backup og meta

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ်

ငါက ပိန်တာပဲ အဆီ တွေ စားလို့ ရတယ်၊ လေ့ကျင့်ခန်းလည်း လုပ်စရာ မလိုဘူး၊ ပိန်တော့ ကျန်းမာတယ် လို့ လေမကျယ်ကြပါနဲ့နော်။ ပိန်တဲ့သူလည်း ဗိုက်အဆီ၊ ဗိုက်ခေါက် ရှိနိုင်ပါတယ်။ ယောကျာ်းလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ် အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ် ။ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ဗိုက်မှာ အဆီ ရှိနေရင် ကြည့်မကောင်းရုံတင်မက ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါအမျိုးမျိုး ယူဆောင်လာနိုင်လို့ပါ။ ဒါဆို ကျန်းမာရေးအတွက် စိတ်မပူသင့်ပေဘူးလား…

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ်

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ်

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ် ….. ဒီလို ပြောရတာက ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို မတည်ဆောက်နိုင်ဘူးဆိုရင် ဗိုက်အဆီကြောင့် –

ဒီလိုမဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် အကောင်းဆုံးအကြံဉာဏ်တွေကတော့ –

အမျှင်ဓာတ်များများစားပါ။

အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်မှာ အဆီရှိရင် အသည်း၊ ပန်ကရိယနဲ့ ကျောက်ကပ်အပါအဝင် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေ အနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတာဖြစ်ပါတယ်။

သက်သာမယ့် နည်းလမ်းကို ရှောင်ပါ။

တစ်နေရာသွားမယ်ဆို နီးနီးလေးကို ကားလေးစီးမယ်၊ ဆိုက်ကားစီးမယ်နဲ့ သက်သောင့်သက်သာ သွားလာရဖို့ စဉ်းစားတာမျိုး ရှောင်ပါ။ လမ်းလျှောက်လို့ရရင် လမ်းလျှောက်လိုက်ပါ။ လှေကားနဲ့ တက်နိုင်ရင် တက်လိုက်ပါ။ ခန္ဓာကိုယ်ကို သနားပြီး သက်သာအောင်နေတာမျိုး မလုပ်တာကောင်းပါတယ်။

စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။

သုသေတနတွေအရ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ ကော်တီဇောဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီး ဝမ်းဗိုက်မှာအဆီစုတာကိုလည်း အားပေးပါတယ်။ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

အိပ်ရေးဝအောင် အိပ်ပါ။

အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်ထဲမှာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုလည်းပါရှိပါတယ်။ အိပ်ရေးပျက်တဲ့အခါ အစာစားချင်စိတ်ကို သက်ရောက်နိုင်တဲ့ ghrelin နဲ့ leptinဟော်မုန်းတွေကိုထိန်းညှိနိုင်စွမ်းမရှိတော့ပါဘူး။

ဗိုက်ဆာစေနိုင်တဲ့ ghrelin ပမာဏကမြင့်လာပြီး ဗိုက်ပြည့်ခြင်းကိုခံစားရစေတဲ့leptin ပမာဏက ကျဆင်းသွားပါတော့တယ်။ ဒီလိုစားချင်စိတ်ပိုများနေတဲ့အချိန် ကိုယ်အလေးချိန်ထိန်းရတာ ပိုပင်ပန်းစေနိုင်လို့ အိပ်ရေးဝအောင်အိပ်ပါ။

တွက်ချက်စားပါ။

ကိုယ်စားမယ့်အစားအသောက်တွေမှာ ကယ်လိုရီနဲ့ အဆီဓာတ်ပမာဏ ဘယ်လောက်ပါလဲ တွက်ချက်ပါ။ အဆီများတဲ့ အစားအစာတွေကို သတိထားချင့်ချိန်ပါ။ အစေ့အဆန်၊ အသီးအရွက်နဲ့ ငါးတွေကနေ ရတဲ့ အကျိုးပြုအဆီတွေကို ဦးစားပေးပါ။

အဆီကျချပ်ရပ်စေမယ့် သောက်စရာ

အဆီကျစေမယ့် သောက်စရာဆိုတာ Detox water တွေလည်းပါတယ်၊ အချိုမပါတဲ့ ဆီးသီးအနှစ်ရည်၊ သံပရာရည် စတာတွေကိုသောက်လို့လည်း အထောက်အကူဖြစ်စေနိုင်တယ်။ အစားဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေတော့ တွဲရမှာပေါ့။

ခါးလှည့်ကွင်း ကစားပါ။

ခါးလှည့်ကွင်း ကစားတာက ဗိုက်နဲ့ ခါးတဝိုက် အဆီကျချပ်ရပ်စေပြီး ကျောဘေးတလျှောက်ပါ ကျစ်လျစ်စေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

ဂျင်မ်သွားတာ၊ ယောဂကစားတာတွေ မလုပ်နိုင်ရင်တောင် ဖုန်းထဲမှာ workout ဗီဒီယိုလေးတွေကြည့်ပြီး အိမ်မှာ လေ့ကျင့်ခန်းနည်းနည်းလုပ်လို့ရပါတယ်။ ဗိုက်နဲ့ ခါးသီးသန့်ကျမယ့် လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် မပေါ့ပါနဲ့။ ဒါက နောက် ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်လို့ အဝမလွန်အောင် ဂရုစိုက်တာ အကောင်းဆုံးပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.curejoy.com/content/dangers-of-belly-fat/?utm_source=Popular&utm_medium=FCM&utm_campaign=Push&fbclid=IwAR2hGf2eUXwWKJaHRPnIfLh8r7uo_e9UeFodErRmi6uJEf3Xs2-NlxVt8mw 

Accessed Date 8 January 2020

https://www.webmd.com/diet/obesity/features/the-risks-of-belly-fat#3 
Accessed Date 8 January 2020

https://www.healthstatus.com/health_blog/wellness/the-hidden-dangers-of-your-excess-abdominal-fat-its-more-serious-than-a-vanity-issue/#ixzz5dG66h4mY

Accessed Date 8 January 2020

ယခုပုံစံ

15/09/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီချ Diet နဲ့ပတ်သက်ပြီး မှားသိထားတဲ့အရာ (၉) ခု

သင့်ကိုယ်ခန္ဓာမှ အဆီပိုများကိုဖယ်ရှားဖို့ နည်းလမ်းကောင်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/09/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ