backup og meta

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

    ရှမ်းနံနံ သာပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ်မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်း ပါတယ်၊ ရခိုင်ဟင်းတွေမှာလည်း ပါတယ်၊ မြန်မာဟင်းတွေမှာလည်း ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံ တွေ နိုင်းချင်းထည့်စားကြတာ တွေ့ဖူးတယ်။ ရှမ်းနံနံ က အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။

    အစကတော့ မြန်မာမှာပဲ သုံးကြတယ် ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒါပေမယ့် သူ့အကြောင်း ရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာ သိလိုက်ရတယ်။ ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကျတယ်၊ အစာကြေတယ် စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ထိုင်းမှာလည်း စားသုံးကြပါတယ်။ ထိုင်းဟင်းလျာတွေမှာဆို နံနံပင်အမြစ်၊ ရှမ်းနံနံ အမြစ်တွေထောင်းထည့်တော့ မွှေးနေရော။ သူတို့တွေဆီမှာ ဘယ်ရောဂါတွေအတွက် သုံးကြလဲဆိုတော့ –

    ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

    ရှမ်းနံနံ ရဲ့ အာဟာရဓာတ်ပါဝင်မှု

    အရွက်မှာတင်မဟုတ်ဘဲ အမြစ်မှာပါ အာဟာရဓာတ်ပြည့်စုံနေတဲ့ ရှမ်းနံနံဟာ သံဓာတ်၊ riboflavin၊ carotene၊ ဗီတာမင် A၊ C နဲ့ ဗီတာမင် B1 ၊ B2 တို့ ပါဝင်နေတာ ဖြစ်ပါတယ်။ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တာလည်း မနည်းတဲ့အတွက် သက်သတ်လွတ်သမားတွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ဖြစ်အောင် နှိုးဆွပေးနိုင်ပါတယ်။

    ဘယ်လို အကျိုးကျေးဇူးတွေ ရှိတာလဲ

    • မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တယ်။
    • တုပ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်၊
    • သွေးတိုးကျ စေတယ်၊
    • ပန်းနာရင်ကျပ်ကို သက်သာစေတယ်၊

    ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

    • အရောင်ကျစေတယ် – နာကျင်တာ၊ ရောင်ရမ်းတာ၊ အဆစ်နာရောဂါတွေကိုသက်သာစေတယ်၊
    • အကိုက်အခဲပျောက်စေတယ် – trimethylbenzaldehydes ပါဝင်လို့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်၊ နားကိုက်တာ၊ ဗိုက်အောင့်တာ၊ခေါင်းကိုက်တာတွေအတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးလေ့ရှိပါတယ်။
    • ဆီးချိုကျစေတယ်၊
    • ဝမ်းချုပ်ခြင်းကို သက်သာစေတယ်၊
    • အဖျားကျစေတယ်၊
    • ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ နမိုးနီးယား၊ ဗိုက်အောင့် ဗိုက်နာခြင်းတွေအတွက် ရှမ်းနံနံကို အသုံးပြုလေ့ရှိပါတယ်။
    • ပင့်ကူကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ခြေပြီး လိမ်းပေး၊ သက်သာတယ်လို့ ဆိုကြပါတယ်။ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီလောက်နဲ့တင် ရှမ်းနံနံကို စားသင့်နေပါပြီနော့။

    ဈေးမှာပေါတော့ ဝယ်ရလည်းလွယ်တယ်၊ အိမ်မှာစိုက်ချင်လည်း အရွက်ကိုသုံးပြီး ကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲထည့်စိုက်ထားလိုက်ရုံပဲ။ လိုမှ ခူးစားလို့ရတာပေါ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement