backup og meta

ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူးလား

    လူတစ်ဦးမှာအစာတချို့နဲ့ ဓာတ်မတည့်တာမျိုးရှိတတ်ပါတယ်။ အဲ့ဒီလိုဓာတ်မတည့်နိုင်တဲ့ အစားအစာတွေ ထဲမှာတော့ ပင်လယ်စာတွေဟာထိပ်ဆုံးကပါ။

    ပင်လယ်စာထဲမှာ ဘာတွေပါလဲ

    ရေချိုရေငန်သတ္တဝါတွေနဲ့ အခွံမာတဲ့ သတ္တဝါတွေပါပါတယ်။ ငါးတွေထဲမှာဆိုရင် ငါးပါးနီ၊ ကကတစ်၊ ငါးကြင်း၊  ငါးပေါက်စ၊ ငါးကြီးဆီထုတ်ယူလို့ရတဲ့ပင်လယ်ငါး၊ ဉရောပငါးပြား၊ ပင်လယ် ငါးသလောက်၊ ဆာဒင်းငါး၊ ဆော်လမွန်ငါး၊ ထရောက်ငါး၊ တူနာငါး အစရှိတဲ့ ငါးတွေပါပါတယ်။ ကဏန်း၊ ကျောက်ပုစွန်၊ ပုစွန်တုပ်နဲ့ ပုစွန်ဆိတ်တွေလည်းပါသလို အခွံမာကောင်တွေဖြစ်တဲ့ ပင်လယ်ခရု၊ ခုံးကောင်၊ ယောက်သွား၊ ရေဘဝဲ၊ ကရုကမာကောင်နဲ့ ကင်းမွန်တို့လည်းပါပါတယ်၊ ငါးဥလည်းပါပါသေးတယ်။

    ပင်လယ်စာနဲ့ဓာတ်မတည့်မှုဆိုတာဘာလဲ

    ခန္ဓာကိုယ်ရဲ့ခုခံအား စနစ်ဟာ ပင်လယ်စာကို အန္တရာယ်ပြုနိုင်တဲ့အရာအဖြစ် သတ်မှတ်လိုက်လို့ပါ။ တစ်ချို့သော လူတွေမှာဆို သေဆုံးနိုင်တဲ့အထိတောင် ဓာတ်မတည့်မှုဟာ ပြင်းထန်နိုင်ပါတယ်။ အကယ်လို့ သင်ဟာ ပင်လယ်စာတစ်မျိုးနဲ့ ဓာတ်မတည့်ဘူးဆိုရင်တော့ တခြားပင်လယ်စာတွေနဲ့လည်း တည့်ဖို့ အလားအလာနည်းပါတယ်။ မတည့်တတ်ပါဘူး။ ဘယ်ဟာနဲ့တည့်တယ်၊ ဘယ်ဟာနဲ့တော့ ဓာတ်မတည့်ဘူး ဆိုတာကို သင့်အနေနဲ့ သေသေချာချာမှတ်သားထား ဖို့လိုပါလိမ့်မယ်။ ဓာတ် မတည့်မှုဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေကြုံရမှာလဲ  တခြားအစာအဆိပ်သင့်ရင် ကြုံရသလို ပါပဲ။

  • မျက်နှာနီရဲလာမယ်။ အင်ပြင်တွေအနီစက်တွေထလာတာမယ်။ အသားယားလာမယ်။
  • မျက်လုံး ၊ နူတ်ခမ်းတွေဖောရောင်လာမယ်။
  • အသက်ရှူလမ်းကြောင်း ရောင်ရမ်းလာတာကြောင့် အသက်ရှူရခက်လာမယ်၊ စကားပြောရ ခက်လာမယ်၊ရေတောင်မြိုချဖို့ခက်လာမယ်။
  • စိတ်ဂနာမငြိမ်တော့ဘူး ၊စိတ်တိုလွယ်မယ်။
  • ဖြူဖျော့လာမယ်၊ အားနည်းလာမယ် ၊ မူးမိုက်မေ့လဲလာနိုင်မယ်
  • ကြွက်တက်မယ်၊ မူးဝေအော့အန်မယ်။ ဝမ်းလျှောမယ်
  • သွေးပေါင်ရုတ်တရက်ထိုးကျမယ်၊ နှလုံးခုန်မြန်မယ်
  • ဆိုးရွားတဲ့အခြေအနေတွေမှာဆိုရင်တော့ သတိလစ်သွားတဲ့ အထိဖြစ်နိုင်ပါတယ်။
  • ဘယ်အချိန်မှာပင်လယ်စာနဲ့ ဓာတ်မတည့်မှုဖြစ်တယ်လို့ ရောဂါအမည်တပ်လို့ရမလဲ

    ပင်လယ်စာနဲ့ဓာတ်မတည့်မှုဟာ အရွယ်ရောက်ပြီးသူတွေမှာအဖြစ်များပါတယ်။ ကလေးတွေမှာ သိပ်မဖြစ်တတ်ပါဘူး။ ဆရာဝန်က သင့်ကိုစမ်းသပ်စစ်ဆေးပြီးလို့ သင့်မှာပင်လယ်စာနဲ့ ဓာတ်မတည့်မှုရှိရင်တော့ သေချာသွားပါပြီး ပင်လယ်စာတွေကို တတ်နိုင်သမျှရှောင်ပါတော့။

    ပင်လယ်စာနဲ့ ဓာတ်မတည့်ခြင်းဟာပျောက်ကင်းနိုင်သလား

    များသောအားဖြင့် မပျောက်ပါဘူး။ သင့်ဘဝသက်တမ်းတစ်လျှောက်လုံး ရှိနေမယ့်သဘောပါပဲ။

    ဘယ်လိုအစားအစာတွေမှာ ပင်လယ်ပါဝင်တတ်သလဲ

    အာရှရဲ့အစားအသောက်တွေဖြစ်တဲ့ ထမင်းကြော်၊ ကော်ပြန့်ကြော်၊  ဆူရှီ၊ ဆော့စ် (အချဉ်ရည်)၊ အရွက်သုပ်၊ အသားကင်၊ ဟင်းချို၊ စွပ်ပြုတ် နဲ့သံလွင်ဆီလိုအရာမျိုးတွေမှာ မထင်မှတ်ဘဲ ပင်လယ်စာတွေရောနှောပါဝင်နိုင်ပါတယ်။ အဲ့ဒီလိုအစားအစာတွေကို ပင်လယ်စာနဲ့ပြုလုပ်ထားတာမျိုးဖြစ်တတ်ပါတယ်။ ဒိန်ခဲ၊ အပေါ်စမ်း အနှစ်ရည်တွေနဲ့ ‘ Marshmallows’ လိုမျိုး ပျော့စိစိနဲ့ အရာတွေမှာလဲ ပင်လယ်စာတွေ ပါကောင်း ပါဝင်တတ်ပါတယ်နော်။

    ငါးကြီးဆီကရော ပင်လယ်စာနဲ့ ဓာတ်မတည့်သူတစ်ယောက်အတွက် အဆင်ပြေနိုင်ပါမလား

    Omega -3’ အိုမီဂါ (၃) ငါးကြီးဆီပါဝင်တဲ့အားဆေးတွေဟာ ပင်လယ်စာနဲ့ ဓာတ်မတည့် သူတစ်ယောက်အတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ မသောက်ခင်မှာ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။

    ပင်လယ်စာကင်းစင်တဲ့အစားသောက်မျိုးကို ဘယ်လိုရှာဖွေနိုင်မလဲ

    ပင်လယ်စာနဲ့ ဓာတ်မတည့်သူတစ်ယောက်အတွက် အသုံးပြုနိုင်တဲ့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။

    • အစားအသောက်တွေရဲ့ ပါဝင်ပစ္စည်းနေရာကို မဝယ်ခင် အမြဲဖတ်ပါ။ ထုတ်လုပ်သူတွေ အနေနဲ့လည်း ရှင်းရှင်းလင်းလင်းရေးထားပေးဖို့လိုပါတယ်။
    • မိမိစားနေကျအစားအသောက်တစ်ခု (တံဆိပ်)တစ်ခုဖြစ်သည့်တိုင် မဝယ်ခင် အမြဲပြန်ဖတ်ပါ။ ထုတ်လုပ်သူတွေဟာ အချိန်မရွေး ပါဝင်ပစ္စည်းတွေ ပြောင်းလိုက်နိုင်လို့ပါ။
    • “ပင်လယ်စာပါဝင်နိုင်ပါတယ်” လို့ ဘူးခွံရဲ့ ပါဝင်ပစ္စည်းနေရာမသေမချာရေးထားမယ် ဆိုရင် လည်း မဝယ်ပါနဲ့တော့
    • သင်အရမ်းကြိုက်တဲ့ အစားအသောက်တွေလည်းဖြစ်တယ်။ ပင်လယ်စာပါမပါမသေချာ လည်းဖြစ်နေရင်တော့ ထုတ်လုပ်တဲ့ကုမ္ပဏီကို ဖုန်းသာဆက်မေးလိုက်ပါ။ လက်တွန့် မနေပါနဲ့။ အစားအသောက်တော်တော်များများမှာ ဆက်သွယ်လို့ရမယ့် ကုမ္ပဏီရဲ့လိပ်စာ ပါပြီးသားပါ။
    • သင့်ဆီမှာ ပင်လယ်စာနဲ့ ဓာတ်မတည့်မှုဟာ သူများထက်ထူးပြီးပြင်းပြင်းထန်ထန် လက္ခဏာတွေရှိတယ်ဆိုရင်တော့ အထူးဂရုစိုက်ပါ။ သင့်ပါးစပ်ကမစားဘဲနဲ့ ပင်လယ်စာ ချက်ပြုတ်နေတဲ့ အနံ့ခံမိတယ်ဆိုရင်တောင် ဒီလိုဓာတ်မတည့်မှုဟာ ဖြစ်နိုင်တဲ့အခြေ အနေမျိုးရှိနိုင်လို့ပါပဲ။
    • ငါးကထုတ်ထားတဲ့ အချဉ်ရည်ဆော့စ်တွေအစား ပဲနှစ်ရည်နဲ့ တိုဖူးအစရှိတဲ့အရာတွေကို လဲလှယ်အသုံးပြုစားသုံးနိုင်ပါတယ်။
    • သင့်ရဲ့အရွက်သုပ်တွေမှာ ပင်လယ်စာအစား ပဲနီလေးနဲ့ တိုဖူးအစရှိတဲ့အရာတွေကို လဲလှယ် အသုံးပြုစားသုံးနိုင်ပါတယ်။

    အချုပ်အားဖြင့် ပင်လယ်စာနဲ့ဓာတ်မတည့်မှုဟာ အလွန်ကြောက်စရာကောင်းပြီး အသက် အန္တရာယ်ရှိနိုင်တဲ့အထိ ဆိုးရွားနိုင်တာကြောင့် ပင်လယ်စာကိုတတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ပင်လယ်ကမ်းခြေကို အပန်းဖြေခရီးသွားတဲ့အခါ သင်ပင်လယ်စာမစားမိအောင် စိတ်ခိုင်ခိုင်ထားဖို့တော့လိုအပ်ပါလိမ့်နော်။

    ရေးသားသူ – ဒေါက်တာမှူး

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement