brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်ပံပွင့်လေး စားကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်

နွေဦးမှာ လေရူးတသုန်သုန်နဲ့ ကြွေကျပြီး မြေပြင်မှာ ပြန့်ကျဲနေတတ်တဲ့ လက်ပံပွင့်နီနီလေးက မြင်ရတာ လှသလို လက်ပံပွင့်ကို ရခိုင်သုပ်လေး သုပ်စားတာမျိုး ဖြစ်ဖြစ်၊ အညာသုပ်လေးလို ဆီချက်လေး မြေပဲလေးနိုင်နိုင်နဲ့ သုပ်စားတာကလည်း အတော်လေး စားကောင်းတာပါ။ နောက်ပြီး လက်ပံခေါင်းကို ချဉ်ရည်ချက်စားကြသလို ငပိလေးနဲ့ အတို့အမြှုပ်အဖြစ်လည်း စားကြပါတယ်။ ဒီလိုမျိုး ဘယ်လိုပြင်ဆင် စားစား လက်ပံပွင့်လေး စားကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ် …. ဘယ်လိုမျိုး ကျန်းမာရေး ကောင်းစေတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

လက်ပံပွင့်လေး စားကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်

လက်ပံပွင့် ဆိုတာ

လက်ပံပွင့်ဆိုတာက လက်ပံပင်ရဲ့ အပွင့်ပါ။ ပွင့်ချပ်လေးတွေက အနီရောင်ရဲရဲလေးနဲ့ လိမ္မော်ရောင်လေးတွေ ရှိနိုင်ပါတယ်။ အပွင့်ရဲ့ အညှာက အညိုရောင်မာမာလေးပါ။ ပွင့်ဆံလေးတွေနဲ့ ဝတ်ဆံတိုင်လေးတွေလည်း ပါပါတယ်။ 

လပ်ပံပွင့်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေတာလဲ!

လက်ပံပွင့်မှာ 

  • ပရိုတင်း 
  • ရေဓာတ်
  • အမျှင်ဓာတ်
  • ဗီတာမင် A 
  • ဗီတာမင် C တို့ပါဝင်နေပါတယ်။

လက်ပံပွင့်လေး စားကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်

လက်ပံပွင့်လေး စားကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ် ဘယ်လိုမျိုး ကျန်းမာရေး ကောင်းစေတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

  • လိပ်ခေါင်း သက်သာစေတယ် 

လက်ပံပွင့်ကို ချက်ပြုတ်စားတာက ဝမ်းချုပ်မှု ကင်းစေသလို လိပ်ခေါင်းသက်သာစေနိုင်ပြီး လိပ်ခေါင်းကြောင့် စအိုကနေ သွေးကျတာကို သက်သာစေနိုင်ပါတယ်။ 

  • အနာကျက်စေနိုင်တယ် 

လက်ပံပွင့်ကို ကြိတ်ပြီး အနာပေါ်မှာ လိမ်းပေးတာက အနာကျက်စေနိုင်ပြီး အနာကို ပိုးဝင်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေတယ် 

လက်ပံပွင့် ဒါမှမဟုတ် လက်ပံရွက်ကို စားပေးတာက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ 

  • အပူလောင်နာကိုလည်း သက်သာစေတယ်

အပူလောင်နာကို သက်သာစေဖို့ဆိုရင် လက်ပံပွင့်ချပ်ကို အခြောက်ခံ ပြာချပြီး ဆီလေးနဲ့ လိမ်းပေးတာက အပူလောင်နာကို သက်သာစေနိုင်ပါတယ်။ 

  • အကျိတ်အဖုတွေကို သက်သာစေနိုင်တယ်

လက်ပံပွင့်ကို ခန္ဓာကိုယ်မှာဖြစ်တဲ့ အကျိတ်အဖုတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ လက်ပံပွင့်ကို အနှစ်ဖြစ်အောင် ကြိတ်ပြီး အကျိတ်အဖုတွေပေါ်မှာ လိမ်းပေးလို့ ရပါတယ်။

  • အစာအိမ် အူလမ်းကြောင်း ကျန်းမာစေတယ်

လက်ပံပွင့်က အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ဆီးသွားရ နာကျင်တာ၊ ဆီးသွားရ ခက်တာတွေကို သက်သာစေဖို့ဆိုရင်လည်း လက်ပံပွင့်ကို အသုံးပြုပေးလို့ ရပါတယ်။ လက်ပံခေါင်းကို စားပေးတာကလည်း ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ 

  • သွေးသန့်စေတယ်

လက်ပံပွင့်နဲ့ လက်ပံခေါင်းက သွေးသန့်စေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ လက်ပံပွင့်ကို အသုံးပြုပေးလို့ ရပါတယ်။

  • ရာသီသွေးဆင်းများတာကို သက်သာစေတယ်

ရာသီသွေးဆင်းတာက ကျန်းမာမှုရဲ့ လက္ခဏာ တစ်ခုဆိုပေမယ့် ရာသီသွေးဆင်းများတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးဆင်းများတာကို သက်သာစေဖို့ဆိုရင် လက်ပံပွင့်ကို အသုံးပြုပေးလို့ ရပါတယ်။ 

  • အသားအရေ ကျန်းမာစေတယ်

အသားအရေမှာ ဖြစ်တဲ့ ဝက်ခြံ၊ အမဲစက်နဲ့ အသားအရောင် မညီတာကို သက်သာစေဖို့ဆိုရင်လည်း လက်ပံပွင့်ကို အနှစ်ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက်လိမ်းပေးလို့ ရပါတယ်။ 

  • ချောင်းဆိုး သက်သာစေတယ်

ချောင်းဆိုးနေတယ်ဆိုရင်လည်း လက်ပံပွင့်ကို ငရုတ်ကောင်းလေးနဲ့ တွဲဖက် အသုံးပြုပေးတာက ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ 

  • အအေးမိ သက်သာစေတယ်

အအေးမိတာ ဖျားနာတာတွေကို သက်သာစေဖို့အတွက်လည်း လက်ပံပွင့်ကို အသုံးပြုပေးလို့ ရပါတယ်။ လက်ပံပွင့်က ကိုယ်ခံအား ကောင်းစေပြီး အဖျားအနာ ကင်းစေဖို့လည်း လုပ်ဆောင်ပေးနိုင်ပါတယ်

လက်ပံပွင့်လေးက အမြင်လေး လှသလို စားရလည်း ကောင်းပြီး အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေကိုလည်း ရရှိစေနိုင်ပါတယ်။ 

ဘာတွေ သတိထားရမလဲ!

လက်ပံပွင့်က ကျန်းမာစေတယ် ဆိုပေမယ့် အများကြီးစားတာမျိုးကတော့ မကောင်းပါဘူး။ အလွန်အကျွံစားတဲ့အခါ 

  • ခေါင်းကိုက်တာ
  • မအီမသာဖြစ်တာ
  • သွေးပေါင်ကျတာ
  • ဝမ်းပျက်ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်ပါတယ်။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံစားတာကို ရှောင်ကြဉ်သင့်ပါတယ်။ 

ဓာတ်မတည့်ဖြစ်နိုင်ခြေများတဲ့အတွက် အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ တည့်မတည့် စမ်းဖို့ လိုပါတယ်။

လက်ပံပွင့်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

လက်ပံပွင့်က ပေးတဲ့ ကောင်းကျိုး

လက်ပံပွင့် နဲ့ လက်ပံခေါင်းလေးက 
  • လိပ်ခေါင်းသက်သာစေတယ်
  • အနာကျက်စေတယ်
  • ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေတယ်
  • အပူလောင်နာကို သက်သာစေတယ်
  • အကျိတ်အဖုတွေကို သက်သာစေတယ်
  • သွေးသန့်စေတယ်
  • ရာသီသွေးဆင်းများတာကို သက်သာစေတယ်
  • အသားအရေ ကျန်းမာစေတယ်
  • ချောင်းဆိုး သက်သာစေတယ်
  • ကိုယ်ခံအား ကောင်းစေတယ်

# မန်ကျည်းရွက် ကျန်းမာရေး ကောင်းစေတယ်

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။