backup og meta

နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

    ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အနုနယ်ဆုံးဖြစ်တဲ့ မျက်လုံးကို ပစ်မထားပါနဲ့။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်လိုက်ကြရအောင်ပါ။

    ()    အစားကောင်းကောင်းစားရအောင်

    သင့်တော်တဲ့ အစားအစာကို ရွေးချယ်စားသောက်တတ်ခြင်းဟာ မျက်လုံးအတွက် အတော်လေး အကျိုးရှိပါတယ်။ အိုမီဂါ – ၃ ဖက်တီးအက်စစ်၊ ဇင့်၊ ဗီတာမင်စီ၊ ဗီတာမင်အီးစတဲ့ အာဟာရတွေကို စားပေးခြင်းဟာ မျက်လုံးမှုန်ဝါးခြင်း၊ အသက်အရွယ်ကြောင့် ယိုယွင်းပျက်စီးလာခြင်းနဲ့ အတွင်းတိမ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

    • အစိမ်းရောင်အရွက်များ(ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ဂေါ်ဖီစသည်)
    • ဆယ်လ်မွန်ငါး၊ တူနာငါး
    • ကြက်ဥ၊ မြေပဲ၊ ပဲစိမ်းနဲ့ အသားဟင်းမဟုတ်ဘဲ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အရာတွေ
    • လိမ္မော်သီးနဲ့ အခြားအချဉ်ဓာတ်ပါတဲ့ အသီးတွေ
    • ယောက်သွား၊ ကမာနဲ့ ဝက်သားစတဲ့ အစားတွေကို သင့်တင့်မျှတစွာစားပါ။

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်တာဟာ ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသေးတယ်။ ဆီးချိုရောဂါ အမျိုးအစား(၂)ဖြစ်တဲ့အခါ မျက်လုံးကိုပြင်းထန်စွာ ထိခိုက်နိုင်တာကို သတိချပ်စေချင်ပါတယ်။

    ()    ဆေးလိပ်ဖြတ်ရအောင်  

    ဆေးလိပ်သောက်ခြင်းဟာ အတွင်းတိမ်ဖြစ်စေပြီး မျက်လုံးကို ထောက်ပံ့ပေးတဲ့ အာရုံကြော ကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ အမြင်အာရုံပြဿနာတွေကို လျော့နည်းစေတာ ကြောင့် မြန်မြန်ဖြတ်ကြရအောင်ပါ။ ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    ()    နေကာမျက်မှန် တပ်ရအောင်

    လူတွေဟာ အရိပ်ကောင်းကောင်းကို ကြိုက်ကြသလို မျက်လုံးကိုလည်း နေကာမျက်မှန် တပ်ဆင်ခြင်းဖြင့် အရိပ်ပေးကြရအောင်။ မျက်လုံးကို တိုက်ရိုက်ထိခိုက်လာနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို နေကာမျက်မှန်တစ်လက်က ကာကွယ်ပေးနိုင်ပါတယ်။ နေကာမျက်မှန်အမျိုးအစားနဲ့ မှန်ကို အသေအချာ ရွေးဝယ်ပါ။ မျက်ကပ်မှန်အချို့မှာလည်း ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်တဲ့ အလွှာတွေ ထည့်ပေးထားပါတယ်။ မျက်ကပ်မှန် တပ်ထားလည်း နေကာမျက်မှန် ထပ်မံတပ်ဆင်တာ ပိုကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။ နေပူပူထဲ ထွက်တိုင်း ထွက်တိုင်း နေကာမျက်မှန် တပ်ကြရအောင်ပါ။

    ()    မျက်လုံးအကာအကွယ်ဝတ်ရအောင်

    မျက်လုံးကိုထိခိုက်နိုင်တဲ့ အလုပ်တွေလုပ်တော့မယ်ဆိုရင် အကာအကွယ်တပ်ဆင်ထားပါ။ အိမ်မှာလုပ်တဲ့အလုပ်တွေလည်း ပါပါတယ်။ ဥပမာ ဖုန်မှုန့် ဝင်နိုင်တဲ့ အလုပ်တွေ (အခန်းရှင်း၊ ဗီရို ရှင်းခြင်း)၊ ဆိုင်ကယ်မောင်းနှင်ခြင်း၊ ဂဟေဆော်ခြင်း၊ ဆီကြော်ခြင်း၊ ဓာတုပစ္စည်းတစ်ခုခုကို ကိုင်တွယ်ရန် လိုအပ်ခြင်း စတာတွေမှာ (Eye Shield) မျက်လုံးအကာ တပ်ဆင်ပါ။ ခွဲစိတ်ခန်းတွေမှာ ဆရာဝန် တွေ တစ်ခါတစ်လေသုံးတဲ့ Shield မျိုးတွေကို ဆိုလိုပါတယ်။

    ()    ကွန်ပျူတာကို လျော့သုံးရအောင်

    ကွန်ပျူတာ မှန်သားပြင်ကို အကြာကြီးကြည့်နေခြင်းဟာ

  • မျက်လုံးအမြင်ဝေဝါးခြင်း
  • အဝေးမှုန်
  • မျက်ခမ်း ခြောက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဇက်နာခြင်း၊ ခါးနာခြင်းနဲ့ ပုခုံးကြွက်တက်ခြင်းတွေကို ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင်
  • မှန်သားပြင်ရဲ့ အပေါ်မျက်နှာပြင် Level ကို မျက်လုံးနဲ့ တစ်တန်းတည်းထားပါ။ မျက်လုံးကို အောက်စိုက် ကြည့်ပါ။
  • ပြတင်းပေါက်၊ တံခါးတွေက အလင်းတွေဟာ ကွန်ပျူတာသုံးနေစဉ်မှာ မဝင်လေ ကောင်းလေ ပါပဲ။
  • သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံမျိုးနဲ့ ထိုင်ပါ။ ခြေထောက်ကို အပြားလိုက်အောက် ချ ထားပါ။
  • မျက်ခမ်းခြောက်လာရင် မျက်တောင်အကြိမ်ရေပိုခတ်ပါ။
  • မိနစ်(၂၀)ခြားကာ မျက်လုံးအနားပေးပါ။ ပေ(၂၀)အကွာကို စက္ကန့်(၂၀)လောက် စိုက်ကြည့် ပါ။ (၂)နာရီပြည့်လျှင် လမ်းခဏလျှောက်ပြီး (၁၅)မိနစ်လောက်နားပါ။
  • ()    မျက်စိစမ်းသပ်ရအောင်

    လူတိုင်းလူတိုင်းမျက်စိကို မကြာခဏ စမ်းသပ်ဖို့လိုပါတယ်။ ကလေးငယ်တွေလည်း ပါပါ တယ်။ မျက်မှန်သမားတွေမှ လိုအပ်တာမဟုတ်ပါဘူး။

    မျက်စိစမ်းသပ်ခြင်းဟာ ရေတိမ်၊ အတွင်းတိမ်စတဲ့ မျက်စိရောဂါတွေကို ရှာဖွေနိုင်ပါတယ်။ မစမ်းသပ်လို့ နောက်ကျမှ သိရရင်တော့ အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ပေါက်ရတာမျိုး ဖြစ်လာတတ်ပါတယ်။

    မျက်စိအထူးကုဆရာဝန်ကြီးများနဲ့ မျက်စိအထူးပြု ကျန်းမာရေးဝန်ထမ်းများဆီမှာ သွားရောက်စမ်းသပ်နိုင်ပါတယ်။ မျက်မှန်ဆိုင်တွေမှာလည်း အလွယ်တကူစမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement