backup og meta

Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်

Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်

ယနေ့ခေတ်ကြီးမှာ လူတွေဟာ အလှအပပိုင်းဆိုင်ရာကို စိတ်ဝင်စားလာတာနဲ့အမျှ အသားအရေ တင်းရင်းစိုပြေအောင်၊ နုပျိုအောင် collagen တွေကို နေရာအမျိုးမျိုးမှာ အသုံးပြုလာကြပါတယ်။ collagen ကို လိမ်းဆေး၊ lotion တွေမှာရော၊ supplement သောက်ဆေးအနေနဲ့ရော၊ အလှအပပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ အစားအသောက်၊ စွပ်ပြုတ်ရည် တွေမှာပါ တွင်ကျယ်စွာ ထည့်သွင်းအသုံးပြုလာကြတာကိုလည်း တွေ့လာရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို popular ဖြစ်နေတဲ့ collagenလေးအကြောင်းကို မျှဝေပေးသွားမှာပါ။

Collagen ဆိုတာဘာလဲ။

Collagenဆိုတာကတော့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထွက်နေတဲ့ ပရိုတင်းဓာတ် တစ်မျိုးပါပဲ။ collagenဟာ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပရိုတင်းဓာတ်အားလုံးရဲ့ သုံးပုံတစ်ပုံလောက်အထိကို ရှိနေပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖြစ်အောင် အများကြီးအထောက်အပံ့ပေးနေတဲ့ အရေးကြီး ပရိုတင်းလေးတစ်မျိုးဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ collagenအမျိုးအစားပေါင်း ၁၆ မျိုးလောက်ရှိပါတယ်။

Collagenက ခန္ဓာကိုယ်အတွက်ဘာတွေ လုပ်ဆောင်ပေးနိုင်လဲ။

အထူးသဖြင့် အသားအရေေကို နုပျိုတင်းရင်းစေပြီး ကြည်လင်စေတဲ့ အချက်ကြောင့် collagenဟာ အလှအပပိုင်းဆိုင်ရာအတွက်  နာမည်ကြီးတဲ့ ပရိုတင်းလေး ဖြစ်နေရတာပါ။ ဒါ့အပြင် collagen ဟာ ဆံသား၊ လက်သည်းခွံတွေကို ကောင်းမွန်စေတဲ့အပြင် ကိုယ်တွင်းကလီစာ အစိတ်အပိုင်းတွေ၊ ကြွက်သားတွေ ၊အရိုး အဆစ်တွေ နဲ့ အရွတ်တွေကိုပါ တစ်ခုနဲ့ တစ်ခု ကောင်းကောင်း အချိတ်အဆက်မိအောင် သန်မာ၊ ကြံ့ခိုင်အောင် လုပ်ဆောင်ပေးနိုင်တာကြောင့် Collagen ကို ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းမွန်တဲ့ ကော်လေးနဲ့တူတယ်လို့ တင်စားကြပါတယ်။

အသက်ကြီးလာခြင်းနဲ့ collagenဘယ်လို ဆက်စပ်မှုရှိလဲ။

Collagenဟာ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်းထုတ်ပေးနေတဲ့ ပရိုတင်းဖြစ်ပေမယ့် အသက်ကြီးလာတာနဲ့ အမျှ collagenထုတ်လုပ်နိုင်တဲ့ ပမာဏတွေ ကျဆင်းလာပါတယ်။ ဒါ့ကြောင့်လည်း အသက်ကြီးလာတဲ့ သူတွေမှာ အသားအရေတွေ လျော့တိလျော့ရွဲ ဖြစ်လာပြီး၊ အရေးအကြောင်းတွေပေါ်တာ၊ အရိုးအဆစ်တွေ မကောင်းတော့တာတွေ ဖြစ်လာရတာပါ။

အသက်ကြီးလာတာကြောင့် မဟုတ်ဘဲ collagenပမာဏကို ထိခိုက်လျော့ကျ စေနိုင်တဲ့ အဓိက အကြောင်းအချက်လေးတွေကို ဆက်ပြီး ဖော်ပြပေးသွားပါမယ်။ အဲဒီအချက်လေးတွေကို သိထားပြီး ဂရုစိုက်မယ်ဆိုရင် Hello ဆရာဝန်ပရိသတ်ကြီးအတွက် အင်မတန်အကျိုးရှိမှာပါ။

အသက်ကြီးတာကြောင့် မဟုတ်ဘဲ collagen ကို ကျစေနိုင်တဲ့ အချက်များ။

အဓိကအားဖြင့် အောက်ပါ အချက် ၃ ချက်ကြောင့် collagenကို ထိခိုက်လျော့နည်းစေနိုင်တာကြောင့် အဲဒီအချက်တွေကို ကာကွယ်ဖို့၊ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

၁။ နေရောင်ခြည်(UV light သို့ ခရမ်းလွန်ရောင်ခြည်) နဲ့ တိုက်ရိုက်ထိတွေ့မှုများခြင်းကြောင့်။

၂။ ဆေးလိပ်သောက်ခြင်းကြောင့်။

၃။ သကြား နဲ့ အချိုဓာတ်တွေ အလွန်အကျွံ စားသုံးမှုကြောင့်။

collagenကို ကောင်းကောင်းထုတ်လုပ်နိုင်အောင် ဘာတွေလုပ်ကြမလဲ။

တချို့တော့ collagenကြွယ်ဝဖို့အတွက် supplement သောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုထုံးတွေကို လုပ်ဆောင်ကြပါတယ်။ တချို့ကတော့ သောက်ဆေး၊ လိမ်းဆေးတွေကို သုံးရမှာကြောက်ကြတယ်၊ မလိုအပ်ဘူးထင်ကြတယ်ပေါ့။

Supplement တွေ ၊ လိမ်းဆေးတွေ အသုံးပြုချင်တဲ့ သူတွေဆိုရင်တော့ သေသေချာချာ စိတ်ချရတဲ့ FDA approval ရထားတဲ့၊ အသိအမှတ်ပြုထားတဲ့ ကိုယ့်အတွက် ဘေးအန္တရာယ်မဖြစ်စေမယ့် ပစ္စည်းတွေကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုသင့်ပါတယ်။ အလှအပပိုင်းဆိုင်ရာ ကုထုံးတွေဆိုရင်လည်း ဆရာဝန် (သို့) အမှန်တကယ် ကျွမ်းကျင်လက်မှတ်ရထားသူတွေနဲ့သာ လုပ်ဆောင်သင့်ပါတယ်။

အဲဒီလို နည်းလမ်းတွေ အသုံးမပြုချင်တဲ့ သူတွေလည်း နုပျိုလှပပြီး လိုအပ်တဲ့ collagenပမာဏရနိုင်ပါတယ်။ အထူးသဖြင့် collagen ကြွယ်ဝတဲ့၊ collagenထုတ်လုပ်မှုကို များအောင် ကူညီပေးနိုင်တဲ့ အစားအသောက်တွေကို နေ့စဉ်စားသုံးပေးနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ သံပရာသီး၊ ဘယ်ရီသီး စတဲ့ ချဉ်တဲ့အရသာရှိတာတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ zinc နဲ့ copper ပါဝင်တဲ့ အစေ့အဆံ၊ ပဲအမျိုးမျိုး၊ ငါးစတာတွေ၊ အချိန်ကြာကြာ ပြုတ်ထားတဲ့ အသား နဲ့ အရိုးပြုတ်ရည်၊ glycine ကြွယ်ဝတဲ့ ဝက်သားအရေပြား၊ ကြက်အရေခွံ စတာတွေကို ဂရုတစိုက်စားသုံးပေးသင့်ပါတယ်။

ဒီဆောင်းပါးလေးကိုဖတ်ပြီးတဲ့အခါ ဒီဆောင်းပါးလေးမှာမျှဝေပေးထားတဲ့ နုပျိုခြင်းရဲ့ သော့ချက်ဖြစ်တဲ့ collagenအကြောင်းနဲ့ ရှောင်ကြဉ်သင့်တဲ့ အချက်၊ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ပြီး နုပျိုကျန်းမာလှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ရေးသားသူ

Khine Phoo Ngon

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/ways-to-boost-collagen

https://www.healthline.com/nutrition/collagen

https://www.webmd.com/skin-problems-and-treatments/ss/slideshow-collagen-and-your-body

https://www.webmd.com/skin-problems-and-treatments/news/20191212/collagen-supplements-what-the-research-shows

ယခုပုံစံ

13/07/2020

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်လာဂျင် Collagen အကြောင်း သိကောင်းစရာ

သဘာဝရဲ့ Collagen



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement