brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆင်ခရမ်းချဉ်သီး ကျန်းမာစေသလား။

ခရမ်းချဉ်သီးတွေမှာ ပန်းခရမ်းချဉ်သီး၊ ချယ်ရီခရမ်းချဉ်သီး၊ ကိုင်းခရမ်းချဉ်သီး၊ ဆင်ခရမ်းချဉ်သီး ဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။ ခရမ်းချဉ်သီး မျိုးရင်းဆိုပေမယ့် အနှစ်များတာ၊ အသားထူတာ၊ အရသာက အချဉ်စူးတာ၊ ချိုတာ၊ အခါးဘက်လုတာဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။

ဆင်ခရမ်းချဉ်သီး ကျန်းမာစေသလား။

ဒီလို ခရမ်းချဉ်သီး အမျိုးမျိုး ရှိတဲ့အထဲကမှ ဆင်ခရမ်းချဉ်သီးက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဆင်ခရမ်းချဉ်သီး ဆိုတာ

ဆင်ခရမ်းချဉ်သီး ဆိုတာက ခရမ်းချဉ်သီး တစ်မျိုးပါပဲ။ အခွံက မမှည့်ခင်မှာ အစိမ်းရောင်ဖြစ်ပြီး မှည့်လာချိန်မှာ အနီရောင်၊ အဝါရောင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အသားက အခြား ခရမ်းချဉ်သီးတွေထက် ထူပြီး နည်းနည်းလည်း မာပါတယ်။

အရသာက နည်းနည်းလေး သက်ပါတယ်။ ရခိုင်ဟင်းလျာတွေထဲမှာ အများဆုံး ပါတတ်ပါတယ်။

ဆင်ခရမ်းချဉ်သီးမှာပါတဲ့ အာဟာရဓာတ်တွေ

ဆင်ခရမ်းချဉ်သီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ဆင်ခရမ်းချဉ်သီး ကျန်းမာစေသလား။

ဆင်ခရမ်းချဉ်သီး ကျန်းမာစေသလား။

ဆင်ခရမ်းချဉ်သီး ကျန်းမာစေသလား ဆိုတော့ ဒီခရမ်းချဉ်သီးက အသီးတင်မဟုတ်ဘဲ တစ်ပင်လုံးက ဆေးဖက်ဝင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်။

ဗီတာမင် A နဲ့ C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။

ဆီးချို ကာကွယ်ပေးတယ်။

ခါးသက်သက် အရသာလေးနဲ့ ဆင်ခရမ်းချဉ်သီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက ဆီးချိုကာကွယ်ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်။

ပိုတက်ဆီယမ် ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး သွေးကြောတွေကို ပြေလျော့စေကာ သွေးစီးဆင်းမှု ကောင်းမွန်စေတာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သွေးအားကောင်းစေတယ်။

သံဓာတ်ပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ရာသီလာချိန် ကိုက်ခဲတာကို သက်သာစေနိုင်တယ်။

ရေဓာတ်ပြည့်ဝမှုက လေဒီတွေကို ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သားအိမ်ကို ကျန်းမာစေပြီး လေဒီတွေရဲ့ မျိုးပွားစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

သွေးလည်ပတ်မှု ကောင်းစေတယ်။

ဗီတာမင် K ပါဝင်နေတာကြောင့် သွေးကြောတွေကို သန်မာစေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

လေထိုးလေအောင့် သက်သာစေတယ်။

ဆင်ခရမ်းချဉ်သီးက လေထိုးလေအောင့်တာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။

အသားအရေ လှပစေတယ်။

ဆင်ခရမ်းချဉ်သီးကလည်း ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီးပဲ ဖြစ်တာကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သန်ကျစေနိုင်တယ်။

အစာခြေစနစ်ထဲက သန်ကောင်တွေ ကျစေဖို့အတွက်လည်း ဆင်ခရမ်းချဉ်သီးက သဘာဝ သန်ချဆေးအနေနဲ့ လုပ်ဆောင်ပေးပါသေးတယ်။

အရောင်ကျစေနိုင်တယ်။

အရိုးအဆစ်တွေ၊ ကြွက်သားတွေနဲ့ အရေပြား ရောင်ရမ်းတာတွေကို သက်သာစေဖို့အတွက်လည်း ဆင်ခရမ်းချဉ်သီးက ထောက်ကူပေးနိုင်ပါတယ်။

ကဲ ……. ဆင်ခရမ်းချဉ်သီးလေးက အခုလို ဆေးဖက်ဝင်ပါတယ်။

ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။

ဆင်ခရမ်းချဉ်သီးက ကျန်းမာရေး အကျိုးကျေးဇူး များတယ် ဆိုပေမယ့်လည်း

  • ကိုယ်ဝန်ဆောင်တွေ
  • နို့တိုက်မိခင်တွေ
  • ရောဂါအခံရှိသူတွေ
  • ကလေးငယ်တွေ
  • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။ အလွန်အကျွံမစားမိဖို့လည်း သတိပြုသင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/03/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။