ပလတ်စတစ်ဆာဂျရီဆိုတာကတော့ ပြင်ပရုပ်ပုံသဏ္ဌာန်နဲ့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ခွဲစိတ်ကုသမှုတွေ ဖြစ်ပါတယ်။ ရင်သားခွဲစိတ်မုှကနေ မျက်အိတ်ခွဲစိတ်ကုသမှုနဲ့ ပတ်သက်တဲ့အထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ခွဲစိတ်မှုဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးနဲ့ နောက်ဆက်တွဲပြဿနာ အနည်းနဲ့အများ ဆိုသလို ရှိပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ပလတ်စတစ်ဆာဂျရီ ပြုလုပ်ခြင်းတွေမှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြဿနာများပဲ ဖြစ်ပါတယ်။