backup og meta

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ …. ဟယ်… ပုရွက်ဆိတ်ကိုက်တာပဲ၊ ဘာမှ ဖြစ်တာမှ မဟုတ်တာလို့ အပြော မစောပါနဲ့ဦး။ တချို့လူတွေ ဆိုရင် ပုရွက်ဆိတ်အနီ ကိုက်တာ တစ်ချက် ခံလိုက်ရရင် ဖုကြီး အကြီးကြီး ထလာပြီး နာလည်းနာ၊ ယားလည်းယား အရေပြားပေါ် အကွက်လိုက်ကြီး နီနေတာမျိုး ဖြစ်ပါတယ် (ကျွန်တော် အပါအဝင်ပေါ့)။ ဒီတော့ ကျွန်တော့်လိုမျိုး ပုရွက်ဆိတ်ကိုက်ရင် ဖုထတတ်တဲ့သူတွေ၊ ခံရခက်တဲ့သူတွေ အတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ ဆိုတော့ နည်းလမ်းတွေ မပြောခင် အရင်ဆုံး သိစေချင်တာက ဘာမှ မဖြစ်တဲ့သူတွေကို ကြည့်ပြီး ဟင်.. ငါတစ်ယောက်တည်း အထိမခံ ဖြစ်နေတာလားလို့ မတွေးပါနဲ့။ သဘာဝ တရားကြီးက သတ္တဝါတိုင်းကို သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ ဖန်တီးပေးထားတာပါ။ ပုရွက်ဆိတ်တွေလည်း ဒီလိုပါပဲ။ သူတို့ အန္တရာယ် သူတို့ကာကွယ်ဖို့ အဆူးနဲ့ ထိုးတယ် (အရပ်ခေါ်တော့ ကိုက်တယ်ပေါ့)။ ဒီလို ထိုးလိုက်(ကိုက်လိုက်)တဲ့အခါ အကိုက်ခံရတဲ့ သူရဲ့ အရေပြားနဲ့ မတည့်ရင် အခုလိုမျိုး ဖုထတာ၊ အနီစက်ဖြစ်တာ၊ ရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။ တချို့သော ပုရွက်နီ (Fire Ants) တွေမှာတော့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ အဆိပ်တွေ ပါတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ဒီလို အကိုက်ခံရတယ်ဆိုရင်တော့

အကိုက်ခံရတဲ့နေရာမှာ ရေခဲအုံပါ။ ရေခဲ အခဲလိုက်ကြီး သွားမကပ်ပါနဲ့။ ရေခဲကို ပုဝါ တစ်ခုထဲ ထည့်ပြီး ရေခဲအိတ် သဘောမျိုး ကပ်ပေးပါ။

ယားတာ တော်တော်များများက အပူနဲ့ တွေ့ရင် သက်သာပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ် ကိုက်တဲ့အခါ အပူ သွားမပေးပါနဲ့။ ကြပ်ထုပ် မထိုးပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်။

စတီးရွိုက် လိမ်းဆေးတွေနဲ့ Antihistamines (ဟစ်စတမင်းဆန့်ကျင်ဆေး) တွေ ကလည်း ယားယံနာကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက် ပါမှ သောက်တာ၊ လိမ်းတာမျိုး လုပ်သင့်တာပါ။

ဘယ်လိုအချိန်မှာ ဆေးခန်းသွားပြသင့်လဲ။

ပုရွက်ဆိတ် ကိုက်တာပဲ ဆိုပြီး မပေါ့သင့်ပါဘူးနော်။ ဒီလို အကိုက်ခံရပြီး

  • အသက်ရှူ ကျပ်လာတဲ့အခါ
  • လည်ချောင်းထဲ တံတွေးတောင် မျိုချရ ခက်ခဲတဲ့အခါ
  • မူးဝေလာတဲ့အခါ
  • မဆိုင်တဲ့ လက်နဲ့ ခြေထောက်တွေ ရောင်ရမ်းလာတဲ့အခါ
  • သွေးပေါင် ကျတဲ့အခါ
  • လျှာတွေ ထုံပြီး ရောင်လာတဲ့အခါ
  • ရင်ဘတ်ထဲ တင်းကျပ်လာတဲ့အခါ
  • အော့အန်ချင်တဲ့အခါ ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ပါ။

Wathun Myat Chel

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/fire-ant-bites#complications,

https://www.everydayhealth.com/bug-bites/ant-bites/,

https://www.medicalnewstoday.com/articles/312484#symptoms_of_fire_ant_stings,

https://www.webmd.com/allergies/fire-ant-stings

ယခုပုံစံ

17/11/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

အရေပြားတွင် အလွယ်တကူ အညိုအမည်း စွဲရသည့် အကြောင်းရင်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ