backup og meta

ဘယ်လိုအခြေအနေမျိုးမှာ အနာကိုချုပ်ဖို့လိုမလဲ

ဘယ်လိုအခြေအနေမျိုးမှာ အနာကိုချုပ်ဖို့လိုမလဲ

ထိခိုက်ဒဏ်ရာက အရမ်းကြီးတဲ့အခါ ချုပ်ဖို့လိုအပ်တယ်၊ ဘယ်နှချက်လောက်တော့ချုပ်ရမယ်၊ လို့ပြောတာမျိုးကြားဖူးမှာပါ။တော်ရုံအနာလောက်ကတော့ ချုပ်ဖို့မလိုအပ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာ အနာကိုချုပ်ဖို့လိုမှာလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

အနာကိုချုပ်ရတဲ့ အကြောင်းအရင်း

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကိုချုပ်ရတဲ့ အကြောင်းအရင်းက ၂ မျိုးရှိပါတယ်။

  • ပထမတစ်ချက်က အနာကျက်မြန်စေဖို့အတွက် အထောက်အကူဖြစ်စေဖို့ အနာကိုချုပ်ပေးတာဖြစ်ပြီး
  • နောက်တစ်ချက်ကတော့ အနာပိုးဝင်တာနဲ့ အမာရွတ်ကြီးကြီးမားမားထင်ကျန်တာမျိုး မဖြစ်စေဖို့အတွက်ပါ။

အနာကိုထိခိုက်မိချိန်ကနေ ၁၂ နာရီအတွင်းချုပ်ပေးမယ်ဆိုရင် အနာပိုးဝင်ကူးစက်ခံရတာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့အခါ ဒါတွေလုပ်ပေးဖို့လိုပါမယ်

အသေးစားထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ အနာကိုသန့်စင်ပြီး ပလာစတာကပ်ထားပေးရင် လုံလောက်ပြီဆိုပေမယ့် အနာကပြင်းထန်မယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လုပ်ဆောင်စစ်ဆေးကြည့်ဖို့လိုပါမယ်။

  • ထိခိုက်မိတဲ့ဒဏ်ရာကိုရေနဲ့ဆပ်ပြာသုံးဆေးကြောပြီးရောဂါပိုးကူးစက်တာမျိုးမရှိအောင်ကာကွယ်ပေးပါ၊
  • သွေးတိတ်အောင်အနာကို ခပ်ဖွဖွလေးဖိထားပေးပါ၊
  • အနာအစွန်းတွေကို စစ်ဆေးကြည့်ပါ။ အစွန်းနှစ်ဖက်ကစေ့ကပ်နိုင်ပြီး ခန္ဓါကိုယ်ပုံမှန်လှုပ်ရှားတဲ့အခါတိုင်းမှာ ထိခိုက်တာမျိုးဖြစ်နိုင်လားဆိုတာပါ။

တကယ်လို့အနာကပြင်းထန်ပြီးဆေးကုသို့လည်း လိုအပ်မယ်လို့ယူဆတယ်ဆိုရင် ထိခိုက်မိပြီးချိန်ကနေစလို့ ၆ နာရီကနေ ၈နာရီ အတွင်းဆေးကုသမှုခံယူဖို့ပြောပါရစေ။

အနာကိုချုပ်ဖို့လိုအပ်လားဆိုတာကို ဒီအချက်တွေနဲ့ ဆန်းစစ်ပါတယ်

အနာကဘယ်လောက်အထိနက်လဲဆိုတာ

အနာဘယ်လောက်ထိနက်လဲဆိုတာက အနာချုပ်သင့်မချုပ်သင့်ဆုံးဖြတ်တဲ့နေရာမှာတော်တော်လေးအရေးပါပါတယ်။ အနာကမနက်ရင် အနာကျက်မြန်ပြီးနောက်ဆက်တွဲဝေဒနာတွေရန်ကနေရှောင်ရှားနိုင်တယ်ဆိုပေမယ့် အနာက တစ်လက်မရဲ့ လေးပုံတစ်ပုံစာလောက်နက်နေမယ်ဆိုရင် အနာကိုချုပ်ဖို့လိုအပ်မှာပါ။

အနာအနေအထားပြင်းထန်လားဆိုတာ

ဒါကတော့ မျက်စိနဲ့တင်သိနိုင်တဲ့အချက်တစ်ချက်ပါ။ အနာကိုကြည့်လိုက်လို့ အနာက အရိုးတွေအရွတ်တွေ နဲ့ အရေပြားတစ်ရှုးတွေအထိပျက်စီးသွားတာမျိုးဆိုရင်တော့ မဖြစ်မနေ အနာကိုချုပ်ဖို့လိုအပ်မှာပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့ပြောပါရစေ။

အနာအရွယ်အစားဘယ်လောက်ကြီးလဲဆိုတာ

အနာအရွယ်အစားကအရမ်းကြီးနေလားဆိုတာကလည်း ချုပ်ဖို့လို၊မလိုဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့လိုပါမယ်။ အနာကပြတ်ရှဒဏ်ရာဖြစ်ပြီး ဒဏ်ရာကတစ်လက်မထက်ပိုကြီးနေမယ်ဆိုရင် ချုပ်ဖို့လိုအပ်မှာပါ။

ဒဏ်ရာကဘယ်နေရာမှာဖြစ်တာလဲဆိုတာ

တကယ်လို့ထိခိုက်ဒဏ်ရာက အဆစ် ပေါ်မှာဖြစ်တာမျိုးဆိုရင်တော့ အရေပြားကိုချက်ချင်းစေ့သွားအောင်လုပ်ပြီး အနာကို ကျက်အောင်လုပ်ဆောင်ဖို့လိုအပ်တာကြောင့် ချက်ချင်းနီးစပ်ရာဆေးခန်းကိုသွားရောက်ပြသပြီး အနာကို ချုပ်လိုက်ပါ။

သွေးဘယ်လောက်ထိထွက်နေလဲဆိုတာ

အပေါ်မှာပြောပြခဲ့တဲ့ အကြောင်းအရာတွေပြီးရင် အခုပြောပြမယ့်တစ်ချက်ကလည်း အနာကို ချုပ်သင့်မချုပ်သင့်စဉ်းစားတဲ့အခါမေ့ထားလို့မရပြန်ပါဘူး။ အချို့ဒဏ်ရာတွေကသေးတယ်လို့ထင်ရပေမယ့် အမြင်ထက်ပိုပြင်းထန်နေတာမျိုးရှိနိုင်ပါတယ်။သွေးကအရမ်းထွက်နေမယ်။ ဒဏ်ရာကိုသွေးတိတ်အောင်လုပ်နေပေမယ့် ထိခိုက်မိပြီး ၁၅ မိနစ်ကြာတဲ့အထိမှဒဏ်ရာကသွေးမတိတ်ဘဲဖြစ်နေမယ်ဆိုရင်တော့ အနာကိုချုပ်ဖို့လိုအပ်ပါမယ်။

အနာကဒီလိုဆိုချုပ်ဖို့ မလိုအပ်ပါဘူး

အနာကအခုပြောခဲ့သလိုမျိုးဖြစ်နေမယ်ဆိုရင်တော့ ချုပ်ဖို့မလိုအပ်ပါဘူး။

  • အနာကပြတ်ရှဒဏ်ရာဖြစ်ပေမယ့် သိပ်မနက်ဘူးဆိုရင်
  • သွေးအများကြီးထွက်မနေဘူး
  • အနားရဲ့ အစွန်းတွေကစေ့ကပ်နိုင်တဲ့ အနေအထားရှိနေမယ်
  • အနာထဲမှာပြင်ပအရာဝတ္ထုတွေဝင်နေတာမျိုးမရှိဘူး
  • အဆီ၊အရိုးနဲ့အရွတ်တွေကိုမြင်မနေရဘူး
  • အနာကသိပ်မကြီးဘူး
  • အဆစ်တွေအပေါ်မှာ၊ မျက်လုံးအနီးတဝိုက်နဲ့မျက်နှာ ပေါ်မှာ မဟုတ်ဘူး
  • အနာက ထိုးသွင်းဒဏ်ရာမျိုးဖြစ်နေမယ် ဆိုရင်တော့ အနာကချုပ်ဖို့မလိုအပ်ပါဘူး။

အခုလိုအခြေအနေဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

အနာကချုပ်ပြီးပေမယ့် အခုလိုလက္ခဏာတွေဖြစ်မယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းကိုသွားပြဖို့လိုပါမယ်။

  • အနာကရောင်ရမ်းနေမယ်
  • နီရဲနေမယ်
  • နာကျင်နေမယ်

အနာကနေပြည်ထွက်နေမယ်ဆိုရင်တော့ ချုပ်ရိုးကနေတဆင့် အနာပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်တာကြောင့် ချက်ချင်းနီးစပ်ရာဆေးခန်းကိုသွားရောက်ပြသဖို့ တိုက်တွန်းပါရစေ။

ထိခိုက်ဒဏ်ရာရတဲ့အခါ အခုပြောခဲ့တဲ့အခြေအနေလေးတွေနဲ့ ဆန်းစစ်ကြည့်ပြီး အနာကို ချုပ်သင့်၊ မချုပ်သင့်ကိုယ်တိုင်စစ်ဆေးနိုင်မယ်ထင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nhs.uk/chq/Pages/1048.aspx?CategoryID=72&SubCategoryID=727

https://www.advancedtissue.com/do-you-need-stitches/

https://www.immediateclinic.com/5-signs-your-wound-needs-stitches

https://share.upmc.com/2017/02/do-i-need-stitches/

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထိခိုက်ဒဏ်ရာရရင် လုပ်ရမယ့်အချက် ၁၀ ချက်

ထိခိုက်ဒဏ်ရာရရင် အိမ်မှာပဲဘယ်လိုပြုစုကုသမလဲ



Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement