backup og meta

မျှဝေပါ။

ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား .........

နေ့တိုင်း ရေချိုးကြတာနဲ့ တစ်ကိုယ်လုံးက အစိတ်အပိုင်း အားလုံးကို သန့်ရှင်းပြီးသား ဖြစ်တယ်လို့ ထင်ပါသလား။ ဒါဆိုရင် မေးစရာ ရှိပါတယ်။ ဒါကတော့ ရေချိုးတိုင်း တစ်ကိုယ်လုံးက အစိတ်အပိုင်း အားလုံးကို သေချာလေး သန့်စင် ဖြစ်ရဲ့လား ဆိုတာပါ။

ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား .........

သန့်ရှင်းဖြစ်တယ်ဆိုရင်လည်း ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ……… ဆိုတာကိုတော့ ဖတ်ရင်း ဖြေကြည့်ပေးဦးနော်။

ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ………

နေ့တိုင်းရေချိုးတယ်။ အပတ်စဉ် ခေါင်းလျှော်ဖြစ်တယ်ဆိုရင်တောင်မှ ဒီအစိတ်အပိုင်းလေးတွေကို သေချာလေး သန့်ရှင်းရေး လုပ်ဖြစ်တယ်ဆိုသူက ခပ်ရှားရှားပါ။ ကိုယ်တိုင်ရော သေချာလေး သန့်စင် ဖြစ်ရဲ့လားဆိုတာကို အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်နော်။

ဦးရေပြား

ခေါင်းပုံမှန် လျှော်တိုင်း ဦးရေပြားကို သန့်စင်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ ခေါင်းလျှော်တဲ့အခါ ဆံသားက စေးကပ်ကပ်ဖြစ်နေတာတွေကို သက်သာသွားစေဖို့ပဲ အဓိက ထားတတ်ကြပါတယ်။

ဦးရေပြားကို လက်သည်းနဲ့ ကုတ်တာမျိုး ရှိပေမယ့် ဦးရေပြားက ဆဲလ်သေတွေကို စနစ်တကျ ဖယ်ရှား သန့်စင် မိသူတွေက ခပ်ရှားရှားပါ။

နားရွက် နောက်ဖက်

နားနောက်ဖက်

နားရွက်ထဲက နားဖာချေးတွေကို နားယားတာကြောင့် သန့်စင် မိပေမယ့် သနပ်ခါးပဲ လိမ်းလိမ်း၊ မိတ်ကပ်ပဲ လိမ်းလိမ်း ပါအောင် လိမ်းလေ့ရှိသလို ဆံပင်များ ရှည်နေရင် ချွေးတွေအိုက်သလို ချေးတွေပါ တက်နေတတ်တဲ့ နားရွက်နောက်ဖက်တွေကိုတော့ သေချာလေး မသန့်ရှင်းမိတတ်ကြပါဘူး။

နောက်ကျော

ရေချိုးတဲ့အခါ လက်လှမ်းမီပြီး အနံ့ဆိုး ထွက်တတ်တာကြောင့် ချိုင်းကြားကိုတော့ သန့်စင် မိပေမယ့် လက်မမီတာကြောင့်ရယ် မျက်စိရှေ့မှာ ရှိမနေတာကြောင့်ရယ်ဆိုပြီး နောက်ကျောပြင်ကိုတော့ သေချာ သန့်စင်မိသူ ရှားပါတယ်။

ဒီလိုနဲ့ ကျောပြင်မှာ အဆီတွေ စုပြီး အဆီဖုတွေဆားဝက်ခြံတွေ ဖြစ်လာပါတော့တယ်။

လက်သည်းအောက်

အစား မစားခင်၊ အိမ်သာက ဆင်းလာတိုင်း၊ နှာချေပြီးတိုင်း၊ ညစ်ပေတာတွေကို ကိုယ်တွယ်ပြီးတိုင်း လက်တွေကို ဆေးကြောပေမယ့် လက်သည်းအောက်ဖက်တွေကိုတော့ မဆေးမိတာ များပါတယ်။

တကယ်ကတော့ လက်သည်း အောက်ဖက်မှာ ဘက်တီးရီးယားတွေက မင်းမူနေကြတာပါ။ ဒါကြောင့် လက်ကတဆင့် ရောဂါပိုးတွေ ဗိုက်ထဲ ရောက်မသွားစေဖို့ လက်ဆေးတဲ့အခါတိုင်း လက်သည်းအောက်ဖက်တွေကိုပါ သေချာလေး ဆေးကြောပေးပါ။

လျှာ 

သွား ပုံမှန် တိုက်ကြပေမယ့် လျှာကို တိုက်ဖြစ်သူက ခပ်ရှားရှားပါ။ တကယ်ကတော့ လျှာက ရေမြှုပ်လိုပါပဲ။ ပါးစပ်ထဲကို ထည့်ပြီး စားသမျှ အားလုံးကို လျှာက စုပ်ယူပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါ သွားပွတ်တံနဲ့ လျှာကိုပါ သေချာလေး တိုက်ဖို့ လိုပါမယ်။

သွားလေးတွေ ဖြူဖွေးသလို လျှာလေးကလည်း ပန်းရောင်သန်းနေဖို့ လိုပါမယ်။

တံတောင်ဆစ်

တံတောင်ဆစ်ကို ရေချိုးတဲ့အခါ ချေးတွန်း မိသူက ခပ်ရှားရှားပါ။ တကယ်တော့ တစ်နေ့တာမှာ လက်ထောက်မိချိန်တိုင်း တံတောင်ဆစ်ကို ရောဂါပိုးတွေ၊ ဖုန်မှုန့်တွေ ကပ်တွယ်နေနိုင်ပါတယ်။ ဒါကြောင့်ပဲ တံတောင်ဆစ်မှာ အသားမာတက်တာ ချေးကွက်တွေ ဖြစ်တာမျိုး ဖြစ်တာပေါ့။

ခြေချောင်းကြား

ခြေထောက်တွေကို သေချာလေး သန့်ရှင်းနေအောင် တိုက်တတ်ကြပေမယ့် ခြေချောင်းကြားတွေထဲကို သေချာလေး သန့်စင်မိသူက ခပ်ရှားရှားပါ။ ခြေချောင်းတွေကြားထဲမှာလည်း ပိုးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါ ခြေချောင်းလေးတွေ ကြားကိုလည်း သေချာလေး သန့်စင် ပေးပါ။

ဂုတ်

လည်ပင်းမှာ ချေးအရစ်တွေ ဖြစ်မှာစိုးလို့ လည်ပင်းကို သေချာ သန့်ရှင်း မိပေမယ့် လည်ပင်းရဲ့ နောက်ဖက်ပိုင်း ဂုတ်နေရာကိုတော့ သေချာလေး ချေးချွတ် သန့်စင်မိသူက ခပ်ရှားရှားပါ။

တကယ်ကတော့ ဂုတ်ကိုလည်း ရေနွေးနွေး ဆပ်ပြာအပျော့စားတွေနဲ့ ရေမြှုပ်ကို သုံးပြီးသေချာလေး သန့်စင် ဖို့လိုပါမယ်။

ကဲ …… ဘယ်လိုလဲ။ ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ……… မလုပ်မိဘူးဆိုရင်တော့ ဒီနေ့စပြီး သေချာလေး သန့်စင် ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Body Parts You’re Not Washing Enough https://www.thehealthy.com/beauty/face-body-care/body-parts-youre-not-washing-enough/ Accessed Date 10 November 2021

10 Areas Of Your Body You’re Probably Not Washing Enough https://www.bustle.com/p/10-parts-of-your-body-youre-not-washing-enough-7618667 Accessed Date 10 November 2021

ယခုပုံစံ

18/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement