backup og meta

အရက်သောက်ချင်ပေမယ့် အရက်နာကျ တာတော့ မကြိုက်ဘူးဆိုရင်

အရက်သောက်ချင်ပေမယ့် အရက်နာကျ တာတော့ မကြိုက်ဘူးဆိုရင်

ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။ ဒီလို အရက်သောက်ကြပေမယ့် အရက်နာကျ တာကိုတော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။

အရက်နာကျ ခြင်း

အရက်သောက်ပြီးတဲ့အခါ အများစုဖြစ်တတ်တဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ အရက်နာကျတယ်ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရက်ထဲမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေဟာ ကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်အဖြစ် ကပ်ကျန်ခဲ့ပြီး ခန္ဓာကိုယ်က ဒီအဆိပ်အတောက်ကို တုံ့ပြန်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။

အရက်နာကျ တဲ့ လက္ခဏာတွေက ဘာတွေလဲ။

• မောပန်းတာ၊ အားနည်းတာ

• ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ

ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကြွက်သား ကိုက်ခဲတာ

• မူးဝေတာ၊ အန်တာ၊ ဝမ်းဗိုက်က နာကျင်တာ

အိပ်ရေးမဝသလို ခံစားရတာ

• အလင်းစူးစူး မခံနိုင်တာ၊ အသံကျယ်ကြားရင် နားမခံနိုင်တာ

• အခန်းက လည်နေသလို ခေါင်းထဲ မူးဝေနေတာ

• ခြေလက် တုန်တာ

• အာရုံမစူးစိုက်နိုင်တာ

• စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ

နှလုံးခုန်မြန်တာ စတဲ့ လက္ခဏာတွေ အတွေ့များတယ်။

များသောအားဖြင့် ဒီလက္ခဏာတွေကို အရက်သောက်ပြီး တရေးတမောအိပ်ပြီးလို့ မနက်နိုးထလာတဲ့အခါ မှသာ ခံစားရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်ထဲမှာ အရက်ထဲက အယ်လ်ကိုဟောအဆိပ်တွေ တော်တော်များများ ကျန်ရစ်နေခဲ့တာကြောင့် အရက်နာကျ တဲ့ လက္ခဏာတွေ ဖြစ်လာရတာပါ။

အရက်နာမကျအောင် အရက်ကို ဘယ်လိုသောက်လို့ရလဲ။

ဒီနည်းလမ်းတွေက တစ်ခါတလေ အရက်သောက်ပြီးလို့ နောက်နေ့မှာ အရက်နာကျတဲ့ လက္ခဏာတွေ ဖြစ်မလာစေအောင်၊ ပေါ်လာခဲ့ရင်လည်း ခံစားရတဲ့ ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အရက်သောက်တဲ့ အကြိမ်တိုင်းတော့ အရက်နာမကျအောင် လုပ်လို့ မရပါဘူး။

၁။ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်တော့မှ မသောက်ပါနဲ့။

ဘီယာပဲဖြစ်ဖြစ်၊ အရက်ပဲဖြစ်ဖြစ် ကိုယ်က ဒီည သောက်တော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် အနည်းဆုံး ၂နာရီလောက်ကြိုတင်ပြီး ဗိုက်ကိုပြည့်နေအောင် စားထားပါ။ ကစီဓာတ်၊ အသားဓာတ်များတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ကြိုပြီး စားပေးထားနိုင်ရင် ပိုကောင်းပါတယ်။

၂။ အဆီအစိမ့်စားပေးပါ။

အဆီများတဲ့ အစားအစာတွေက ခန္ဓာကိုယ်က အရက်ကိုစုပ်ယူအား နှေးစေလို့ တော်ရုံနဲ့လည်း မမူးနိုင်တဲ့အပြင် မနက်မှာလည်း အရက်နာကျနိုင်ခြေ လျော့နည်းစေပါတယ်။ ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးလို့လည်း ဖြစ်ပါတယ်။

၃။ ရေသောက်ပါ။

အရက်ချည်းပဲ ဒိုင်ခံမော့တတ်တဲ့ အကျင့်ဟာ မနက်ခင်းမှာ အရက်နာကျ တဲ့ ဝေဒနာကို ကောင်းကောင်းကြီးခံရမှာပါ။ အရက်လေး တစ်ခွက် သောက်လိုက်၊ အမြည်းလေး နည်းနည်းစားလိုက်၊ ရေလေး တစ်ငုံလောက် သောက်လိုက် လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်လို့ မနက်နိုးတဲ့အခါမှာ ပုံမှန်လောက် အာခေါင်ခြောက်နေတော့မှာ မဟုတ်ပါဘူး။

အရက်သောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းစနစ်က ကမောက်ကမဖြစ်ပြီး အပူချိန်ထိန်းဖို့ ခက်တာရော၊ အသည်းက အရက်ကို ချေဖျက်ဖို့ အလုပ်ပိုလုပ်ရတာရော၊ သွေးကြောတွေ ကျယ်ပြီး အရေပြားဆီကို အပူတွေ ပိုရောက်တာကြောင့်ရော အရက်သောက်ပြီးရင် လူက ပူနွေးသလိုလို ခံစားရပါတယ်။ အရက်အာနိသင်ကုန်သွားရင် ပြန်သက်သာသွားနိုင်ပေမယ့် ရေများများသောက်တာကလည်း ဒါကို သက်သာစေနိုင်ပါတယ်။

၄။ ဆေးလိပ်လျှော့သောက်ပါ။

ဆေးလိပ်တွေ အလွန်အကျွံသောက်တဲ့အခါမှာ အရက်နာကျတာ ပိုပြီးဖြစ်နိုင်သလို ခံစားရတဲ့ ဝေဒနာလည်း ပိုပြီးပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့် တတ်နိုင်ရင် မသောက်ပါနဲ့။ မဖြစ်မနေသောက်မယ်ဆိုလည်း တစ်လိပ်လောက်ပဲ သောက်ပါ။

၅။ အချဉ်တစ်ခုခု စားပေးပါ။

အရက်သောက်နေတဲ့အချိန်အတွင်း ချဉ်တဲ့ အသီးအနှံတစ်ခုခု ဒါမှမဟုတ် အချဉ်အရသာရှိတဲ့ အအေးကိုပါ တွဲပြီး သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အချဉ်ဓာတ်ဟာ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်စေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ အပြင်ကို ထွက်လာစေအောင် ကူညီပေးနိုင်ပါတယ်။

နောက်ထပ် ဘာတွေလုပ်ပေးဖို့ လိုဦးမလဲ။

၁။ တန်ဆေး၊ လွန်ဘေးအနေနဲ့ အရက်ကို သင့်တော်ရုံသာသောက်ပါ။

၂။ ညတိုင်း အရက်သောက်တာမျိုးကို ရှောင်ပေးပါ။

၃။ အရက်သောက်ပြီးသွားရင် အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ ပုံမှန်အိပ်နေကျ အိပ်ချိန်ထက် ပိုအိပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၄။ အစာစားချင်စိတ်မရှိရင်၊ အန်ချင်သလို ဖြစ်နေရင်လည်း မနက်စာကို အလွတ်မခံပါနဲ့။

၅။ အစာစားတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေမယ့် အရာတွေကို အဓိကစားပေးပါ။

၆။ ရေကို များများသောက်ပြီး ဆီးများများသွားပေးပါ။ ဒါမှ ကိုယ်သောက်ခဲ့တဲ့ အရက်ထဲက အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးနိုင်မှာပါ။

၇။ လေ့ကျင့်ခန်း အပြင်းအထန်မလုပ်နိုင်ရင်တောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်းမျိုးတော့ လုပ်ပေးပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/niosh/npg/npgd0359.html

How does alcohol affect your body temperature? https://patient.info/news-and-features/how-does-alcohol-affect-your-body-temperature  Accessed at Jan 8, 2024

ယခုပုံစံ

08/01/2024

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ

အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 08/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement