backup og meta

ရှေးဦးသူနာပြုစုခြင်း

ရှေးဦးသူနာပြုစုခြင်းက ဘာတွေလုပ်ပေးနိုင်လဲ။ရှေးဦးသူနာပြုစုခြင်း ရဲ့ အဓိကရည်ရွယ်ချက်ဘယ်လိုအခြေအနေမျိုးမှာ ရှေးဦးသူနာပြုစုမှုတွေ လိုအပ်မလဲ။ရှေးဦးသူနာပြုစုခြင်း လုပ်တဲ့အခါ

လုံလောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေ၊ အချိန်နဲ့တပြေးညီ ကုသစောင့်ရှောက်ပေးနိုင်မှုတွေ ကင်းမဲ့မှုကြောင့် နှစ်စဉ် သန်းပေါင်းများစွာသောလူတွေဟာ ထိခိုက်မှုတွေကြောင့် နာကျင်မှုတွေ၊ သေဆုံးမှုတွေကို ခံစားနေကြရပါတယ်။

ရှေးဦးသူနာပြုစုခြင်း

တကယ်လို့ ထိခိုက်မှုတစ်ခုခုမတော်တဆမှု တစ်ခုခု ဖြစ်တဲ့အခါ ချက်ချင်းဆိုသလို ထိထိရောက်ရောက် ပြုစုစောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ အရေးပေါ်အခြေအနေတွေမှာ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးတာက လူနာကို ရှင်သန်နိုင်မယ့် အခွင့်အလမ်းများစေပါတယ်။

ရှေးဦးသူနာပြုစုခြင်းက အရေးပေါ်ကုသမှုနေရာမှာအစားထိုးတာမျိုး မဟုတ်ပါဘူး။  ထိခိုက်မိတဲ့အခါ ပြင်းထန်တဲ့အဆင့် မရောက်စေဖို့နဲ့ ရှင်သန်နိုင်မယ့် အခွင့်အရေးများစေဖို့ အရေးပေါ်ကုသမှုမခံယူနိုင်ခင်စပ်ကြား  လုပ်ဆောင်ပေးသင့်တဲ့ အရေးပါတဲ့အဆင့်တစ်ရပ်ပါ။

ရှေးဦးသူနာပြုစုခြင်းက ဘာတွေလုပ်ပေးနိုင်လဲ။

ရှေးဦးသူနာပြုစုခြင်းက တစ်ဦးတစ်ယောက် ရုတ်တရက်ထိခိုက် ဒဏ်ရာရသွားတာ၊ အစာနင်တာလိုမျိုး အရေးပေါ် ကျန်းမာရေးပြဿနာတစ်ခုခု ကြုံတဲ့အခါ ဆေးကုသမှု မခံယူနိုင်ခင် ကာလအပိုင်းအခြားလေးမှာသက်သာစေဖို့ အန္တရာယ်ရှိတဲ့ အခြေအနေက ကျော်လွှားနိုင်စေဖို့ ထောက်ကူပေးတဲ့အရာပါ။
ဒီလို လုပ်ဆောင်ပေးတာက မလိုအပ်ဘဲ အသက်ဆုံးရှုံးနိုင်ခြေကို အထိရောက်ဆုံး ကာကွယ်လိုက်တာပါ။

ရှေးဦးသူနာပြုစုခြင်း ရဲ့ အဓိကရည်ရွယ်ချက်

ရှေးဦးသူနာပြုစုခြင်းရဲ့ အဓိကရည်ရွယ်ချက်က

  • အသက်တွေကို ကယ်တင်ဖို့
  • ထိခိုက်ဒဏ်ရာတွေ၊ အဖျားရောဂါတွေ ပိုဆိုးမလာအောင် ကာကွယ်ဖို့
  • နလန်ထချိန် မြန်စေဖို့
  • နာကျင်မှုတွေကို သက်သာစေဖို့
  • မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်မလာစေဖို့ပါ။

ဘယ်လိုအခြေအနေမျိုးမှာ ရှေးဦးသူနာပြုစုမှုတွေ လိုအပ်မလဲ။

ရှေးဦးသူနာပြုစုမှုကို လိုအပ်နိုင်တဲ့ အခြေအနေကတော့ တစ်ခု မကပါဘူး။

  • ရေနစ်တာ
  • ကြွက်တက်တာ
  • အပူလောင်တာ
  • မီးပူလောင်တာ
  • ဓာတ်လိုက်တာ
  • မိုးကြိုးပစ်တာ
  • ကားတိုက်တာ
  • အမြင့်ကနေ ပြုတ်ကျတာ
  • ဦးခေါင်းကို တစ်ခုခုနဲ့ ထိခိုက်မိတာ
  • ယာဉ်မတော်တဆမှုဖြစ်တာ
  • နှာခေါင်းသွေးလျှံတာ
  • ထိခိုက်ဒဏ်ရာ
  • အက်ဆစ်လောင်တာ
  • ပျားတုပ်တာ
  • ပိုးကောင်ကိုက်တာ
  • မြွေကိုက်တာ
  • အဆိပ်ရှိတဲ့အကောင်ကိုက်တာ
  • သံစူးတာ
  • အစာနင်တာ
  • ရုတ်တရက်နှလုံးရပ်တာ
  • အသက်ရှူကြပ်တာ
  • ဓာတ်ငွေ့အဆိပ်သင့်တာတွေပါ။

ရှေးဦးသူနာပြုစုခြင်း လုပ်တဲ့အခါ

ရှေးဦးသူနာပြုစုခြင်း

ရှေးဦးသူနာပြုစုခြင်း လုပ်တဲ့အခါ
  • အပူလောင်တဲ့နေရာ (ဆီပူလောင်၊ မီးပူလောင်၊ အက်ဆစ်လောင်) ကို ရေခဲနဲ့မကပ်ပါနဲ့၊ ရေအေးအေးနဲ့ လောင်းဆေးပါ။ မိနစ် အနည်းငယ်ကြာဆေးပေးပါ။
  • ထိခိုက်ဒဏ်ရာရတဲ့အခါ လက်ကို သေချာသန့်အောင်ဆေးပြီးမှာ အနာကို ရေသန့်သန့်နဲ့ဆေးပါ။ ဆပ်ပြာနဲ့ မဆေးပါနဲ့။
  • အနာကိုဆေးမထည့်ခင် သွေးတိတ်အောင်လုပ်ပါ။ အနာဖြစ်တဲ့အခါ အရက်ပြန်ကိုသုံးပါ။
  • အနာထဲက အစအနလေးတွ၊ အစူးတွေကို အရက်ပြန်နဲ့ ပိုးသတ်ထားပြီး ဇာဂနာကို အသုံးပြုပြီး ထုတ်ပါ။
  • အနာကို အမျိုးအစားလိုက်ပြီး ဆေးထည့်တာ မတူပါဘူး။
  • ပျားတုပ်တဲ့အခါ အစူးကို အရင်ထုတ်ပါ။
  • အနာသက်သာစေဖို့ ibuprofen၊ acetaminophen တို့ကို သောက်ပေးလို့ရပါတယ်။
  • အနာအရည်ကြည်ဖုတွေ ဖြစ်ခဲ့ရင် မဖောက်ပါနဲ့။
  • အနာက သေးရင် ပလာစတာ ကပ်ပါ။ ကြီးရင် ပတ်တီးစည်းပါ။ အပူလောင်နာဆိုရင် ပတ်တီး စည်းပါ။
  • ထိခိုက်မှုကို လိုက်ပြီး အရောင်ကျစေဖို့ ရေအေးဝတ် ဒါမှမဟုတ် ရေနွေးဝတ်ကပ်ပါ။
  • ထိခိုက်ဒဏ်ရာကို ပိုးမဝင်စေဖို့ သေချာ သန့်စင်ပေးပါ။  စတဲ့အချက်တွေကို အခြေအနေကို လိုက်ပြီး အတိအကျ လုပ်ဆောင်ပေးရတာပါ။

လိုအပ်မယ်ဆိုရင် ကြပ်စည်းပေးတာ၊ CPR လုပ်ပေးရတာတွေကိုလည်း လုပ်ဆောင်ပေးဖိုပ လိုပါမယ်။ ဒါမှ လူနာက အသက်အန္တရာယ်ကနေ ကင်းမှာပါ။

Takeaways

မတော်တဆ ထိခိုက်မှုတစ်ခုခုနဲ့ ကြုံတဲ့အခါ မှန်ကန်တဲ့ ရှေးဦးသူနာပြုစုခြင်းနဲ့ ပြုစုပေးနိုင်တာက မလိုအပ်ဘဲ ထိခိုက်ဆုံးရှုံးမှုတွေကို ကာကွယ်ရာရောက်သလို အသက်အန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

First aid https://www.ifrc.org/en/what-we-do/health/first-aid-saves-lives/ Accessed Date 23 December 2020

10 Basic First Aid Procedures https://www.verywellhealth.com/basic-first-aid-procedures-1298578 Accessed Date 23 December 2020

ယခုပုံစံ

04/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပေါ်ယံ ပြတ်ရှရာ၊ ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်း

လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာအတွက် ရှေးဦးသူနာပြုစုနည်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ