backup og meta

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား........

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား........

ဆောင်းအေးလာရင် တွေဝေမိတာ တစ်ခု ရှိတယ်ဟုတ်။ လူတိုင်းတော့ မဟုတ်ပေမယ့် အချို့ အအေးဒဏ်ကို ကြောက်တဲ့သူတွေကတော့ တွေဝေမယ် ထင်ပါတယ်နော်။ ဆောင်းအေးတဲ့အခါ စိတ်ထဲမှာ အထပ်ထပ်အခါခါ ဆုံးဖြတ်ရခက်နေတာက ရာသီဥတုကလည်း အေးလိုက်တာ၊ ရေချိုးရ ကောင်းမလား။ မချိုးရကောင်းမလား ဆိုတဲ့ ကိစ္စပါ။ ဒါဆိုရင်​တော့ စဉ်းစားရ မကြပ်အောင် Helloဆရာဝန်ပရိသတ်ကြီးကို အဖြေထုတ်ပေးမယ်နော်။ ဆောင်းအေးတယ်။ ရေချိုးရမလား…မချိုးရဘူးလား…….. ဆိုတော့

ဆောင်းအေးတယ်။ ရေချိုးရမလား…မချိုးရဘူးလား…….. ဆိုတော့

ဆောင်းအေးတယ်။ ရေချိုးရမလား…မချိုးရဘူးလား…….. ဒီအဖြေကို ရေချိုးရ မကြိုက်တဲ့ သူတွေကတော့ သဘောမတွေ့လောက်ပေမယ့် အဖြေကတော့ ဆောင်းအေးနေရင်တောင် ရေချိုးလိုက်ပါလို့ပဲ ပြောပါရစေနော်။ အကြာကြီးတော့ စိမ်မချိုးနဲ့ပေါ့။ ရေချိုးပါလို့ ပြောရတာက ဘာကြောင့်များလဲလို့ မေးခွန်းထုတ်ချင်နေသူလေးတွေ ဒီဆောင်းပါးမှာ ဆက်ပြောပြပေးထားတယ်နော်။

ဆောင်းအေးပေမယ့် ရေချိုးပါလို့ပြောရတဲ့အကြောင်းအရင်း

ဆောင်းအေးနေပေမယ့် ရေချိုးပါလို့ပြောရတာက ဒီအကြောင်းတွေကြောင့်ပါ။

ဆောင်းတွင်းမှာ အေးလို့ဆိုပြီး အိပ်ရာထဲ ကွေးနေမယ့်အစား အိပ်ရာထဲက ထပြီး သွေးပူလေ့ကျင့်ခန်းလေးလုပ်၊ ပြီးရင် ရေလေးချိုးလိုက်တာက တက်ကြွလန်းဆန်းမှုတွေကို ရရှိစေနိုင်မှာပါ။ ဒီလိုအချိန်မှာ ရေချိုးလိုက်တာက ကိုယ်တွင်းမှာ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပါတယ်။ ရေအေးကြောက်ရင် ရေနွေးနဲ့ရောပြီး ချိုးပေးလို့ ရပါတယ်။

ဆောင်းရာသီမှာ လူတော်တော်များများ ရွေးချယ်မှာက ရေမချိုးဖို့ပေါ့နော်။ ဒါပေမယ့် ရေချိုးလိုက်တာက အသားအရေကို ကျန်းမာအောင် ထိန်းသိမ်းရာရောက်ပါတယ်။ ဆောင်းရာသီမှာ အသားအရေပြဿနာ ကင်းချင်တယ်ဆိုရင် ရေချိုးဖို့ မပျင်းပါနဲ့။ ရေက အရမ်းမပူဖို့ကိုလည်း သတိထားပေးပါ။ အရေပြားပေါ်မှာ ဆဲလ်သေတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ ကင်းစင်မှုက အရေပြား ကျန်းမာရေးကို အများကြီး ထောက်ပံ့ပေးနိုင်မှာပါ။

ဆောင်းအေးနေချိန် ရေချိုးခန်းထဲဝင်ပြီး ရေအေးအေးတစ်ခွက်လောက် လောင်းချလိုက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေတာတော့ အမှန်ပဲနော်။ ခနဓာကိုယ်မှာ စိမ့်စိမ့်လေး အေးသွားတဲ့အခါ ကိုယ်တွင်းက ယူရစ်အက်ဆစ်တွေ ကျဆင်းသွားနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ စိတ်ညစ်တာတွေ လစ်သွားစေချင်ရင် ဆောင်းအေးအေးမှာ ရေချိုးပြီး ပြီးရင် နွေးနွေးထွေးထွေးလေး နေပေးပါ။

ရေအေးနဲ့ ရေချိုးပေးတာက ကိုယ်တွင်းက သွေးဖြူဥဆဲလ် အရေအတွက်ကို တိုးစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာနေချင်တယ်၊ ကိုယ်ခံအား ကောင်းချင်တယ်ဆိုရင် ဆောင်းအေးအေးမှာ ရေချိုးဖို့ မပျင်းပါနဲ့။

ဦးနှောက်ထဲမှာ Endorphins ထုတ်လွှတ်မှု များတဲ့အခါ စိတ်ခံစားမှုက ကောင်းသလို စိတ်ဓာတ်ကျမှု ကင်းဝေးတာကို တွေ့ရမှာပါ။ ဆောင်းရာသီက စိတ်ဓာတ်ကျမှုကို ပိုဖြစ်စေနိုင်ပေမယ့် ဒါကို ကာကွယ်ချင်ရင်တော့ ဆောင်းအေးအေးမှာ ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပြီး ရေချိုးလိုက်ပါ။ ဒါက နာကျင်မှုတွေကိုပါ သက်သာစေနိုင်တဲ့ နည်းလမ်းကောင်း တစ်ရပ်ပါ။

ဆောင်းမှာ ရေချိုးတာက သွေးကြောတွေကို ပွင့်စေပြီး ခန္ဓာကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပါတယ်။ အအေးဒဏ်ကိုတုံ့ပြန်ဖို့ ခန္ဓာကိုယ်နွေးထွေးစေဖို့ တုံ့ပြန်မှုက သွေးစီးဆင်းမှုကို ကောင်းစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေမှာ အသေအချာပါ။

ရေချိုးတာက စိတ်လက်ပေါ့ပါးလန်းဆန်းမှုတွေကို ပေးစွမ်းနိုင်သလို တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရာ ကျတာ​ကြောင့် အသက် အရမ်းကြီးမနေဘူး။ ပြင်းထန်တဲ့ ရောဂါအခြေအနေ တစ်ရပ်ကို ခံစားမနေရဘူး ဆိုရင် တစ်နေ့တစ်ကြိမ်တော့ ရေချိုးပါလို့၊ တိုက်တွန်းပါရစေနော် Helloဆရာဝန် ပရိသတ်ကြီးရေ……..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Often Should You Shower? https://www.verywellhealth.com/how-often-should-you-shower-4154629 Accessed Date 10 December 2019

BENEFITS OF A COLD SHOWER IN WINTER https://www.yebocasino.co.za/blog/cold-shower-in-winter/ Accessed Date 10 December 2019

What’s the best shower frequency? https://www.medicalnewstoday.com/articles/324682.php Accessed Date 10 December 2019

ယခုပုံစံ

18/11/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆောင်းရာသီ မှာ ရေပူရေနွေးလေးနဲ့ ရေချိုးကြမယ်

မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/11/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ