ဒါပေမယ့်လည်း ဘယ်လောက် ကျန်းမာနေတဲ့ လူပဲ ဖြစ်နေပါစေ၊ အနည်းဆုံး တစ်နှစ် တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ဖျားကြတာပါပဲ။ အပြင်မှာက လူပေါင်းစုံ၊ အရာဝတ္ထုပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အခါ ကိုယ့်ကို ရောဂါပိုး ကူးစက်နိုင်ဖို့ အခွင့်အရေး များတာပေါ့။ နေမကောင်းဘူးဆိုရင် ရေများများသောက်ဖို့၊ အာဟာရပြည့်ဝဖို့ လိုအပ်တာလဲဆိုတာ တွေးမိနေမယ်ဆိုရင် ဒီဆောင်းပါးက နားလည်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ရေဓာတ်နဲ့ အာဟာရဓာတ်ဆိုတာ လူတစ်ယောက် ကျန်းမာလာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ် ပြည့်ဝမှုကို အစာအာဟာရနဲ့ ရေဓာတ် ဆိုပြီး အုပ်စု ၂ စုခွဲပြီး ရှင်းပြပေးချင်ပါတယ်။
အစာအာဟာရ ပြည့်ဝမှု
လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ကိုယ်စားလိုက်တဲ့ အစာအာဟာရကနေ ပြန်လည် ရရှိပါတယ်။ ခန္ဓာကိုယ်တွင်းဆဲလ်တွေ ပြုပြင်ထိန်းသိမ်းဖို့ ၊ ကိုယ်တွင်း အင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့၊ ကိုယ်ခံအား ကောင်းစေဖို့ အစရှိတဲ့ နေရာမှာလည်း အစာအာဟာရက အများကြီး အကျိုးကျေးဇူးပေးနိုင်ပါတယ်။ အထူးသဖြင့် နေမကောင်းတဲ့အချိန်မျိုးမှာ မြန်မြန် နေကောင်းသက်သာလာစေဖို့ အစာအာဟာရကို အများကြီး မှီခိုရပါတယ်။
လူတွေက နေမကောင်းဖြစ်ပြီဆိုရင် အိပ်ရာထဲမှာပဲ မှိန်းပြီး ဘာမှ မစားမသောက်ဘဲ နေတတ်ကြပါတယ်။ အဲ့လို လုပ်ရင်တော့ ကိုယ့်ရဲ့ အဖျားက ထင်ထားတာထက်တောင် ပိုပြီး ကြာသွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်နော်။ ဒါကြောင့် မကျန်းမာဘူးဆိုရင် ကိုယ့်ကို အားရှိစေမယ့် အစားအစာတွေကို များများ စားပေးဖို့ လိုပါတယ်။ အသားဆိုရင်လည်း ဆီနဲ့ ကြော်တာ၊ ဟင်းချက်တာမျိုးထက်စာရင် အရည်၊ စွပ်ပြုတ်လိုမျိုး ဟင်းသီးဟင်းရွက်နဲ့ရောပြုတ်ပြီး သောက်တာ၊ အသီးအနှံတွေ များများစားပေးတာမျိုး လုပ်လို့ ရပါတယ်။ နေမကောင်းဖြစ်ပြီးချိန်မှာ အဓိက အာဟာရ ဖြစ်တဲ့ အစားအစာတွေကို ကောင်းကောင်း စားပေးမှ ကိုယ်ခန္ဓာက ပြန်လည် အလုပ်လုပ်နိုင်မယ်။ ကိုယ်ခံအားစနစ်ကိုလည်း အားဖြည့်ပေးရာ ရောက်လို့ ကိုယ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။