backup og meta

သံပုရာသီးကပေးတဲ့ ကျန်းမာရေး

ဖျော်ပဲသောက်သောက်၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတွေထဲကိုပဲ ညှစ်ထည့်ပြီးစားစား စားရတာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးက ဘယ်လို ကျန်းမာရေး အကျိုးအာနိသင်တွေများရှိလဲဆိုတာကို ကြည့်လိုက်ရအောင်လား…………..

သံပုရာသီးကပေးတဲ့ ကျန်းမာရေး

သံပုရာသီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ

အချဉ်အရသာရှိတဲ့ သံပုရာသီးလေးမှာ

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အဆီ
  • အမျှင်ဓာတ်
  • ဗီတာမင် C
  • သံဓာတ်
  • ကယ်လ်ဆီယမ်
  • ဗီတာမင် B6
  • Thiamine
  • ပိုတက်ဆီယမ်
  • niacin
  • folate
  • phosphorus
  • riboflavin
  • မဂ္ဂနီဆီယမ် တို့ ပါဝင်ပါတယ်။

သံပုရာသီးကပေးတဲ့ ကျန်းမာရေး

ချဉ်ပြီး ခံတွင်းရှင်းစေတဲ့ သံပုရာသီးကပေးတဲ့ ကျန်းမာရေး ကတော့

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေ များပြားတာက ဆဲလ်တွေကို ပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

သံပုရာသီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုတင် ကာကွယ်ပေးတာမဟုတ်ဘဲ နာတာရှည်ရောဂါတွေ မဖြစ်အောင်ပါ ကာကွယ်ပေးမှာပါ။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

သံပုရသီးမှာ ဗီတာမင် C ကြွယ်ဝတာ​ကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က သွေးဖြူဥဆဲလ် ထွက်ရှိမှုကို တိုးစေဖို့ ကူညီပေးပြီး ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ဗီတာမင် C က အနာကျက်မြန်စေသလို ရောင်ရမ်းမှုကို သက်သာစေပြီး ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်စေသလို ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

အရေပြား ကျန်းမာစေနိုင်တယ်

သံပုရာသီးက အသားအရေကို ကျန်းမာလှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါတယ်။ ဗီတာမင် C ပါဝင်သလို ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ အရေးအကြောင်းဖြစ်တာကို လျော့ပါးစေပြီး အသားအရေခြောက်သွေ့မှုကင်းပြီး အရေပြားပြဿနာ ကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

နှလုံးရောဂါ ကာကွယ်ပေးတယ်

နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုအမြင့်ဆုံးရောဂါတစ်ခုပါ။ ဒီပြဿနာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးကို စားပေးလို့ရပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတယ်

သံပုရာသီးက ကျောက်ကပ် ​ကျောက်ကပ်မတည်အောင် ကာကွယ်ပေးပါတယ်။ သံပုရာသီးမှာပါတဲ့ citric acid ကကျောက်ကပ် ကျောက်မတည်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးတယ်

သံဓာတ်က သွေးနီဥဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးသလို ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့တာကို အားဖြည့်ပေးပါတယ်။ ကိုယ်တွင်းမှာ သံဓာတ်နည်းမယ်ဆိုရင် ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်သလို ဆံသား နဲ့ အသားအရေတွေ ခြောက်သွေ့ပါတယ်။

ဗီတာမင် C ကတော့ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှုကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကင်ဆာအချို့ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ကင်ဆာရောဂါကို ကာကွယ်ချင်တယ်ဆိုရင် သံပုရာသီးလိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ လေ့လာမှုတွေအရ သံပုရာသီးက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို၊ ကင်ဆာဆဲလ်တွေ ကြီးထွားမလာအောင် ဟန့်တားပေးနိုင်ပါတယ်။

လေ့လာမှုအရ သံပုရာသီးက အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ ရင်သားကင်ဆာ တို့ကို ကာကွယ်ပေးနိုင်တယ်၊ လို့တွေ့ရှိ ခဲ့ရပါတယ်။

ဘာတွေ သတိထားရမလဲ!

သံပုရာသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အများကြီး စားမိရင် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါအခံ ရှိသူတွေ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What are the health benefits of lemons vs. limes? https://www.medicalnewstoday.com/articles/325228 Accessed Date 10 May 2020

38 Benefits Of Lime For Skin, Hair, And Health https://www.stylecraze.com/articles/benefits-of-lime-for-skin-hair-and-health/ Accessed Date 10 May 2020

Limes: A Citrus Fruit with Powerful Benefits https://www.healthline.com/nutrition/limes Accessed Date 10 May 2020

ယခုပုံစံ

17/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချို နဲ့ သံပရိုသီး

သံပရိုသီး နဲ့ ကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/05/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ