ဝမ်းချုပ်တာက အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုအဖြစ်များ ပါတယ်။ ဝမ်းချုပ်တာက အစားအသောက် ပျက်စေသလို အခြားသော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ ဘယ်လိုများ လုပ်ပေးရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေးကနေ ပြောပြပေးသွား ပါမယ်။
ဝမ်းချုပ်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ ဒီ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။
ဝမ်းချုပ်စေတဲ့ အစားအစာတွေကို ရှောင်ပါ
ဝမ်းချုပ်နေတဲ့အခါ ပိုဆိုး မသွားစေဖို့အတွက် ဒါတွေကို ရှောင်စေချင် ပါတယ်။
ဝမ်းမှန်စေမယ့် အစားအစာတွေ ပြင်ဆင်ပေးပါ
ဝမ်းမှန်စေမယ့် အစားအစာတွေဖြစ်တဲ့
လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသလို စိတ်ကိုလည်း ကျန်းမာစေ ပါတယ်။ နောက်ထပ် အကျိုးကျေးဇူး တစ်ခုကတော့ ဝမ်းမှန်စေတာပါ။ လေ့ကျင့်ခန်းလုပ်တာက အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို ဝမ်းမှန်စေပါတယ်။
လူကြီးတွေအနေနဲ့ အသက်အရွယ် ရလာတဲ့အခါ နေ့စဉ် ပုံမှန် အချိန်မှာ ရေအိမ်သုံးတာက ဝမ်းချုပ်မှုကို သက်သာစေမယ့် နည်းလမ်း တစ်ခုပါ။ နောက်တစ်ချက် သတိထားရမှာက ဝမ်းသွားချင်တဲ့အခါ အောင့်မထားဘဲ ချက်ချင်း ထသွားဖို့ပါ။
ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာတွေ ပြင်ဆင်ပေးပါ
အစားအစာတွေ ပြင်ဆင်ပေးတဲ့အခါ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာတွေ ပြင်ဆင်ပေးပါ။ အသား၊ ငါး စတာတွေကို သင့်တင့်ရုံပဲ ပြင်ဆင်ပေးပါ။ အသီးအရွက်တွေ၊ သစ်သီး စတာတွေကို ပုံမှန် ပြင်ဆင်ပေးပါ။
ရေက အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ လူကြီးတွေက အသက်ရလာတဲ့အခါ ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် အနီးနားမှာ ရေဗူးထားပြီး ရေသောက်ဖို့ သတိပေးပေးပါ။
ဒါတွေကို လုပ်ပေးပေမယ့် အဆင်မပြေဘူး၊ မသက်သာဘူးဆိုရင် ရောဂါအခံ တစ်ခုခုကြောင့်လား ဆိုတာကို သိနိုင်စေဖို့ နီးစပ်ရာ ဆေးခန်းကို သွားပြီး သေချာ ပြောပြ ဆွေးနွေးကြည့်ဖို့ ပြောပါရစေ။