Vape သောက်လို့ အန္တရာယ်ကင်းပြီလို့ သင်ထင်ပါသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

Vape ဆိုတာ ဆေးလိပ်အစားထိုးအနေနဲ့ အသုံးပြုတဲ့ E-Cigarette တစ်မျိုးဖြစ်ပြီး လူငယ်တွေကြားမှာ အလွန်ရေပန်းစားလျက်ရှိပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် ဆေးလိပ်စွဲနေတဲ့လူငယ်တွေအတွက် နီကိုတင်း (Nicotine) မပါဝင်တဲ့ Vape တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါဆိုရင် Vape သောက်လို့ တကယ်ပဲ ကျန်းမာရေးအတွက် စိတ်ချရပြီလား။ ဆေးလိပ်ဖြတ်တဲ့နေရာမှာရော အမှန်တကယ် အသုံးဝင်လားဆိုတာ ပြောပြပေးချင်ပါတယ်။

Vape ဆိုတာ ဘာလဲ။

အပူပေးပစ္စည်း၊ အားသွင်းလို့ရတဲ့ ဓါတ်ခဲနဲ့ Vape အမွှေးနံ့အရည်တွေကို သိမ်းဆည်းပေးတဲ့ အကန့်လေး ပါဝင်ပါတယ်။ လျှပ်စစ်ရှော့တိုက်ပြီး အသုံးပြုရတဲ့အတွက် E-Cigarette လို့လည်း ခေါ်ကြပါတယ်။ Vape သောက်တဲ့အခါမှာ အသုံးပြုရတဲ့ အရည်တွေမှာ အမွှေးနံ့အပြင် ကျန်းမာရေးကို ထိခိုက်စေပြီး လူကိုစွဲလမ်းစေတဲ့ ဓါတုဗေဒပစ္စည်းတွေနဲ့ နီကိုတင်းဓါတ်တွေ ပါဝင်ပါတယ်။ ဆေးလိပ်အစားထိုးဖို့အတွက် အသုံးပြုကြပေမယ့် အမှန်တကယ်မှာတော့ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။

Vape ကို ဘယ်သူတွေ အများဆုံး သုံးစွဲကြလဲ။

ဆေးလိပ်စွဲနေသူတွေ အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ Vape သုံးစွဲခြင်းဟာ အလွန်ရေပန်းစားလှပါတယ်။ လက်ရှိအချိန်မှာ သန်းပေါင်းများစွာသော လူတွေက Vape ကို အန္တရာယ်ကင်းတယ်လို့ လက်ခံယူဆပြီး သုံးစွဲနေကြပါတယ်။

Vape သောက်ပြီး ထွက်လာတဲ့ အငွေ့ထဲမှာ ဘာတွေပါလဲ။

Vape မှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ နီကိုတင်းဓါတ်တွေ လုံးဝမပါဝင်ဘူးလို့ ကြော်ငြာထားကြပေမယ့် တကယ်တမ်းမှာတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ယှဉ်လိုက်ရင်တော့ နည်းတဲ့ပမာဏဆိုပေမယ့် Vape ကနေ ထွက်လာတဲ့ အငွေ့တွေမှာ နီကိုတင်းဓါတ်တွေ အများအပြား ပါဝင်နေပါတယ်။ ဒါ့အပြင် အဆုတ်ကို ထိခိုက်စေတဲ့ ဓါတ်ပေါင်းပါဝင်တဲ့ အနံ့တွေ၊ ကင်ဆာရောဂါကို ဖြစ်စေတဲ့ ဓါတုဗေဒပစ္စည်းတွေအပြင် အငွေ့ပျံလွယ်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်နေပါတယ်။

Vape သောက်လို့ ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်လဲ။

နီကိုတင်းဓါတ်ဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ကို ထိခိုက်စေပြီး လူကို စွဲလမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးဖိအားတိုးစေတယ်။ အသက်ရှူလမ်းကြောင်းမှာ ပြဿနာတွေ ဖြစ်စေတယ်။ အဆုတ်ရောဂါ၊ နာတာရှည် လည်ချောင်နာခြင်းအပြင် အမျိုးအစား ၂ ဆီးချိုရောဂါသည်တွေမှာ တွေ့ရတတ်တဲ့ အင်ဆူလင်မတိုးခြင်း ပြဿနာတွေ ဖြစ်စေတယ်။ အစာအိမ်၊ အူလမ်းကြောင်း၊ နှလုံးရောဂါတွေ ဖြစ်စေပြီး နီကိုတင်းအဆိပ်သင့်တဲ့ အခြေအနေထိပါ ရောက်နိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းမှာ ရှိနေတဲ့ ရောဂါတွေကိုပါ ပိုပြီး ဆိုးရွားလာစေနိုင်ပါတယ်။

ဒါ့အပြင် Vape ကို အားပြန်သွင်းလို့ ရတဲ့ ဓါတ်ခဲ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါ မီးလောင်ပြီး ပေါက်ကွဲစေနိုင်တယ်။ ဆေးလိပ်နဲ့ ယှဉ်လိုက်ရင် ဘေးကင်းတယ်လို့ လူတွေက ယုံကြည်ကြတဲ့အတွက် မကြာခဏသောက်တဲ့အခါမှာ နီကိုတင်းဓါတ်တွေ ကိုယ်ခန္ဓါထဲ စုပုံလာပြီး အဆိပ်အတောက်ဖြစ်စေတယ်။ ကြာလာတဲ့အခါ ကင်ဆာရောဂါတွေပါဖြစ်လာနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကိုလည်း ပြောင်းလဲမှုတွေ ဖြစ်စေတယ်။ စိတ်ဓါတ်ကျတာ၊ ဒေါသဖြစ်လွယ်တာ၊ အာရုံမစူးစိုက်နိုင်တာ၊ မေ့လွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ပုံမှန်ဆေးလိပ်၊ အရက်သောက်သုံးသူတွေမှာလိုပဲ ခံတွင်းနံ့ နံတာ၊ သွားနဲ့ ခံတွင်းရောဂါ၊ သွားကြိတ်တာ၊ ကိုယ်ခံအားကျဆင်းတာတွေ ဖြစ်လာနိုင်ပါတယ်။

Vape နဲ့ ပတ်သက်ပြီး ဘာတွေ သတိထားဖို့ လိုမလဲ။

ဆေးလိပ်နဲ့ ယှဉ်လိုက်ရင် ဘေးထွက်ဆိုးကျိုး နည်းတယ်ဆိုပေမယ့်လည်း ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ “ကျားကြောက်လို့ ရှင်ကြီး ကိုး၊ ရှင်ကြီး ကျားထက် ဆိုး” ဆိုတဲ့ အဖြစ်မျိုး မရောက်ရလေအောင် ကိုယ့်ရဲ့ ကျန်းမာရေးကို အမြဲဂရုစိုက်နေဖို့နဲ့ စွဲလမ်းသွားသည်အထိ မသုံးစွဲမိဖို့ အရေးကြီးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

အစားအသောက်ကို ရွေးချယ်မှီဝဲပြီး နှလုံးရောဂါကို ကာကွယ်ကြပါတယ်။ လူတိုင်းက နှလုံးရောဂါဖြစ်မှာကို မလိုလားကြပါဘူး။ နှလုံးကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဆေးလိပ်ငွေ့တွေကနေ ကိုဗစ်ကူးနိုင်သလား။

ကိုဗစ် ကူးစက် အမှုန်အမွှား အသက်ရှူလမ်းကြောင်း ဆေးလိပ်ငွေ့ တဆင့်ခံဆေးလိပ်ငွေ့ ဆေးလိပ်ဖြတ် နှာခေါင်းစည်း vape ဆေးလိပ်သောက် လေထဲကကူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Black Panther ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာ ကို ဘယ်လိုကာကွယ်မလဲ

Black Panther၊ အူမကြီးကင်ဆာ၊ တင်ပါးဆုံ၊ Colon၊ Rectum၊ အစာဟောင်းအိမ်၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်ဗိုက်နာ၊ အလုံးအကျိတ်စမ်းမိတာ၊Sigmoidoscope၊ Colonoscope၊ ဓါတ်မှန်ရိုက်၊ Antioxidants၊ ဆေးလိပ်၊ ဗီတာမင် D ဆာလ်မွန်ငါး၊ ဆာဒင်းငါး၊ နို့၊ လိမ္မော်ရည်၊ ပုဇွန်ဆိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဆေးပေါ့လိပ် သောက်ခြင်းက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ

ဆေးလိပ် ဆေးပေါ့လိပ် ဆေးပြင်းလိပ် စီးကရက် ကျန်းမာရေး ဆေးရွက်ကြီး ဆေးလိပ်ငွေ့ ခန္ဓာကိုယ် သွေးကြောနံရံ ဓာတုပစ္စည်း လေဖြတ်တာ အဆုတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read