backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

မုတ်ဆိတ်ရိတ်ရင်း ဓားထိသွားရင် ဒါမျိုးလေးတွေ လုပ်ပေးသင့်တယ်နော်

မုတ်ဆိတ်ရိတ်ရင်း ဓားထိသွားရင် ဒါမျိုးလေးတွေ လုပ်ပေးသင့်တယ်နော်

အလှပဆုံး မျက်နှာလေးတစ်ခုကို ပိုင်ဆိုင်ချင်ကြတာ လူတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ မိန်းကလေးဆိုရင် စင်ယော်တောင် မျက်ခုံးလေးနဲ့မှ လှပြီး ယောက်ျားလေးတွေကျတော့ မုတ်ဆိတ်လေးနဲ့မှ ကြည့်ကောင်းတာမျိုးပါ။ အဲဒီတော့ လှချင်လို့ မျက်ခုံးကို ပုံဖော်ကြ၊ မုတ်ဆိတ်ထူအောင် ရိတ်ကြ၊ တချို့ကျတော့လည်း နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးတွေ မကြိုက်လို့ အပြောင်ရိတ်ကြ ဆိုတော့ အခန့်မသင့်ရင် ထိမိ၊ ရှမိတတ်ပါတယ်။ ဒီတစ်ခေါက်တော့ မုတ်ဆိတ်ရိတ်ရင်း ထိခိုက်မိတာကို ဘယ်လို ဂရုစိုက်မလဲ ပြောပြပေးမယ်နော်။

မုတ်ဆိတ်ရိတ်ရင်း ဓားထိသွားရင်

ဒဏ်ရာလေးတွေက သေးရင် မစိုးရိမ်ရပေမယ့်လည်း သေချာဂရုစိုက်ပေးဖို့တော့လိုပါတယ်။ မျက်နှာဆိုတာ အရေးအကြီးဆုံးပဲမလား။ ဒဏ်ရာသေးပေမယ့်လည်း ဂရုမစိုက်ရင် ပိုဆိုးသွားမှာစိုးလို့ မျက်နှာပေါ် ဒဏ်ရာ တစ်ခုခုရခဲ့ရင် လုပ်သင့်တာလေးတွေ ပြောပြပေးမှာပါ။

အနာကို ရေဆေးပါ။ ။ ဒဏ်ရာရသွားတဲ့နေရာကို ချက်ချင်း ရေဆေးလိုက်ပါ။ စပ်ပေမယ့်လည်း ပိုးသေအောင်လို့ ဆပ်ပြာလေးပါသုံးပေးပါ။ ဒါမှ ဖုန်တွေ၊ မမြင်ရတဲ့ ပိုးတွေ တစ်ဝက်လောက် သန့်စင်ပေးပြီးသားဖြစ်မှာပါ။

သွေးတိတ်အောင် အရင်လုပ်ပါ။ ။ အသားပေါ် ဓားရှသွားပြီဆိုတာနဲ့ အရင်ဆုံးထွက်လာမှာက သွေးပါ။ မုတ်ဆိတ်ရိတ်ရင်း အခန့်မသင့်လို့ရှသွားပြီဆို ရေချိုးခန်းထဲရှိတဲ့ အိမ်သာသုံးစက္ကူနဲ့ အလျင်စလို မသုတ်လိုက်ပါနဲ့။ ပိုးမွှားတွေ ကပ်နေနိုင်လို့ပါ။ သန့်ရှင်းတဲ့ ဂွမ်းစနဲ့ ဒဏ်ရာရသွားတဲ့ နေရာကို သွေးတိတ်အောင်ဖိထားပါ။

ရေခဲတုံး ကပ်ပါ။ ရေခဲတုံးက အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။ ရေခဲတုံးကပ်လိုက်ရင် ထုံသွားတဲ့ အတွက် ဒဏ်ရာတောင် သိပ်မနာတော့ပါဘူး။

ပိုးသတ်ဆေးရည် တစ်ခုခုသုံးပါ။ ။ မျက်နှာက နုလို့ အခြား ကိုယ်ပေါ်ကဒဏ်ရာတွေလို အရက်ပြန်သုံးလို့မရပါဘူး။ ဒါကြောင့် ပိုးသတ်နိုင်တဲ့ သန့်စင်ဆေးရည် တစ်မျိုးမျိုး သုံးပေးပါ။

အနာကပ်ပလာစတာ ကပ်ပါ ။ ။ အနာကပ်ပလာစတာက အပြင်ကပိုးတွေ မဝင်နိုင်အောင် ကာပေးတဲ့ အပြင် မျက်နှာမှာ ဒဏ်ရာကြီးနဲ့ ကြည့်ရဆိုးတာကိုလည်း ကာကွယ်ပေးပါတယ်။

ဒါတွေကတော့ အခန့်မသင့်လို့ဖြစ်သွားခဲ့ပြီဆို အနာပိုဆိုးမသွားအောင် လုပ်သင့်တဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။ ခုထပ်ပြောချင်တာကတော့ အဲ့ဒီလိုမျိုး ဒဏ်ရာတွေ မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်သင့်လဲ၊ ဘယ်လိုပြင်ဆင်ပြီးမှ ကိုယ်ပေါ်က အမွေးအမျှင်တွေ ဖယ်ရှားသင့်သလဲဆိုတာပဲဖြစ်ပါတယ်။

  • မုတ်ဆိတ်မရိတ်ခင် မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုးလိမ်းပါ။ ဒါမှ မျက်နှာက ချောချောလေးဖြစ်နေပြီး မုတ်ဆိတ်ရိတ်ရတာ လွယ်ကူစေမှာပါ။ မုတ်ဆိတ်ရိတ် ခရင်သုံးရင် ပိုအဆင်ပြေပါတယ်။
  • မုတ်ဆိတ်ရိတ်ရမယ့် နေရာကို ရေအရင်စွတ်လိုက်ပါ။ မုတ်ဆိတ်ရိတ်ခရင်မ် မရှိခဲ့ရင် ဆပ်ပြာပျော့တစ်မျိုးမျိုးသုံးလို့ရပါတယ်။ ရေနဲ့ ဆပ်ပြာသုံးလိုက်မှ မုတ်ဆိတ်ရိတ်ဓားက အသားကို ဆွဲယူမသွားမှာ ဖြစ်ပါတယ်။
  • ကိုယ်သုံးနေကျ မုတ်ဆိတ်ရိတ်ဓားကို ပုံမှန်လဲပေးသင့်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားတစ်ခုကို ၅ ခါကနေ ၁၀ ခါအတွင်း သုံးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ခါနီး ဓားမှာ သံချေးတက်နေတာ၊ ဖုန်တက်နေတာ မျိုးတွေ ရှိမရှိ တစ်ချက်တော့ အရင်စစ်ကြည့်ဖို့ လိုတယ်နော်။ တစ်ခါသုံး မုတ်ဆိတ်ရိတ်တံကတော့ ပိုကောင်းတာပေါ့။

ခုပြောပြခဲ့တာတွေကတော့ လှချင်ကာမှ အလှပျက်သွားတာမျိုး မဖြစ်ရလေအောင် လုပ်သင့်တာလေးတွေ၊ ကြိုတင်ကာကွယ်သင့်တဲ့ နည်းလေးတွေဖြစ်ပါတယ်။ မျက်နှာဆိုတာ အလှအပ အတွက် အရေးကြီးဆုံးဖြစ်လို့ ဒဏ်ရာတစ်ခုခုရသွားခဲ့ရင် သေချာ ဂရုစိုက်သင့်တယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Bleeding Cuts or Woundshttps://www.webmd.com/first-aid/bleeding-cuts-wounds Accessed Date 12.10.2018

How to Treat Shaving Nicks and Cutshttps://www.artofmanliness.com/articles/beyond-toilet-paper-how-to-treat-shaving-nicks-and-cuts/Accessed Date 12.10.2018

ယခုပုံစံ

06/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement