မသိနားမလည်သေးဘဲ ပျော်ရွှင်ဖို့၊ ပြေးလွှားဆော့ကစားဖို့လောက်သာ သိတဲ့ ကလေးဘဝကို အမြဲပြန်လည်တောင့်တလေ့ရှိကြပါတယ်။ ရင့်ကျက်လာချိန်မှာ စိတ်ပင်ပန်းလာတဲ့အခါတိုင်း အပူအပင်ကင်းတဲ့ ကလေးဘဝပြန်ရောက်ချင်တယ်ပဲ တဖွဖွညည်းကြတယ်။ ကလေးဆိုတာ အပူအပင်တော့ ကင်းရင်ကင်းနိုင်ပေမယ့် ထိခိုက်ဒဏ်ရာတွေ၊ အနာတွေနဲ့တော့ မကင်းနိုင်တာသေချာပါတယ်။ အနည်းဆုံးတော့ ချော်မလဲဖူးတဲ့ကလေးမရှိသလောက်ပဲလေ။ အဲ့လို ထိခိုက်မိတဲ့အခါမျိုးမှာ အနာပဲ နောက်တော့ကျက်သွားမှာပေါ့ ဆိုပြီး ပေါ့ပေါ့ဆဆမထားသင့်ပါဘူး။ နာကျင်ရသက်သာအောင် ကလေးကို ဘယ်လိုဂရုစိုက်ပေးဖို့လိုမလဲဆိုတာ မိဘတွေ သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်သားသမီးလေးတွေမှာ အပူအပင်ရော နာကျင်မှုရော ကင်းတဲ့ပျော်ရွှင်တဲ့ကလေးဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ကလေးမှာ တစ်ခုခုထိခိုက်လာပြီဆိုရင် အရင်ဆုံး – ဒဏ်ရာကသေးလား၊ ကြီးလား၊ နက်လား၊ ရှတဲ့ဒဏ်ရာလား၊အကိုက်ခံရတာလား၊ အချွန်နဲ့စူးထားတာလား၊ ပွန်းပဲ့ရုံပဲလား အရင်စစ်ဆေးပါ။ အနာသေးသေးဆို အိမ်မှာပဲ ကိုယ်တိုင်ပြုစုကုသပေးလို့ရပေမယ့် ဒဏ်ရာကြီးရင်၊ နက်ရင်၊ ဒဏ်ရာက မျက်နှာမှာဖြစ်ရင်(မျက်လုံးနား) ဆရာဝန်နဲ့အမြန်ဆုံးပြပါ။
ညစ်ပေတဲ့အရာဝတ္ထုတွေကြောင့် စူးမိတာ၊ပြတ်ရှတာတွေအတွက်ဆို ဆရာဝန်က မေးခိုင်ကာကွယ်ဆေးထိုးခိုင်းနိုင်ပါတယ်။နောက်ပိုင်းမှာ အနာတဝိုက် နီမြန်းနေတာ၊ ပြည်တည်နေတာ၊ ရောင်ရမ်းနေတာလိုမျိုး လက္ခဏာတစ်ခုခုတွေ့ရရင် ဒါမှမဟုတ် အနာကိုထိလိုက်တဲ့အခါ ပူနေရင် အနာက ပိုးဝင်နေတာဖြစ်နိုင်လို့ အမြန်ကုသမှုခံယူသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။