brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

အစားတွေတော့ စားနေပါရဲ့။ အားမရှိသလိုပဲ ခံစားနေရတယ်။ ဘာကြောင့်များလဲလို့ တွေးရခက်နေလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင်လိုချင်နေတဲ့အဖြေကို ပေးနိုင်မှာပါ။ ကဲ … အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ ဆိုတာ ကိုယ်တိုင် ဆန်းစစ် လိုက်ပါ။

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

အားရှိဖို့ အစားစားတာ မှန်ပေမယ့် အစားအစာ ရွေးချယ်မှု မှားတာ၊ စားသောက်မှု ပုံစံ မှားယွင်းတဲ့အခါ စားလိုက်ပေမယ့် ခန္ဓာကိုယ်ထဲမှာ အားမရှိသလို အားအင်တွေ ကုန်ခမ်း သွားသလို ခံစားရစေနိုင်ပါတယ်။ ဒီတော့ ဘယ်လို အစားအစာတွေက အားအင်ကုန်ခမ်းစေသလဲ ဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

အစာစားတဲ့အခါ ဒါတွေကို စားမိမယ်ဆိုရင် အားအင်ကုန်ခမ်း သလို ခံစားရနိုင်ပါတယ်။ အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ ဆိုတာကတော့ အတူတူ ကြည့်လိုက်ရအောင်နော်။

အားဖြည့် အချိုရည်တွေ

အားဖြည့် အချိုရည်တွေက သောက်ပြီးပြီးချင်းမှာ အားအင် ပြည့်ဝသွားသလို ခံစားရစေပေမယ့် ခဏတာပါပဲ။ ကဖင်း နဲ့ သကြားဓာတ်​ကြောင့် အားအင်ပြည့်ဝသလို ခံစားရစေတာပါ။

သွေးတွင်းက သကြားဓာတ် ပြန်ပြီး ကျသွားချိန်မှာတော့ သင့်ကို အားအင်ကုန်ခမ်းသွားသလို ခံစားရစေမှုနဲ့အတူ ခြေကုန်လက်ပမ်းကျ သွားစေမှာပါ။ အားဖြည့် အချိုရည်က ပုံမှန်ထက် ခန္ဓာကိုယ်ကို ပိုပြီး ပင်ပန်းစေပါတယ်။

အချိုရည်

အချိုရည်တွေက သကြားလွန်ကဲစွာ ပါဝင်နေတဲ့ အစားအသောက် တစ်မျိုးပါ။ အချိန်တို အတွင်းမှာ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ နောက်တစ်ချက်က အချိုရည် အများစုမှာ ကဖင်း ပါဝင်နေတာပါပဲ။

ကဖင်းက လန်းဆန်း တက်ကြွစေတာ မှန်ပေမယ့် အိပ်စက်မှုကို ထိခိုက်စေပြီး ခန္ဓာကိုယ်ကို အင်အား ကုန်ခမ်းစေပါတယ်။ အချိုရည် များများသောက်လေ အားအင် ကုန်ခမ်းမှု များလေလေပါ။

အယ်လ်ကိုဟော

အယ်လ်ကိုဟောကို ညစာစားချိန်မှာ နည်းနည်းလောက် ဆေးဖြစ်ဝါးဖြစ် သောက်ပေးတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ပြောကြမယ့် အယ်လ်ကိုဟောကို အများကြီး သောက်မိပြီဆိုရင် အိပ်ပျော်ဖို့ ခက်ပါပြီ။

ဒီလို အိပ်စက်မှုမှာ အနှောင့် အယှက် ဖြစ်စေတာက နောက်တစ်နေ့မှာ အားအင် ကုန်ခမ်းမှုကို ဖြစ်စေပါတယ်။

ကော်ဖီ

ပေါင်မုန့် အဖြူ

ပေါင်မုန့် အဖြူက သကြားပါဝင်မှု များပြီး အမျှင်ဓာတ် ပါဝင်မှုက နည်းပါတယ်။ ခဏကိုယ်က ချေဖျက်လွယ်စေတာကြောင့် အင်အား မြန်မြန် ပြည့်စေသလို ခပ်မြန်မြန်ပဲ အားအင် ကုန်ခမ်းသွားစေပါတယ်။

ကယ်လ်လိုရီ နည်းတဲ့ အစားအစာတွေ

ခန္ဓာကိုယ်မှာ အင်အား ပြည့်နေစေဖို့ဆိုရင် ကယ်လ်လိုရီ များများ လိုအပ်ပါတယ်။ ကယ်လ်လိုရီ နည်းတဲ့ အခါ ဆာလောင်မှုကို ခံစားမိသလို ဇီဝကမ္မဖြစ်စဉ် နှေးသွားပြီး အင်အားလည်း နည်းသွားပါတယ်။

ဒါ​ကြောင့် အစား မစားဘဲ နေတာမျိုး မလုပ်ပါနဲ့။ ကယ်လ်လိုရီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။

သံဓာတ် နည်းတဲ့ အစားအစာတွေ

သံဓာတ်က စားသုံးလိုက်တဲ့ ကယ်လ်လိုရီကို ခန္ဓာကိုယ်အတွက် အင်အားအဖြစ် ပြောင်းလဲ ပေးပါတယ်။ သံဓာတ် နည်းတဲ့အခါ ခန္ဓာကိုယ်က အားနည်းတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရစေနိုင်ပါတယ်။

ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ သံဓာတ်ပြည့်ဝတဲ့ အနီရောင် အသားတွေ၊ ပဲနီလေး၊ အခွံမာသီး၊ ပဲအမျိုးမျိုး စတာတွေကို စားသုံးပေးပါ။

ဆီကြော်စာတွေ

ဆီကြော်စာ၊ အထပ်ထပ် ကြော်ထားတဲ့ အစားအစားတွေက ခန္ဓာကိုယ်ကို ချေဖျက်ရ ခက်စေပါတယ်။ ဆီကြော်စာတွေ စားလိုက်တဲ့အခါ ခန္ဓာကိုယ်က ခက်ခက်ခဲခဲ ချေဖျက်ရတာပါ။ ဒီလိုလုပ်ဆောင်ရမှုက ကိုယ်တွင်းအင်္ဂါတွေကို တော်တော်လေး ဝန်ပိစေပါတယ်။

ဆီကြော်စာတွေက စားရတာ ခံတွင်းတွေ့ပေမယ့် စားပြီး ၆ နာရီကနေ ၈ နာရီအတွင်းမှာ အားအင် ကုန်ခမ်းသလို ခံစားရစေနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။