အစားအသောက် ကို ယင် မနားအောင် ဂရုစိုက်ပါ ဆိုတဲ့ စကား က အလကားတော့ မဟုတ်ပါဘူး။ ယင်ကောင် နားတဲ့ အစားအသောက် ဟာ ဘယ်လောက် ဆိုးရွားသလဲ ဆိုတာ ဒါ ဖတ်ပြီးရင် သိသွားပါလိမ့်မယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အစားအသောက် ကို ယင် မနားအောင် ဂရုစိုက်ပါ ဆိုတဲ့ စကား က အလကားတော့ မဟုတ်ပါဘူး။ ယင်ကောင် နားတဲ့ အစားအသောက် ဟာ ဘယ်လောက် ဆိုးရွားသလဲ ဆိုတာ ဒါ ဖတ်ပြီးရင် သိသွားပါလိမ့်မယ်။
ယင်ကောင် နားတာ စားမိရင် ဝမ်းပျက် တတ်တယ်တဲ့။ ဒီလောက် ကိုပဲ လူသိများကြတာ ဖြစ်ပေမယ့် ယင်ကောင်က ချန်ရစ်ခဲ့တဲ့ အန္တရာယ်တွေက ထင်တာထက် ပိုဆိုးနေတာ သေချာပါတယ်။
ဘာလုပ်မယ် ထင်ပါသလဲ။ အစားအသောက် ကို လာစားနေရုံ လောက်ပဲ လို့ ထင်နေတာလား။ မဟုတ်ပါဘူး။ သူတို့က –
ယင်ကောင် တွေဟာ အစားအသောက်တွေပေါ် နားတဲ့အခါ သူတို့ရဲ့ နှုတ်သီးက တစ်ဆင့် အရည်တွေစုပ်ယူပြီး စားသုံးလေ့ ရှိတယ်။ ဒီလိုစုပ်ယူဖို့ အတွက် အရင်ဆုံး အစားအသောက်ပေါ်ကို အန်ချလိုက်တယ်၊ အန်ချလိုက်တဲ့ တံထွေးတွေနဲ့ အစားအသောက်မှာ အရည်ဖြစ်စေပြီးမှ ပြန်စုပ်ယူတာပါ။
ကိုယ့်ရဲ့ အစားအသောက် မှာ ယင်ကောင်တွေရဲ့ တံထွေးတွေ ပျံ့နှံ့နေမှာ ဘယ်လောက် ရွံဖို့ ကောင်းလိုက်မလဲ။ နောက်တစ်ချက်က ဒီ့မတိုင်ခင် သူတို့နားခဲ့၊ စားခဲ့တဲ့ အရာက အပုပ်အပွ၊ အသိုးတွေ မသန့်ရှင်းတဲ့ အစားအသောက်တွေ ဒါမှမဟုတ် အညစ်အကြေးတွေ ဖြစ်နေခဲ့ရင် အန်တဲ့ထဲမှာ ပါလာနိုင်ပါသေးတယ်။ ရောဂါပိုးတွေ ဘယ်လောက် ပါလာမလဲ ဆိုတာ တွေးသာကြည့်ပါတော့။
အရသာရှိလှတဲ့ ကိုယ့်ရဲ့ အစားအစာ လေးက ယင်ကောင်တွေရဲ့ သားဖွားခန်း သဖွယ် ဖြစ်သွားနိုင်ပါတယ်။ အစားအသောက်မှာ နားရင်း၊ စားရင်း တစ်ခါတည်း ဥပါ ဥချသွားလေ့ ရှိပါတယ်။
ယင်ကောင်ဥတွေ စားမိတဲ့အခါ အစာအဆိပ်သင့်တာ၊ အစာအိမ်ကင်ဆာဖြစ်စေတဲ့ ပိုးတွေ ပါလာတာတွေ ဖြစ်စေနိုင်ပါတယ်။
တခြားကနေ ရလာတဲ့ အမျိုးစုံတဲ့ ဘက်တီးရီးယား များစွာကို သူတို့ရဲ့ ခြေထောက်တွေနဲ့ တောင်ပံတွေမှာ သယ်ဆောင်လာကြပါတယ်။ အစားအသောက် မှာ နားလိုက်တဲ့ အခါ တစ်နေရာတည်း မဟုတ်ဘဲ ဟိုကနေ ဒီကို ရွှေ့လိုက်၊ နားလိုက်၊ စားလိုက် လုပ်ကြတာပေါ့။ အဲဒီမှာပဲ ပိုးမျိုးရှစ်ဆယ် ချန်ရစ်ခဲ့ပါရောလား။
သူတို့ရဲ့ ကိုယ်ထဲက ရောဂါပိုးမွှားတွေ (အပေါ်မှာ ပြောခဲ့သလို တံထွေးထဲမှာ ပါလာတဲ့ပိုးတွေလို) ထက် သူတို့ရဲ့ ခန္ဓာကိုယ်ပြင်ပ (ခြေထောက်၊ တောင်ပံ) မှာ ကပ်ပါလာတဲ့ ပိုးတွေက အဆပေါင်းများစွာ ပိုများပါတယ်တဲ့။
ယင်ကောင် တွေက တစ်ဆင့် လူတွေဆီကို ကူးစက်ပြန့်ပွားစေတဲ့ ရောဂါတွေက အနည်းဆုံး ၆၅ မျိုး ကျော်ပါတယ်။ အဖြစ်များတာတွေက တိုက်ဖွိုက်ရောဂါ၊ ဝမ်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ကာလဝမ်းရောဂါ အပြင် အနာကြီးရောဂါ ပါ ဖြစ်စေနိုင်ပါတယ်။
ယင်ကောင်က ပေးတဲ့ ဒီလိုကြောက်စရာ ဒုက္ခတွေကို လက်မခံချင်ဘူး ဆိုရင် ကြိုတင်ကာကွယ်လို့ရပါတယ် –
ဒါ့ကြောင့် ဂရုစိုက်ပါ။ ကျန်းမာရေး အတွက် ကြောက်စရာကောင်းတဲ့ ယင်ကောင်ရဲ့လက်ဆောင်တွေကို လက်မခံလိုက်ပါနဲ့လို့ သတိပေးလိုက်ပါရစေ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။