backup og meta

သိထားဖို့လိုမယ့် ကျန်းမာရေး အာမခံ အကြောင်း

ရည်ရွယ်ချက်အမျိုးအစားများရွေးချယ်နည်းTakeaways

အာမခံ ဆိုတဲ့ စကားရပ်က မြန်မာ လူမျိုးတွေနဲ့ အရင်က သိပ်မရင်းနှီးခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အာမခံ လုပ်ငန်းတွေ များပြားလာတာနဲ့အတူ အာမခံဆိုတဲ့ စကားရပ်ကို တဖြည်းဖြည်းတော့ ရင်းနှီးလာကြပါပြီ။ ဒီလို ရင်းနှီးလာပေမယ့်လည်း အာမခံ အမျိုးအစား တစ်မျိုးချင်းစီကို သေသေချာချာ ရင်းနှီးသူကတော့ နည်းနေဆဲပါ။ ဒီတစ်ခေါက်တော့ လူတိုင်းအတွက် အရေးကြီးတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေး အာမခံ အကြောင်းကို ပြောပြပေးချင်ပါတယ်။

သိထားဖို့လိုမယ့် ကျန်းမာရေး အာမခံ အကြောင်း

ကျန်းမာရေး အာမခံဆိုတာ

ကျန်းမာရေးအာမခံဆိုတာက ဆေးကုသမှု ကုန်ကျစရိတ်တွေ၊ ခွဲစိတ်ကုသမှုတွေအတွက် ပေးချေရမယ့် ကုန်ကျစရိတ်တွေကို ကာမိစေဖို့ လုပ်ဆောင်ထားတဲ့ အာမခံ တစ်မျိုးပါ။ အာမခံ ထားထားတာကြောင့် ကျန်းမာရေး ပြဿနာ တစ်ခုခု ကြုံလာတဲ့အခါ အာမခံထားထားတဲ့ ကုမ္ပဏီ ဘက်က အပြည့်အဝကို ဖြစ်စေ ကုန်ကျစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ပေးချေပေးမှာ ဖြစ်ပါတယ်။

လစဉ်ကြေး ပေးသွင်းတာ ဒါမှမဟုတ် နှစ်စဉ်ကြေး ပေးသွင်းတာမျိုး လုပ်ပြီး ကျန်းမာရေး အာမခံကို ဝယ်ယူထားဖို့တော့ လိုပါမယ်။

ကျန်းမာရေး အာမခံရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။

ကျန်းမာရေး အာမခံရဲ့ အဓိက ရည်ရွယ်ချက်က မျှော်လင့်မထားတဲ့ ကျန်းမာရေး ကုန်ကျစရိတ်တွေနဲ့ အကုန်အကျ များလွန်းလှတဲ့ ကုန်ကျစရိတ်တွေ ကုန်ကျမှုကနေ ကာကွယ်ပေးဖို့ပါ။ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ကုန်ကျစရိတ်တွေ များစွာ ကျတဲ့အခါ ကုန်ကျစရိတ်ကို လုံးဝ ပေးစရာမလိုဘဲ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကိုပဲ ပေးပြီး ဆေးကုသမှု ပြည့်ပြည့်ဝဝ ခံယူနိုင်ဖို့ ဖြစ်ပါတယ်။

ကျန်းမာရေး အာမခံထားရှိခြင်းကြောင့် ကာကွယ်ဆေး ထိုးနှံတာ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူတာနဲ့ ကျန်းမာရေးအရ ဆေးစစ်တာတွေကို အခမဲ့ ကုသစစ်ဆေးမှု ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နှုန်းအတွင်း ရှိတဲ့ စစ်ဆေးကုသမှုတွေကိုပေါ့။

ကျန်းမာရေး အာမခံ အမျိုးအစားများ

ကျန်းမာရေး အာမခံက အခြေခံအားဖြင့် အမျိုးအစား (၂) မျိုး ရှိပါတယ်။

 Mediclaim Plans (သာမန် ကျန်းမာရေးအာမခံ)

Mediclaim plan လို့ခေါ်သလို hospitalisation plan လို့လည်း ခေါ်ပါတယ်။ အခြေခံအကျဆုံး ကျန်းမာရေး အာမခံအမျိုးအစားပါ။ ဒီအာမခံ အမျိုးအစားထဲမှာ ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုကြောင့် ကုန်ကျစရိတ်တွေကို ဆေးရုံကဆင်းတဲ့အချိန်မှာ ပေးချေပေးတာ ပါဝင်ပါတယ်။ ပေးချေမှု မှတ်တမ်း ပြသဖို့ လိုပါမယ်။ ဆေးကုသမှု အမှန်တကယ် ကုန်ကျစရိတ်ကို ပေးချေပေးမှာ ဖြစ်ပါတယ်။ အကန့်အသတ် တစ်ရပ်တော့ ရှိနိုင်ပါတယ်။  

Critical Illness Insurance Plans (ပြင်းထန်နာမကျန်းမှု ကျန်းမာရေးအာမခံ)

ဒီ ကျန်းမာရေး အာမခံအမျိုးအစားမှာ အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ ရောဂါတွေ အားလုံးပါဝင်ပါတယ်။ ရောဂါတွေအတွက် ကာလကြာရှည် ကုသမှု ခံယူရတာ ဘဝအခြေအနေ ပြောင်းလဲသွားတာတွေအတွက် ထောက်ပံ့ပေးမယ့် အာမခံ အမျိုးအစားပါ။

ဒီ အာမခံ အမျိုးအစားထဲမှာ ထိခိုက်မှုကြောင့် အလုပ်ခွင် ပြန်မဝင်နိုင်ခင်မှာလည်း လစဉ် ဝင်ငွေလိုမျိုး ထောက်ပံ့ပေးသွားတာမျိုးလည်း ပါဝင်ပါတယ်။ ဒီလို အာမခံ အမျိုးအစား တစ်မျိုးချင်းစီအတွက် ပေးတဲ့ ဝန်ဆောင်မှုက ကုမ္ပဏီ တစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး။

ကျန်းမာရေး အာမခံအစီအစဉ် ဘယ်လို ရွေးမလဲ။

ကျန်းမာရေး အာမခံက လူတိုင်းလိုလို ဝယ်ယူထားသင့်တဲ့ အာမခံ အမျိုးအစားပါ။ အကြောင်းကတော့ လူတိုင်းအတွက် ကျန်းမာရေးက အရေးကြီးလို့ပါ။ ကျန်းမာရေး ပြဿနာ တစ်ခုခု ဖြစ်လာတဲ့အခါ အရေးပေါ် အခြေအနေတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့က ကျန်းမာရေး အာမခံကို ဝယ်ထားတာ မမှားပါဘူး။

ကျန်းမာရေး အာမခံရွေးတဲ့အခါ အကောင်းဆုံး ဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။

  • ပြင်းထန် နာမကျန်းမှုတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ထောက်ကူပေးနိုင်မလဲ။ (ပမာဏ များများ ထောက်ပံ့ပေးနိုင်တာမျိုး ဖြစ်ဖို့ လိုပါမယ်။)
  • ကျန်းမာရေးအတွက် အဆင်ပြေစေမယ့် အမျိုးအစားမျိုး ဖြစ်ဖို့ လိုပါမယ်။
  • ကျန်းမာရေး အခြေအနေတွေက ပြောင်းလဲနိုင်တာကြောင့် အာမခံ ကာလမကုန်ခင်မှာ အာမခံကြေး မတိုးတာမျိုး ဖြစ်ဖို့ လိုပါမယ်။
  • အသက်အရွယ် ​ကြီးရင့်လာချိန်မှာ ရေရှည် အသုံးပြုလို့ရမယ့် ကျန်းမာရေး အာမခံအမျိုးအစားမျိုး ဖြစ်ဖို့ လိုပါမယ်။
  • ဆေးရုံ ဆေးခန်းကြီးတွေမှာ လွယ်လွယ်ကူကူ ဆေးကုသမှု ခံယူဖို့အတွက် အသုံးပြုလို့ ရမယ့် ကျန်းမာရေး အာမခံမျိုး ဖြစ်ဖို့ လိုပါမယ်။

Takeaways

ကျန်းမာရေး က လူတိုင်းအတွက် အရေးကြီးသလို ကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာရတဲ့အခါ စိုးရိမ်မှု ကင်းကင်းနဲ့ အကောင်းဆုံး ကုသမှုတွေကို ခံယူနိုင်ဖို့အတွက် ကျန်းမာရေး အာမခံကို ထားရှိတာက ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ရပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Truth About Health Insurance Premiums https://www.factcheck.org/2010/11/the-truth-about-health-insurance-premiums/?gclid=Cj0KCQiAraSPBhDuARIsAM3Js4oetOpCAVteQxMDVGJb_bhbIMQ4BLXlxe2IX2s9XJ23myWtDElXvIoaAv3kEALw_wcB Accessed Date 21 January 2022

ယခုပုံစံ

20/05/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထင်းရှူးခေါက် အဆီကပေးတဲ့ ကျန်းမာရေး

ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို ဘယ်လိုကာကွယ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/05/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ