backup og meta

အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

အပူငုတ်ခြင်း

ဖြစ်နိုင်သောအခြေအနေများ

  • နေပူထဲပြင်းထန်စွာ အလုပ်လုပ်ခြင်း။
  • ရေလုံလောက်စွာ မသောက်ဘဲ အလုပ်များများလုပ်ခြင်း။
  • ပူပြင်းသောပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ခြင်း။

လက္ခဏာ

  • အလွန်အမင်းချွေးထွက်ခြင်း
  • အသားအရေဖြူဖပ်ဖြူရော်ဖြစ်ခြင်း
  • ရေငတ်ခြင်း၊ မောပန်းလွယ်ခြင်း
  • အသားအရေ စိုစွတ်အေးစက်ခြင်း
  • ပျို့အန်ခြင်း
  • ခေါင်းကိုက်ခြင်း၊ တခါတရံဝမ်းလျှောခြင်း
  • သွေးခုန်နှုန်းမြန်၍ အားနည်းခြင်း
  • သာမန်အပူချိန်ရှိခြင်း (သို့) သာမန်အပူချိန်ထက် အနည်းငယ်မျှသာတတ်နိုင်ခြင်း
  • ခန္ဓာကိုယ်မှ ရေနှင့်ဆားဓာတ်များ ဆုံးရှုံးခြင်း။

ပြုစုခြင်း

  • ရေပတ်တိုက်ခြင်းဖြင့် အပူချိန်ကိုချပါ။
  • ရေအေးများများတိုက်ပါ။ (ဓာတ်ဆားဖျော်ရည်၊ အားဖြည့်အချိုရည်တိုက်ပါ။)
  • လူနာကို လေကောင်းလေသန့်ရသော အရိပ်ထဲတွင်ထားပါ။
  • လိုအပ်ပါက လူနာကို ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။

အပူရှပ်ခြင်း

လက္ခဏာ

  • အသားအရေနီမြန်းပြီး အလွန်အမင်းပူကာ ခြောက်သွေ့ခြင်း။
  • ချွေးမထွက်ခြင်း။
  • အဖျားကြီးခြင်း။ (ကိုယ်အပူချိန်အမြင့်ဆုံး ရောက်နိုင်သည်)
  • တခါတရံ သတိလစ်ခြင်း။

ပြုစုခြင်း

  • လေကောင်းလေသန့်ရသော အခန်းတွင်း (သို့မဟုတ်) အရိပ်ရသောနေရာတွင် သက်တောင့် သက်သာ လဲလျောင်းထားပြီး ခြေထောက်ပိုင်းမြှင့်ပါ။
  • ရေအေး၊ ဓာတ်ဆားရည်တိုက်ပါ၊ ဆားခဲမပေးရပါ။
  • ထူထဲသောအဝတ်များကို ဖယ်ရှားပေးပါ။
  • ရေအေးပတ်တိုက်ပြုစုပြီး၊ ပန်ကာလေ (သို့) ယပ်ခပ်ပေးပါ။
  • မိနစ် ၃၀ အတွင်း လူနာအခြေအနေ တိုးတက်မှုမရှိပါက ရေဆွတ်ထားသော မျက်နှာသုတ်ပုဝါနှင့် ဖုံးအုပ်၍ ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။

ကာကွယ်ရန်                                              

  • နေပူထဲထွက်လျှင် ထီး၊ ဦးထုပ်ဆောင်းပါ။
  • ချွေးအလွန်အမင်းထွက်ပါက ဓာတ်ဆားရည်သောက်ပါ။
  • နေပူထဲတွင် ပြင်းထန်စွာ အလုပ်လုပ်ခြင်းမှ ရှောင်ပါ။
  • အိုက်သောရာသီတွင် အရိပ်ရ၍ လေကောင်းလေသန့်ရသောနေရာတွင် နေပါ။
  • ရေအေးနှင့် ရေချိုးပါ။ ပါးလွှာချောင်ချိသော အဝတ်အစားဝတ်ဆင်ပါ။
  • နေပူထဲတွင် ပြင်းထန်စွာ အားကစားမလုပ်ရ။
  • ပူအိုက်သောရာသီတွင် အရက်၊ ဘီယာ၊ ဝိုင်မသောက်ရ။
  • ဆားခဲများမပေးရ။

အဖျားတက်ခြင်း

ဖြစ်စေတတ်သောအကြောင်းအရင်းများ

  • ငှက်ဖျား၊ တိုက်ဖွိုက်နှင့် အခြားအပူကြီးရောဂါများကြောင့်ဖြစ်နိုင်သည်။

ပြုစုနည်း

  • လေကောင်းလေသန့်ရအောင် အခန်းတံခါးများ ဖွင့်ထားပါ။
  • ထူထဲသောစောင်များ ခြုံထားခြင်း၊ ထူထဲသောအဝတ်များဝတ်ခြင်းမှရှောင်ပါ။
  • အဖျားအပူရှိန်တက်ခြင်းကြောင့် ဖြစ်စေသောအကြောင်းရင်းကို စီစစ်ပါ။
  • ရေ (သို့) ရေခဲရေကို နဖူးပေါ်ကပ်ပေးပါ။ အပူပြင်းပါက တကိုယ်လုံးကို တိုက်ပေးပါ။
  • အပူကြီးသောသူသည် ရေငတ်၍ အာခြောက်သဖြင့် ရေများများတိုက်ပါ။ နို့စို့ကလေး ဖြစ်ပါက မိခင်နို့ များများတိုက်ပါ။
  • ဆေးရုံပို့ပါ။

ရုတ်တရက် ကိုယ်အရေပြားယားယံခြင်းနှင့် အဖုအပိမ့်ပေါက်ခြင်း

ဖြစ်စေသောအကြောင်းအရင်းများ –    

  • ထိုးဆေး၊ လူးဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ဆံပင်ဆိုးဆေး စသည်များ မတည့်သည့်အခါတွင် ဖြစ်တတ်ခြင်း။
  • မိမိနှင့်မတည့်သော ပန်းဝတ်မှုန်၊ ဖုန်၊ ဓာတုဗေဒအငွေ့စသည်တို့ ရှူရှိုက်မိခြင်းတို့ကြောင့် ရုတ်တရက် ယားယံခြင်း၊ အဖုအပိမ့်များပေါက်ခြင်း၊

လက္ခဏာများ                            

  • မျက်လုံးများနီရဲ၍ မျက်ရည်ယိုထွက်ခြင်း၊
  • နှာရည်ယိုခြင်း၊
  • အချိန်မီဆေးစောင့်ရှောက်မှု မပေးနိုင်ပါက အသက်ရှူကျပ်ခြင်း၊
  • ချောင်းဆိုးခြင်း၊ အော့အန်ခြင်း၊
  • မူးမေ့ခြင်း အထိအခြေအနေဆိုးဝါးလာနိုင်ပါသည်။

ပြုစုခြင်း

  • ယားယံခြင်းသက်သာစေသည့် ဆေးများ၊ ထိုးဆေး၊ လူးဆေး၊ လိမ်းဆေး၊ သောက်ဆေး စသည်တို့ကို တိကျစွာ စုံစမ်းပြီးပြုစုပါ။
  • လူနာကို အားပေးပါ။
  • ဆရာဝန်ထံရောက်သည့်အခါတွင် ရောဂါလက္ခဏာကို ပီပြင်စွာလေ့လာနိုင်စေရန် မလိုအပ်သော လိမ်းဆေးများ လိမ်းကျံခြင်း မပြုလုပ်ရ။
  • ဆေးရုံသို့ အမြန်ပို့ပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

15/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သရက်စေး လောင်ခဲ့ရင်

သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement