရအောင် ။ ။

    ၂၀၁၂ ခုနှစ်ရဲ့ လေ့လာချက်အရ Zumba မိနစ် ၄၀ ကစားတိုင်း ကယ်လိုရီ ၃၅၀ လောက် လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ ဒီလောင်ကျွမ်းတဲ့ ပမာဏဟာ အေရိုးဗစ် ယောဂြပင်းပြင်းထန်ထန်၊ နဲ့ ဘောက်ဆင် မိနစ် ၄၀ ထိုးတာထက် ပိုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကစားတဲ့သူရဲ့အသက်၊ ကိုယ်အလေးချိန်၊ ကျန်းမာကြံ့ခိုင်မှု၊ နဲ့ ကစားနေစဉ် ဘယ်လောက်နှစ်ပြီး လှုပ်ရှားထားတယ်ဆိုတဲ့အပေါ် မူတည်ပြီး ကယ်လိုရီလောင်ကျွမ်းတဲ့ ပမာဏ ကွာသွားလေ့ရှိပါတယ်။

    ကိုယ်အလေးချိန်ကျဖို့အတွက် တစ်ပါတ် ဘယ်နှစ်ကြိမ်လောက် Zumba ကစားသင့်လဲ ။ ။

    ကိုယ်အလေးချိန်ကျဖို့အတွက်ရော ကိုယ်ခန္ဓါသန်စွမ်းရေးအတွက်ရော Zumba ကို တစ်ပါတ် ၃ ကြိမ်လောက် ကစားပေးရင်ရပါတယ်။

    Zumba ကစားရင် ဘာတွေ လိုအပ်သလဲ ။ ။

    ကိုယ့်ဘက်ကပြင်ဆင်သွားရမှာကတော့ ပုံမှန် gym သွားနေကျ အတိုင်းပါပဲ။ ပေါ့ပေါ့ပါးပါး အကျီၤလေးတွေ ဝတ်သွားမယ်။ သက်တောင့်သက်သာရှိတဲ့ ရှူးဖိနပ်လေး စီးသွားရုံပါပဲ။ ကိုယ်ပိုင်တဲ့ ပစ္စည်းပဲ သုံးတတ်တဲ့သူတွေအတွက်ကတော့ ၁ ပေါင် ( ဒါမှမဟုတ်) ၃ ပေါင်လောက်ရှိတဲ့ ဝိတ်တုံးလေးတွေ တစ်ပါတည်း ယူသွားလို့ရပါတယ်။

    Zumba ဘယ်လိုလုပ်ရသလဲ။ ။

    Gym မှာတော့ Zumba ဆရာတွေရှိတဲ့အတွက် သူတို့က ရှေ့ကနေ လုပ်ရမယ့် နည်းတွေကို ပြပေးမှာဖြစ်ပြီး သီချင်းသံစဉ်အတိုင်း ကိုယ်ခန္ဓါကို လှုပ်ရှားလိုက်ရုံပါပဲ။

    အိမ်မှာပဲ လုပ်ချင်တယ်ဆိုရင်တော့ online ကနေ video တွေ ဒေါင်းပြီး Zumba ကို လေ့ကျင့်လို့ရပါတယ်။

    Gym မကစားချင်ဘူး။ ကရတာတော့ ဝါသနာပါတဲ့အတွက် zumba ပဲ ကစားမယ်။ ပိန်မှာလား။ ။

    အပေါ်မှာ ပြောခဲ့ဖူးပါတယ်။ Zumba ကနေ လောင်ကျွမ်းသွားမယ့် ကယ်လိုရီက ကိုယ်အလေးချိန် အသက်တို့နဲ့ အများကြီးဆိုင်တဲ့အတွက် ကိုယ်က အဝလွန်နေတဲ့သူဆိုရင်တော့ ဝိတ်ချတဲ့နေရာမှာ Zumba တစ်ခုတည်းနဲ့ မရပါဘူး။ Zumba ကို တစ်ပတ် ၃ ရက်လောက် ကစားမယ်၊ အခြားလေ့ကျင်ခန်းလေးလည်းလုပ်မယ် အစားလေးပါထိန်းလိုက်မယ်ဆိုရင် ကိုယ်လိုချင်နေတဲ့ သွယ်လျတဲ့ကိုယ်ခန္ဓါကို အချိန်တိုအတွင်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်အလေးချိန် ရှိသ့င်တာထက် နည်းနည်းလေးပဲ များနေတယ်ဆိုရင်တော့ Zumba လေးဆော့ အစားလေးထိန်းရုံနဲ့တင်ရပါတယ်။ ။

    အစားလေးထိန်းစားဆိုတော့ Zumba ဆော့ြ့ပီးရင် ဘာတွေ စားရမှာလဲ ။ ။

  • ထမင်းဖြူအစား ဆန်လုံးညို၊ အုတ်ဂျုံတို့ကို စားပေးရင် ပိုကောင်းပါတယ်။
  • ပေါင်မုန့်ဖြူတို့ ကွတ်ကီးတို့ကို လုံးဝရှောင်ပါ။
  • ပရိုတင်း ဓါတ်အတွက်ကတော့ အဆီမပါတဲ့ အသားတွေဖြစ်တဲ့ ကြက်သား၊ ငါး၊ ကြက်ဥအကာနဲ့ တို့ဖူးတို့ကို စားပေးလို့ရပါတယ်။
  • ထမင်းစားတိုင်း ပန်းကန်ထဲမှာ အသီးအရွက်တွေနဲ့ ပြည့်နေပါစေ။
  • အကြိမ်ရေများများနဲ့ နည်းနည်းချင်းစီစားပါ။ Zumba ဆော့ရင်းကုန်သွားတဲ့ အားတွေ ပြန်ပြည့်သွားအောင် ၃ နာရီခြား တစ်ခါလောက်စားပေးရင် ပိုကောင်းပါတယ်။ တစ်ခါစား နည်းနည်းပဲနော် ။ ။
  • ဒီတော့ ဒီတိုင်း gym ဆော့ရတာပျင်းတယ်၊ ယောဂကြီးကလည်း အိပ်ချင်စရာကြီးလို့ဆိုတဲ့သူတွေအတွက် လက်တင်ယဉ်ကျေးမှုက ဆင်းသက်လာတဲ့ ဒီ Zumba ကစားနည်းကို ရွေးချယ်လို့ရပါတယ်။ ကလည်းကရ သီချင်းသံစဉ်လေးလည်းနားထောင်ရ ကိုယ်လက်လှုပ်ရှားမှုလေးလည်းလုပ်ရ ကယ်လိုရီတွေလည်း လောင်ကျွမ်းဆိုတော့ တစ်ချက်ခုတ် ၃ ချက်တောင် မက အပိုင်းပိုင်းပြတ်တယ်နော် ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement