Sherbet
Sherbet (ရေမှာထည့်ရင် အမြုပ်ထပြီးဆူတဲ့ ဖျော်ရည်မှုန့်) ဟာလည်း နို့ကရရှိတဲ့ သွားရည်စာဖြစ်ပြီး အဆီမပါတဲ့ ဒိန်ချဉ်လိုပဲ ပြည့်ဝဆီပါဝင်မှု အလွန်နည်းတဲ့အပြင် စားလို့ကောင်းတဲ့ အနံ့အရသာအမျိုးမျိုး ထည့်သွင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။
Sorbet
သကြားနဲ့သစ်သီးအရောအနှောကို ရေခဲမုန့်လုပ်စက်ထဲမှာ ထည့်သွင်းချက်လုပ်ပြီး ရရှိလာတဲ့ အချိုမုန့်ကို sorbet (ရှာလပတ်ရည်)လို့ ခေါ်တာဖြစ်ပါတယ်။ ရှာလပတ်ရည်မှာ နို့ထွက်ပစ္စည်းမပါဝင်တဲ့အတွက် ကိုလက်စထရောတက်မှာ စိုးရိမ်စရာမလိုတော့ပါဘူး။
ရေခဲချောင်း
တကယ်တော့ ရေခဲချောင်းဟာ ကလေးစားတဲ့မုန့်သက်သက် မဟုတ်ပါဘူး။ ရေခဲချောင်းကို အနီ၊ အဖြူ၊ အပြာ စသည်ဖြင့် အရောင်မျိုးစုံ အနံ့အရသာမျိုးစုံနဲ့ ရရှိနိုင်တဲ့အတွက် စားချင်စဖွယ်ဖြစ်နေမှာ အသေအချာပါပဲ။ ဒါပေမယ့် ရေခဲချောင်းမစားခင်မှာ အုန်းနို့လိုမျိုး အဆီပါဝင်မှုများတဲ့ အရာတွေ ထည့်သွင်းပြုလုပ်ထားခြင်းရှိမရှိ အရင်စစ်ဆေးဖို့ လိုအပ်ပါတယ်။
Smoothies
သစ်သီးနဲ့ ဟင်းသီးဟင်းရွက် smoothie အားလုံးက နှလုံးကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ Smoothie ပြုလုပ်ရာမှာ နို့၊ ခရင်မ်တွေသုံးမယ့်အစား ဒိန်ချဉ်၊ ငှက်ပျောသီးနဲ့ ထောပတ်သီးတို့ကို အသုံးပြုသင့်ပါတယ်။
အအေးခံထားတဲ့ သစ်သီး
သဘာဝအတိုင်း အအေးခံထားတဲ့ သစ်သီးတွေမှာ အဆီပါဝင်မှုနည်းပြီး သကြားထပ်မထည့်ထားတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ဆိုနိုင်ပါတယ်။