တော်တော်များများက ပိုတက်ဆီယမ်ဓာတ်ရအောင် ငှက်ပျောသီး စားကြပါတယ်။ ကျောက်ကပ်၊ နှလုံးတို့ကအစ ကြွက်သားတွေ၊ အာရုံကြောတွေအထိ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါး ပိုတက်ဆီယမ်ကို လိုအပ်တာကြောင့်ပါ။ ဒါပေမယ့် ငှက်ပျောသီး တစ်မျိုးတည်းကိုပဲ အားကိုးပြီး စားနေဖို့တော့မလိုပါဘူး။ ဒီဓာတ်ကို ရနိုင်တဲ့ တခြားအရင်းအမြစ်တွေက အများကြီးရှိနေသေးလို့ပါ။ ငှက်ပျောသီးလိုပဲ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ က ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။
ငှက်ပျောသီးလိုပဲ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ
ငှက်ပျောသီးအပြင် ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ ကတော့
- ပဲစိမ်း
နှစ်ပြန်ကြော်တွေထဲမှာ ပါတတ်တဲ့ ပဲစိမ်းလေးတွေကို သိမှာပါ။ အဲဒီပဲတွေက ပိုတက်ဆီယမ် ကြွယ်ဝတဲ့အပြင် သံဓာတ်နဲ့ အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ အချိုဓာတ် နဲ့ အဆီဓာတ်တော့ နည်းပါးပါတယ်။
အရွယ်တော် အာလူးလေးတွေမှာ ဗီတာမင်B1၊ B3 နဲ့ B6 တို့လည်း ကြွယ်ဝပါသေးတယ်။ အာလူးကြော် စားမယ့်အစား ကျန်းမာရေးနဲ့ ညီအောင်လို့ မီးဖုတ်စားတာ၊ ပူတင်း လုပ်စားတာ လိုမျိုး နည်းလမ်း အမျိုးမျိုးကို စဉ်းစားသင့်ပါတယ်။
ထောပတ်သီးကို ငှက်ပျောသီးလို တစ်လုံးလုံး စားစရာတောင် မလိုပါဘူး။ တော်ရုံ စားတာနဲ့တင် ပိုတက်ဆီယမ် အပြင် ဗီတာမင် A၊ C၊ E တို့ပါ တော်တော်လေးရနိုင်ပါတယ်။ သူ့မှာပါတဲ့ အကျိုးပြု အဆီဓာတ်တွေကြောင့် ကိုလက်စထရောတောင် ကျနိုင်ပါသေးတယ်။
ဘယ်အချိန်စားစား ရင်အေးစေတဲ့ ဖရဲသီးက ရေဓာတ် ပြည့်ဝစေတဲ့အပြင် ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ lycopene လို အာဟာရဓာတ်တွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။
- နေကြာစေ့
နေကြာစေ့က စားရတာ အလုပ်ရှုပ်လို့ သိပ်မစားဖြစ်တဲ့သူတွေအတွက် အခုဆိုရင် အခွံခွာပြီးသား အစေ့သီးသန့်ဘူးတွေ ဈေးကွက်မှာ ရှိနေပါတယ်။ နေကြာစေ့က ခန္ဓာကိုယ် အတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် စားသုံးသင့်တဲ့ အစေ့အဆန်ထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အခုဆို ကျန်းမာရေးနဲ့ ညီတဲ့ ဟင်းချက်ဆီ အဖြစ် နေကြာဆီကို အသုံးများလာကြပြီ ဖြစ်ပါတယ်။
ပိုတက်ဆီယမ်တင် မကဘူး၊ သူ့မှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ် နဲ့ ဗီတာမင် C တို့ ပါရနိုင်ပါတယ်။ ထမင်းဝိုင်းမှာ ဆီနည်းတဲ့ အရွက်ကြော်လေး တစ်ခွက်ကတော့ မပါမဖြစ် ပါပဲ။
- စပျစ်ခြောက်
အချိုကဲတဲ့ စပျစ်ခြောက်တော့ အမြဲ မစားနဲ့ပေါ့။ မုန့်ထဲ ထည့်လုပ်တဲ့ စပျစ်ခြောက်လေးတွေ ဝယ်ထား၊ စားစရာတွေထဲ ထည့်စားစား၊ ဒီအတိုင်း စားစား အဆင်ပြေပါတယ်။
ခရမ်းချဉ်သီးမှာ lycopene ပါဝင်မှု များတာကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ ကိုလက်စထရော များခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
- လိမ္မော်ရည်
လိမ္မော်ရည် တစ်ခွက်ဟာ ပိုတက်ဆီယမ်၊ ဗီတာမင် C နဲ့တခြား အာဟာရဓာတ်တွေအပြင် အမျှင်ဓာတ်တောင် အဆစ်ပါသေးတာမို့ အစာချေဖျက်မှုအတွက်လည်း ကောင်းပါတယ်။
ပိုတက်ဆီယမ် လိုချင်ရင် ငှက်ပျောသီးလည်း စား၊ ဒါလေးတွေလည်း တစ်လှည့်စီ စားပေးပေါ့။ အာဟာရဓာတ် ညီညွတ်မျှတပြီး ကျန်းမာတဲ့ နေထိုင်မှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
[embed-health-tool-bmr]