အစားတွေတော့ စားနေပါရဲ့။ အားမရှိသလိုပဲ ခံစားနေရတယ်။ ဘာကြောင့်များလဲလို့ တွေးရခက်နေလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင်လိုချင်နေတဲ့အဖြေကို ပေးနိုင်မှာပါ။ ကဲ … အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ ဆိုတာ ကိုယ်တိုင် ဆန်းစစ် လိုက်ပါ။
အားရှိဖို့ အစားစားတာ မှန်ပေမယ့် အစားအစာ ရွေးချယ်မှု မှားတာ၊ စားသောက်မှု ပုံစံ မှားယွင်းတဲ့အခါ စားလိုက်ပေမယ့် ခန္ဓာကိုယ်ထဲမှာ အားမရှိသလို အားအင်တွေ ကုန်ခမ်း သွားသလို ခံစားရစေနိုင်ပါတယ်။ ဒီတော့ ဘယ်လို အစားအစာတွေက အားအင်ကုန်ခမ်းစေသလဲ ဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။
အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။
အစာစားတဲ့အခါ ဒါတွေကို စားမိမယ်ဆိုရင် အားအင်ကုန်ခမ်း သလို ခံစားရနိုင်ပါတယ်။ အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ ဆိုတာကတော့ အတူတူ ကြည့်လိုက်ရအောင်နော်။
အားဖြည့် အချိုရည်တွေ
အားဖြည့် အချိုရည်တွေက သောက်ပြီးပြီးချင်းမှာ အားအင် ပြည့်ဝသွားသလို ခံစားရစေပေမယ့် ခဏတာပါပဲ။ ကဖင်း နဲ့ သကြားဓာတ်ကြောင့် အားအင်ပြည့်ဝသလို ခံစားရစေတာပါ။
သွေးတွင်းက သကြားဓာတ် ပြန်ပြီး ကျသွားချိန်မှာတော့ သင့်ကို အားအင်ကုန်ခမ်းသွားသလို ခံစားရစေမှုနဲ့အတူ ခြေကုန်လက်ပမ်းကျ သွားစေမှာပါ။ အားဖြည့် အချိုရည်က ပုံမှန်ထက် ခန္ဓာကိုယ်ကို ပိုပြီး ပင်ပန်းစေပါတယ်။
အချိုရည်
အယ်လ်ကိုဟော
ကော်ဖီ
ပေါင်မုန့် အဖြူ
ကယ်လ်လိုရီ နည်းတဲ့ အစားအစာတွေ
ခန္ဓာကိုယ်မှာ အင်အား ပြည့်နေစေဖို့ဆိုရင် ကယ်လ်လိုရီ များများ လိုအပ်ပါတယ်။ ကယ်လ်လိုရီ နည်းတဲ့ အခါ ဆာလောင်မှုကို ခံစားမိသလို ဇီဝကမ္မဖြစ်စဉ် နှေးသွားပြီး အင်အားလည်း နည်းသွားပါတယ်။
ဒါကြောင့် အစား မစားဘဲ နေတာမျိုး မလုပ်ပါနဲ့။ ကယ်လ်လိုရီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။
သံဓာတ် နည်းတဲ့ အစားအစာတွေ
သံဓာတ်က စားသုံးလိုက်တဲ့ ကယ်လ်လိုရီကို ခန္ဓာကိုယ်အတွက် အင်အားအဖြစ် ပြောင်းလဲ ပေးပါတယ်။ သံဓာတ် နည်းတဲ့အခါ ခန္ဓာကိုယ်က အားနည်းတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရစေနိုင်ပါတယ်။
ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ သံဓာတ်ပြည့်ဝတဲ့ အနီရောင် အသားတွေ၊ ပဲနီလေး၊ အခွံမာသီး၊ ပဲအမျိုးမျိုး စတာတွေကို စားသုံးပေးပါ။
ဆီကြော်စာတွေ
ဆီကြော်စာ၊ အထပ်ထပ် ကြော်ထားတဲ့ အစားအစားတွေက ခန္ဓာကိုယ်ကို ချေဖျက်ရ ခက်စေပါတယ်။ ဆီကြော်စာတွေ စားလိုက်တဲ့အခါ ခန္ဓာကိုယ်က ခက်ခက်ခဲခဲ ချေဖျက်ရတာပါ။ ဒီလိုလုပ်ဆောင်ရမှုက ကိုယ်တွင်းအင်္ဂါတွေကို တော်တော်လေး ဝန်ပိစေပါတယ်။
ဆီကြော်စာတွေက စားရတာ ခံတွင်းတွေ့ပေမယ့် စားပြီး ၆ နာရီကနေ ၈ နာရီအတွင်းမှာ အားအင် ကုန်ခမ်းသလို ခံစားရစေနိုင်ပါတယ်။
[embed-health-tool-bmr]