နေ့စဉ်မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရတွေထဲမှာ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်ကို မေ့ထားလို့ မဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ပိုတက်စီယမ်ဓာတ်လည်း ပါဝင်လို့ ကျောက်ကပ်ထဲက အညစ်အကြေးတွေကို ဆီးကနေ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကြော်စားလို့ ရသလို ဖျော်ရည်အနေနဲ့လည်း ကြိတ်ပြီး သောက်သုံးပေးနိုင်ပါတယ်။
၂။ အသီးအနှံတွေ
ဟင်းသီးဟင်းရွက်များနည်းတူ အာဟာရဓာတ်မျိုးစုံ ပေးစွမ်းနိုင်လို့ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်တွေ နေ့စဉ်ပုံမှန် စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ သွေးတိုးကိုလည်း ကျစေပြီး ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။ ဘယ်ရီသီး၊ ငှက်ပျောသီး၊ သလဲသီးတွေဟာ သွေးတိုးကျစေတဲ့ အသီးအနှံဖြစ်လို့ လှီးစိတ်ပြီး စားလို့ရသလို သကြားမထည့်ပဲ ကြိတ်ပြီးဖျော်ရည်အနေနဲ့ သောက်လို့ အဆင်ပြေပါတယ်။
၃။ နို့ထွက်ပစ္စည်း
အဆီပါဝင်မှုနည်းပြီး ကယ်လ်စီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ်တွေကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းဖြင့် သွေးတိုးကို ကျစေနိုင်ပါတယ်။ အချိုမပါဝင်တဲ့ သဘာဝနို့ထွက်ပစ္စည်းတွေဟာ သွေးတိုးရောဂါသည်တွေအတွက် စားပေးသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။