မသိလိုက်ဘဲ လုပ်မိနေတဲ့ ဝက်ခြံဖြစ်စေနိုင်တဲ့ အလေ့အကျင့်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 24, 2020
Share now

ဝက်ခြံဖြစ်တာက ဟော်မုန်းပြောင်းလဲမှုကြောင့်ပဲလား… အခြားအကြောင်းအရင်းတွေရော ရှိသေးတယ်လို့ထင်လား……….. ဟုတ်ပါတယ်။ ဝက်ခြံဖြစ်ရတာက အစားအသောက်နဲ့ နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတွေကြောင့်လည်း ပါပါတယ်။ ဒါဆိုရင် ကိုယ်ဝက်ခြံပေါက်နေရတဲ့ အကြောင်းအရင်းလေးကို အတူတူရှာ ကြည့်​ကြစို့လား။

ဝက်ခြံပေါက်အောင် ကိုယ်လုပ်မိနေတဲ့ အပြုအမူက ဘာလဲ………..

ဝက်ခြံထွက်လာရတဲ့ အကြောင်းအရင်းက ဘာများလဲဆိုတာ တူတူဆန်းစစ်ကြည့်ရအောင်။

တစ်ခုခုစိတ်ဝင်စားရင်ဖြစ်ဖြစ်၊ တွေးနေရင်ဖြစ်ဖြစ် မျက်နှာကို ကိုင်တတ်ကုတ်တတ်သူလား။ ဒါဆိုရင်တော့ သင်ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းက မျက်နှာကို ကိုင်တာကြောင့်ပါ။ လက်ချောင်းမှာ ကပ်နေတဲ့ ဘက်တီးရီးယားလေးတွေက ချွေးပေါက်ထဲဝင်ရောက်ပြီး ဝက်ခြံတွေကိုဖြစ်စေတာပါ။ မျက်နှာကို လက်နဲ့ မထိမိစေဖို့ ကြိုးစားပါ။

ဝက်ခြံက ညှစ်လိုက်လို့မသက်သာသွားပါဘူး။ ပိုဆိုးသွားမှာပါ။ ဝက်ခြံညှစ်လိုက်တဲ့အခါ ဘက်တီးရီးယားတွေက အရေပြားအောက်ထဲကို အလွယ်တကူဝင်ရောက်သွားပြီး ဝက်ခြံကို ပိုရောင်ရမ်းစေနိုင်သလို အမာရွတ်တွေ ကျန်ခဲ့စေနိုင်ပါတယ်။ ဝက်ခြံမညှစ်ပါနဲ့။

  • မျက်နှာကို ပုံမှန် မသန့်စင်တာ

မျက်နှာကို ခဏခဏသန့်စရာမလိုပေမယ့် တစ်နေ့ကို မနက်တစ်ကြိမ် နဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်တော့ သန့်ရှင်းဖို့လိုပါမယ်။ ဒါမှ ဝက်ခြံကင်းပြီး အသားအရေကြည်လင်မှာပါ။ အိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်တာက မဖြစ်မနေလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှုတစ်ခုပါ။

ရေဓာတ်ပြည့်ဝတာက ခန္ဓာကိုယ် ကျန်းမာစေရုံတင်မဟုတ်ပါဘူး။ အသားအရေကိုလည်း ကြည်လင်စေပါတယ်။ ဝက်ခြံကင်းပြီး အသားအရေကျန်းမာစေဖို့ဆိုရင်ရေဓာတ်လုံလောက်ပြည့်ဝအောင် သောက်သုံးဖို့လိုမှာပါ။

စိတ်ဖိစီးမှုများတာကကလည်း အသားအရေကိုထိခိုက်စေနိုင်သလို ဝက်ခြံတွေဖြစ်ပေါ်စေဖို့လည်း အားပေးပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ဝက်ခြံတွေက ဖြစ်လာစမြဲပါ။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် တရားထိုင်ပြီး ဝက်ခြံ သက်သာအောင်လုပ်ပေးလို့ရပါတယ်။

အယ်လ်ကိုဟောကို အလွန်အကျွံသောက်သုံးတာ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်သုံးတာကြောင့်လည်း အသားအရေထိခိုက်ပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။  အယ်လ်ကိုဟော လျှော့ပါ။

တစ်နေ့တာစားသုံးမှုမှာ ကယ်လ်ဆီယမ်ပါဝင်ဖို့လိုတယ်ဆိုပေမယ့် နို့နဲ့နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားသုံးတာက ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံမဖြစ်စေဖို့ဆိုရင် အကောင်းဆုံးက အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ နွားနို့တွေကို စားသုံးတာပါ။

ဝက်ခြံ သက်သာစေဖို့က အသားအရေထိန်းသိမ်းရုံနဲ့ အဆင်မပြေပါဘူး။ အသားအရေထိန်းသိမ်းမှု၊ အစားအသောက်ဂရုစိုက်မှုအပြင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဖို့လည်း လိုပါမယ်။ ဒါကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။

အိပ်ရေးဝတာက အသားအရေကို ကြည်လင်စေပြီး စိတ်လန်းဆန်းစေသလို ရောဂါဘယတွေလည်း ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံသက်သာချင်တယ်ဆိုရင်ညတိုင်း အိပ်ရေးဝဝအိပ်ဖို့လိုပါမယ်။

ကဲ…ကိုယ်တိုင်လုပ်မိနေတာက ဘယ်အလေ့အကျင့်လေးတွေများလဲ… အခုပဲပြင်လို့ ဝက်ခြံတွေကို မောင်းထုတ်လိုက်စို့နော်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပါ

နေရောင်ခြည်၊ ကဖင်းဓာတ်၊ ကိုယ်လက်လှုပ်ရှားမှု၊ တရေးတမောအိပ်၊ အရက်သေစာ၊ ရေများများသောက်၊ Digital Device၊ Sleep Apnea၊ ဇီဝအင်ဂျင်နီယာ၊ ခါးနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အရိုးပွ ခြင်း (osteoporosis) ကို ကြိုတင်ကာကွယ်နိုင်လား။

အရိုးပွ အရိုးသိပ်သည်းဆ မိသားစုမျိုးရိုး အသက်ကြီး သွေးဆုံး estrogen ဟော်မုန်း ကျားဟော်မုန်း ကယ်လ်ဆီယမ် အရက် ဆေးလိပ် အထိုင်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ကြရအောင်

ရောဂါတွေ ကူးစက်နိုင်တဲ့ ရောဂါတွေ မေမေဖေဖေ ချွေးကနေတဆင့် နှာချေ၊ ချောင်းဆိုး တံထွေး၊ချွဲအစအန ချစ်ခင်ရသူတွေ ကာကွယ်ရမလဲ ရေနဲ့ဆပ်ပြာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ

အသက်အရွယ် အရိုး အရိုးနဲ့ကြွက်သား အာဟာရဓာတ် ကယ်လ်ဆီယမ် ပရိုတင်း အစားအစာတွေ ဒိန်ချဉ် နွားနို့ အရိုးနဲ့သွားတွေ အဆီထုတ်ထားတဲ့နို့ ဆယ်လ်မွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အာလူး နဲ့ ကျန်းမာရေး

အာလူး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများ

ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 24, 2020
အိပ်နေစဉ် သွားကြိတ် ခြင်း

အိပ်နေစဉ် သွားကြိတ် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 23, 2020
လက်သည်းအရှည်ထားတာ ကြိုက်သူတိုင်း ဖတ်ဖို့

လက်သည်းအရှည်ထားတာ ကြိုက်သူတိုင်း ဖတ်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 22, 2020