backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အပူကြောင့်ကြွက်တက်ခြင်း (Heat cramps)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အပူကြောင့်ကြွက်တက်ခြင်း (Heat cramps)

အပူကြောင့်ကြွက်တက်ခြင်း သည် ခဏတာ ကြွက်သားနာကျင်မှုဖြစ်ပြီး ကြွက်သားများ သူ့အလိုလို တောင့်တင်းလာခြင်း၊ တဆတ်ဆတ်လှုပ်ခြင်းတို့ ဖြစ်နိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နေစဉ် ပူပြင်းသောပတ်ဝန်းကျင်တွင် အလုပ်လုပ်နေစဉ်နှင့် နာရီအနည်းငယ်အကြာတွင် ဖြစ်နိုင်သည်။

အပြင်းအထန် အလုပ်လုပ်ရသော ကြွက်သားများဖြစ်သည့် ခြေသလုံး၊ ပေါင်နှင့် ပုခုံးတို့တွင် ဖြစ်လေ့ရှိသည်။

အပူကြောင့်ကြွက်တက်ခြင်း ရဲ့လက္ခဏာတွေက ဘာတွေလဲ

တိုတောင်းသော၊ ပြတ်တောင်းပြတ်တောင်းဖြစ်သော၊ သူ့အလိုလိုဖြစ်၍ အလိုလိုပျောက်သွားတတ်သော ကြွက်သားနာကျင်မှု ဖြစ်သည်။

အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်း ရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့် ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အပူကြောင့် ကြွက်တက်သည့် နာကျင်မှုသည် အနားယူခြင်း၊ ရေနှင့် ဓာတ်ဆားများသောက်သုံးခြင်းတို့ အပြီးတွင် မသက်သာလျှင် ဆေးကုသမှု ခံယူရန်လိုသည်။

အောက်ပါအခြေအနေများတွင် ဆရာဝန်ပြပါ။

  • ပျို့အန်နေခြင်းကြောင့် ရေလုံလောက်စွာ မသောက်နိုင်လျှင် အကြောဆေးသွင်း၍ ရေဓာတ်ဖြည့်ရန် လိုနိုင်သည်။
  • အပူဒဏ်ကြောင့် သတိလစ်မေ့မျောခြင်း ဖြစ်လျှင်
  • အပူဒဏ်ကြောင့် မူးဝေခြင်း၊ နုံးချိခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမဝခြင်း၊ ကိုယ်အပူချိန်တက်ခြင်း (၁၀၄ဒီဂရီကျော်လျှင်) တို့တွင် ချက်ခြင်းဆေးကုသမှု ခံယူသင့်သည်။
  • အပူကြောင့်ကြွက်တက်ခြင်းကို ဘာတွေက ဖြစ်စေသလဲ

    တိကျသော အကြောင်းရင်းမှန်ကို မသိသေးပါ။ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်စသည့် အရေးကြီးသော ဆားဓာတ်များ ဆုံးရှူံးခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုဆားဓာတ်များသည် ကြွက်သားများ၏ လှုပ်ရှားမှုတွင် ပါဝင်ပြီး ၎င်းတို့ မညီမျှမှုကြောင့် ပြဿနာဖြစ်နိုင်သည်။

    ချွေးတွင် ဆိုဒီယမ်အများအပြားပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှု မလုံလောက်သော အရည်များကို သောက်ခြင်းဖြင့် ဆိုးရွားသော သွေးတွင်းဆိုဒီယမ်နည်းသည့် အခြေအနေဖြစ်နိုင်သည်။ အချို့စက်ရုံများတွင် အလုပ်သမားများကို ဆားဓာတ်ကြွယ်ဝသော အစားအစာများကျွေးခြင်းဖြင့် ကြွက်တက်ခြင်း လုံးဝမဖြစ်အောင် စီစဉ်ထားသည်။

    အပူကြောင့်ကြွက်တက်ခြင်း ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    ရောဂါဖြစ်ပွားမှု မြင့်တက်စေသည့် အကြောင်းအရင်းများ

    • မွေးကင်းစနှင့် ကလေးများ (၄င်းတို့သည် အပူကို ရှောင်ရန်၊ သင့်တော်သော အဝတ်ဝတ်ရန်နှင့် အရည် အလုံအလောက် သောက်ရရန် သူတပါးကို မှီခိုရသောကြောင့်ဖြစ်စည်။ ထို့ကြောင့် မွေးကင်းစကလေးများကို အနှီးဖြင့် ကြပ်ကြပ်ထုပ်ခြင်းသည် ချွေးများအငွေ့ပျံရန် လိုအပ်သော အရေပြားပေါ်လေထိခြင်းကို ကာထားစေသဖြင့် ရှောင်ကြဉ်ရမည်။)
    • နှလုံးရောဂါ၊ အဆုတ်ရောဂါ စသည်တို့ရှိသော သက်ကြီးရွယ်အိုများသည် ရေဓာတ်ခမ်းခြောက်လွယ်သည်။
    • တစ်ဦးတည်းသီးသန့်နေသူများ၊ မိမိဘာသာ အပူချိန်ကျရန် မတတ်နိုင်သူများသည် အပူဒဏ်ကို ပိုခံရနိုင်သည်။
    • ချွေးထွက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် ထိန်းညှိခြင်းကို ထိခိုက်စေသောဆေးများ (ဥပမာ စိတ်ရောဂါအတွက် ဆရာဝန်ပေးသောဆေးများ၊ စိတ်ငြိမ်ဆေးများ၊ အလွယ်တကူ ဝယ်သောက်နိုင်သော အဖျားကျဆေးများ)
    • အရက်သောက်ခြင်း
    • ကိုယ်လက်လှုပ်ရှားမှုကြောင့် ချွေးထွက်များနေချိန်တွင် ဆားဓာတ်မပါသော ရေနှင့် အရည်အများအပြားသောက်သုံးခြင်းနှင့်
    • ပူပြင်းသော ပတ်ဝန်းကျင်တွင် အလေ့အကျင့်မရှိသေးဘဲ အလုပ်စလုပ်ကာစ ရက်ပိုင်းတွင် အပူကြောင့်ကြွက်တက်ခြင်း ပိုဖြစ်နိုင်သည်။

    အပူကြောင့်ကြွက်တက်ခြင်းကို ဘယ်လိုအတည်ပြုပါသလဲ

    ရောဂါရာဇဝင်မေးခြင်းဖြင့် သိနိုင်သည်။ ကြွက်တက်သည့် လူနာအလုပ်လုပ်နေသော ပတ်ဝန်းကျင်အကြောင်း သိရန် အရေးကြီးသည်။

  • အပူချိန်
  • စိုထိုင်းမှု
  • လေဝင်လေထွက်
  • ဘယ်လောက်ကြာအောင် ဘာလုပ်နေခဲ့သလဲ
  • ဘယ်အချိန်မှာ စပြီး ကြွက်တက်လာသလဲ၊ ဘယ်ကြွက်သားမှာ ဖြစ်တာလဲ
  • ချွေးရောထွက်သလား
  • ပူပြင်းသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်သော အလေ့အကျင့်ရှိ သလား
  • ရေအလုံအလောက် သောက်ရဲ့လား စသည်တို့ကို မေးရမည်။
  • ဆီးအရောင်သည်လည်း အရေးကြီးသည်။ ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်လာလျှင် ကျောက်ကပ်က ရေကို ထိန်းသိမ်းထားပြီး ပိုပျစ်သော၊ အနံ့ပြင်းသော၊ အဝါရောင်ရင့်ရင့်ဆီးကို ထုတ်ပေးသည်။ ခန္ဓာကိုယ်ရေဓာတ် အပြည့်အဝရှိလျှင် ဆီးအရောင်ကြည်သည်။

    လူနာကိုစ မ်းသပ်လျှင် အများအားဖြင့် ပုံမှန်အတိုင်းဖြစ်နေမည်။ ရေဓာတ် အပြည့်အဝပြန်မဖြည့်ရသေးလျှင် ကြွက်တက်သောနေရာကို ထိလျှင်နာနေပြီး လှုပ်ရှားလျှင်လည်းနာမည်။ ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများဖြစ်သည့်

    • ပါးစပ်နှင့် လျှာခြောက်နေခြင်း
    • ချိုင်းကြားနှင့် ပေါင်ခြံတို့တွင် ချွေးမထွက်ခြင်း
    • ဆီးသွားနည်းလာခြင်းတို့ တွေ့ရမည်။
    • သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း တို့လည်းဖြစ်နိုင်သည်။
    • လူနာ၏ မတ်တပ်ရပ်နေချိန် သွေးပေါင်ချိန်သည် လှဲနေချိန်ထက် အလွန်နည်းနေမည်။

    အပူကြောင့်ကြွက်တက်ခြင်း ကို ဘယ်လိုကုသပါသလဲ

    ဆရာဝန်က သင့်ကို အပူကြောင့်ဖြစ်သည့် အခြားပိုပြင်းထန်သော ရောဂါများရှိမရှိ စစ်ဆေးပြီး လိုအပ်သည့် အကြောဆေးများပေး၍ ရေဓာတ်ပြန်ဖြည့်ပေးမည်။

    နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    • အေးသောနေရာတွင် အနားယူပြီး ဓာတ်ဆားပါသော အချိုရည်/ရေအေးအေးသောက်ပါ။
    • ဓာတ်ဆား အလွယ်မရလျှင် ရေတစ်လီတာတွင် အိမ်သုံးဆား လက်ဖက်ရည်တစ်ဇွန်း၏ ၁/၂ နှင့် သကြား လက်ဖက်ရည်ဇွန်း ၆ဇွန်းကို ရော၍ ကိုယ်တိုင်ဓာတ်ဆားဖျော်ရည် ဖျော်နိုင်သည်။
    • ဆားဆေးပြားများသည် ဗိုက်အောင့်စေတတ်ပြီး လိုအပ်သည့် အရည်များကို ပြန်မဖြည့်ပေးနိုင်သဖြင့် မသုံးသင့်ပါ။
    • ပူပြင်းသော ပတ်ဝန်းကျင်တွင် အလေ့အကျင့်မရှိသေးဘဲ အလုပ်စလုပ်ကာစ ရက်ပိုင်းတွင် အပူကြောင့်ကြွက်တက်ခြင်းကို ခံစားရနိုင်သည်။ အလေ့အကျင့်ရသွားပြီး လိုအပ်သောအရည်ကို ပြန်သောက်ပေးပါက ထိုသို့ဖြစ်နိုင်ခြေ နည်းသွားလိမ့်မည်။

    သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. May Myat Hnin Aung မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement