brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အညာစာ ပဒုမ္မာကြာဖူး ကျန်းမာရေးအတွက် ကောင်းသလား!

 အညာစာ ပဒုမ္မာကြာဖူး လေးက ကြော်စားစား၊ ကြော်ချက်လေး ချက်စားစား စားလို့ကောင်းသလို ထမင်းလည်း မြိန်စေပါတယ်။ ဒီလို စားလို့ကောင်းတဲ့ အညာစာလေးကို တကူးတက မှာစားရတာလည်း အမောနော်။ ဒီလိုမျိုး စားလေ့ရှိတဲ့ ပဒုမ္မာကြာဖူးက ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

အညာစာ ပဒုမ္မာကြာဖူး ကျန်းမာရေးအတွက် ကောင်းသလား!

အညာစာ ပဒုမ္မာကြာဖူး ဆိုတာ

ပဒုမ္မာကြာဖူး ဆိုတာက ကြာပင်ရဲ့ အဖူးအငုံလေးကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ ရေရှားတဲ့ အညာဒေသ လွင်ထီးခေါင်ပြင်မှာ ပေါက်ရောက်ကြတဲ့ ဆူးတွေပါတဲ့ ကန္တာရဆူးပင် တစ်မျိုးရဲ့ အဖူးအငုံလေးတွေပါ။ အပြင်က ပွင့်ခံဖတ်လေးတွေက အစိမ်းရောင်လေးတွေ ဖြစ်ကြပြီး အထဲက ပွင့်ချပ်လေးတွေက အဖြူရောင်လေးပါ ဝတ်ဆံလေးတွေကတော့ ဝါဖန့်ဖန့် ဖြူနှစ်နှစ်လေးတွေပါ။ 

ပဒုမ္မာကြာဖူးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ!

အညာစာ ပဒုမ္မာကြာဖူး မှာ 

  • သံဓာတ်
  • ကယ်လ်ဆီယမ်
  • ဗီတာမင် A
  • ဗီတာမင် C
  • ဗီတာမင် E
  • အမျှင်ဓာတ်
  • ရေဓာတ်
  • ပိုတက်ဆီယမ်
  • မဂ္ဂနိစ်တို့ ပါဝင်နေပါတယ်။

အညာစာ ပဒုမ္မာကြာဖူး ကျန်းမာရေးအတွက် ကောင်းသလား!

အညာစာ ပဒုမ္မာကြာဖူး ကျန်းမာရေးအတွက် ဘယ်လို ကောင်းတာလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။

  • အရက်နာကျတာကို သက်သာစေနိုင်တယ်

အညာစာ ပဒုမ္မာကြာဖူးက ရေဓာတ်လည်း ကြွယ်ဝတာကြောင့် အရက်နာကျတာကို သက်သာစေပြီး အရက်ကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးတာကိုလည်း သက်သာစေနိုင်ပါတယ်။

  • သွေးအားနည်းတာကို သက်သာစေတယ်

အညာစာ ပဒုမ္မာကြာဖူးမှာ သံဓာတ်ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားနည်းတာကို သက်သာစေနိုင်ပါတယ်။ 

  • အရိုးတွေကို သန်မာစေတယ်

ပဒုမ္မာကြာဖူးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာက အရိုးပါးတာ အရိုးပွတာကို ကာကွယ်ပေးသလို အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • မျက်လုံးတွေကို ကျန်းမာစေတယ်

ပဒုမ္မာကြာဖူးမှာ ဗီတာမင် A ပါဝင်နေတာက မျက်လုံးတွေကို ကျန်းမာစေပြီး အမြင်အာရုံ ပြဿနာတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ ဖြစ်ဖြစ် စားသုံးပေးလို့ ရပါတယ်။ 

  • ကိုယ်ခံအား ကောင်းစေတယ်

အညာစာ ပဒုမ္မာကြာဖူးမှာ ဗီတာမင် C ပါဝင်နေတာက ကိုယ်ခံအား ကောင်းစေပြီး အဖျားသက်သာစေဖို့ရော ဖျားနာမှုကို ကာကွယ်ဖို့ပါ အသုံးပြုပေးနိုင်ပါတယ်။ 

  • အသားအရေ ကျန်းမာစေတယ်

ဗီတာမင် C ပါဝင်နေတဲ့ အညာစာ ပဒုမ္မာကြာဖူးက အသားအရေကို ကျန်းမာစေပြီး ဝက်ခြံ၊ နေလောင်ဒဏ်နဲ့ အမျိုးမျိုးသော အရေပြားပြဿနာတွေကို သက်သာစေပါတယ်။ 

  • ဝမ်းမှန်စေတယ်

အမျှင်ဓာတ်နဲ့ ရေဓာတ် ပါဝင်နေတာက ဝမ်းမှန်စေသလို အူတွေရဲ့ လှုပ်ရှားမှုရော လုပ်ဆောင်မှုတွေပါ ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

  • ဝိတ်ကျစေနိုင်တယ်

အညာစာ ပဒုမ္မာကြာဖူးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ 

  • သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

အညာစာ ပဒုမ္မာကြာဖူးရဲ့ အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောတွေထဲ အဆီတွေ စုပုံတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ 

  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

အမျှင်ဓာတ် ပါဝင်နေတာကြောင့် ပဒုမ္မာကြာဖူးက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး အစားစားပြီးချိန်မှာ ရုတ်တရက်သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • နှလုံးကျန်းမာစေတယ်

ပိုတက်ဆီယမ် ပါဝင်တာက သွေးတိုးကျစေပြီး အမျှင်ဓာတ် ပါဝင်နေတာက သွေးထဲက အဆီတွေကို ကျဆင်းစေနိုင်တာကြောင့် သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေဖို့အတွက် လုပ်ဆောင်ပေးတာကြောင့် နှလုံးကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ 

  • သွေးတိုးကျစေတယ်

ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိဖို့ အသုံးပြုပေးလို့ ရပါတယ်။

  • သိုင်းရွိုက်လုပ်ဆောင်မှု ကောင်းစေတယ်

မဂ္ဂနိစ် ပါဝင်နေတဲ့ ပဒုမ္မာကြာဖူးက သိုင်းရွိုက်ဂလင်းတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး သိုင်းရွိုက်ဟော်မုန်းတွေကို ထိန်းညှိပေးလို့ ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

စိတ်ပျော်ရွှင်စေတယ်

ပဒုမ္မာကြာဖူးက ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်နေတာကြောင့် စိတ်ပျော်ရွှင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ဘာတွေ သတိထားရမလဲ!

ပဒုမ္မာကြာဖူးက ကျန်းမာစေတယ် ဆိုပေမယ့် အများကြီးစားတာမျိုးကတော့ မကောင်းပါဘူး။ အလွန်အကျွံစားတဲ့အခါ 

  • ခေါင်းကိုက်တာ
  • မအီမသာဖြစ်တာ
  • သွေးပေါင်ကျတာ
  • ဝမ်းပျက်ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်ပါတယ်။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံစားတာကို ရှောင်ကြဉ်သင့်ပါတယ်။ 

ပဒုမ္မာကြာဖူးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

အညာစာ ပဒုမ္မာကြာဖူးက ကျန်းမာစေပါတယ်

အညာစာ ပဒုမ္မာကြာဖူးက
  • အရက်နာကျတာကို သက်သာစေနိုင်တယ်
  • သွေးတိုးကျစေနိုင်တယ်
  • သွေးအားကောင်းစေတယ်
  • သွေးတွင်းအဆီကျစေတယ်
  • ဝိတ်ကျစေတယ်
  • နှလုံးကျန်းမာစေတယ်
  • ဝမ်းမှန်စေတယ်
  • သိုင်းရွိုက်ကျန်းမာစေတယ်
  • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
  • စိတ်ပျော်ရွှင်စေတယ်

# ရာသီစာ မန်ကျည်းရွက်လေး စားပေးမယ်ဆိုရင်

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/12/2023 ဖြစ်ပါသည်။