Intermittent Fasting လို့ခေါ်တဲ့ အချိန်အပိုင်းအခြား အလိုက် အစားလျှော့တဲ့ စားသောက်မှုပုံစံကို အခုနောက်ပိုင်း တော်တော်လေး ခေတ်စားလာပါတယ်။ ဒီနည်းတွေကို အဆီချချင်တဲ့ ကိုယ်အလေးချိန် များနေသူတွေ အပြင် လက်ရှိ ကိုယ်အလေးချိန်ကို မတက်စေဖို့ ထိန်းသွားချင်တဲ့သူတွေ၊ အသားကျစ်လျစ် ဘော်ဒီတက်စေဖို့ Gym ကစားနေသူတွေပါ သုံးလာကြတာပါ။