backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုကိုတို့အကြိုက် ငါးရှဉ့်ရဲ့ ပျိုပျိုတို့အတွက် အစွမ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုကိုတို့အကြိုက် ငါးရှဉ့်ရဲ့ ပျိုပျိုတို့အတွက် အစွမ်း

ငါးရှဉ့်ဆိုတာ ကိုကို ကာလသားတွေအကြိုက်ပါ။ ငါးရှဉ့်ကြပ်တိုက်တို့၊ ငါးရှဉ့်မြေအိုးတို့၊ ငါးရှဉ့်ချဉ်စပ်တို့၊ လူကြိုက်များတဲ့ ဂျပန်စာတစ်မျိုးဖြစ်တဲ့ အူနာဒုံတို့လို ဟင်းအမည်တွေဟာ ကိုကိုတွေအကြား အလွန်ကို ရေပန်းစားလှပါတယ်။

ဗီတာမင် A ၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B12 ၊ ဗီတာမင် D နဲ့ ဗီတာမင် E တို့ ကြွယ်ဝတဲ့ ငါးရှဉ့်ဟာ အသွင်သဏ္ဍာန်အရ အမျိုးသမီးတွေ သိပ်အကြိုက်မတွေ့တတ်တဲ့ ငါးအမျိုးအစားတစ်မျိုးပေါ့။

ကိုကို အမျိုးသားတွေကတော့ အမျိုးသားကျန်းမာရေးနဲ့ လိင်မူကိစ္စမှာ စွမ်းဆောင်ရည်တိုးစေတယ်ဆိုတဲ့ ယူဆချက်နဲ့ ငါးရှဉ့်ကို အလွန်နှစ်သက်တတ်ကြပါတယ်။ တစ်ချို့များဆို ငါးရှဉ့်နဲ့လုပ်တဲ့ ဟင်းအမည်တွေကို ‘snack for nights’ လို့တောင် တင်စားခေါ်ဝေါ်တတ်ကြပါသေးတယ်။

ဒါပေမယ့် ငါးရှဉ့်ဟာ အမျိုးသားတွေကိုချည်း အကျိုးပြုတဲ့အစားအစာမဟုတ်တာကို သိစေချင်ပါတယ်။ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေနဲ့ Omega-3 တို့ကြွယ်ဝစွာပါဝင်တဲ့ ဒီငါးဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။

ငါးရှဉ့်လေးရဲ့ အစွမ်း

ငါးရှဉ့်ကို ဂျပန်တွေက အူနာဂီ (Unagi) လို့ ခေါ်ပါတယ်။ ဂျပန်ပြည်မှာတော့ လူကြိုက်များလှတယ်လို့ အဆိုရှိပါရဲ့။ ဒီငါးရှဉ့်တွေနဲ့ ပတ်သက်ပြီး စနစ်တကျလေ့လာမှုတွေကိုလည်း ပြုလုပ်ထားကြပါသေးတယ်။

အရှေ့တိုင်းတိုင်းပြည်တွေမှာ ငါးရှဉ့်ပါဝင်တဲ့ဟင်းအမည်တွေကို Diet Food အမျိုးအစားတွေအဖြစ် သတ်မှတ်ကြလေ့ရှိပါတယ်။ ခွန်အားဖြစ်စေသလို အာဟာရဓာတ်ကြွယ်ဝပြီး အရသာလည်းရှိတာမို့ ကျန်းမာဖို့ ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာလို့ မှတ်ယူထားတာကြောင့်ပါပဲ။

ဂျပန်နဲ့ စင်ကာပူက လေ့လာချက်တွေအရဆိုရင်တော့ ငါးရှဉ့်တွေဟာ အမျိုးသားတွေကိုသာမက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း အကျိုးပြုတယ်လို့ဆိုပါတယ်။

ဘယ်လို အကျိုးပြုသလဲဆိုရင်တော့

ရာသီသွေးဆင်းချိန်မှာ နာကျင်မှု သက်သာစေတယ်

ငါးရှဉ့်မှာပါဝင်တဲ့ Omega-3 Fatty Acids ဟာ နှလုံးနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုရုံသာမကပါဘူး၊ လေ့လာချက်တွေအရဆိုရင် အမျိုးသမီးတွေ လစဉ်ကြုံတွေ့ရတဲ့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာကို သက်သာလျော့ပါးစေနိုင်တယ်လို့ အဆိုရှိပါတယ်။

အသားအရေ လှပစေတယ်

ငါးရှဉ့်မှာ ကြွယ်ကြွယ်ဝဝကြီးပါဝင်တဲ့ ဗီတာမင် A က အသားအရေလှပဖို့ အကူအညီပေးပါတယ်။ UV ကြောင့် ဖြစ်ပေါ်လာမယ့် အရေပြားထိခိုက်တာ နာကျင်တာတွေမဖြစ်အောင် ကာကွယ်ပေးသလို အရေးကြောင်းတွေ မဖြစ်ပေါ်လာအောင်လည်း တားဆီးပေးပါသေးတယ်။ Internal Sunscreen လို့တောင် တချို့က တင်စားကြပါသေးတယ်။

ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ငါးရှဉ့်မှာပါဝင်တဲ့ Arginine နဲ့ Amino Acid တွေက အကျိတ်ဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို ရောဂါရှိနေသူတွေကိုလည်း အကျိတ်ကြီးထွားနှုန်း နှေးကွေးသွားစေတဲ့ အကျိုးအာနိသင်မျိုး ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအာနိသင်ကထူးဆန်းစွာပဲ ကင်ဆာတိုင်းပေါ် သက်ရောက်မှုမရှိပဲ ရင်သားကင်ဆာအပေါ်မှာသာ သက်ရောက်နိုင်တယ်လို့ စင်ကာပူပညာရှင်တွေရဲ့ လေ့လာချက်တစ်ခုက ဆိုပါတယ်။

ဦးနှောက်ကို ကျန်းမာစေတယ်

ဦးနှောက်ကောင်းမွန်မှုက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ လိုအပ်ပါတယ်။ အထူးသဖြင့် ငါးရှဉ့်မှာပါဝင်တဲ့ DHA က မှတ်ဉာဏ်ကို အထူးကောင်းမွန်စေပါတယ်။ Journal of Alzheimer’s Disease ကလည်း ဦးနှောက်အတွင်း သွေးလည်ပတ်မှုကောင်းမွန်စေဖို့ ငါးရှဉ့်စားသင့်ကြောင်း တိုက်တွန်းရေးသားဖူးပါတယ်။ အဓိက အားဖြင့် မှတ်ဉာဏ်ချို့ယွင်းတဲ့ Dementia ရောဂါဖြစ်လာနိုင်ခြေကို အများကြီး လျှော့ချပေးနိုင်တာကြောင့်လို့ ဆိုထားပါရဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement