backup og meta

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

    ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘာလို့လဲဆိုရင် ယုံတမ်းစကားတွေဖြစ်ကြတဲ့ Myths တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ။

    အထူးသဖြင့် အိပ်စက်တာလိုမျိုး နေ့စဉ်ဘဝမှာ မဖြစ်မနေလိုအပ်တဲ့ ကိစ္စမျိုးမှာ မှားယွင်းတဲ့ ယုံတမ်းစကားတွေကို ယုံမှတ်မှားမိမယ်ဆိုရင် ကျန်းမာရေးပြဿနာ အများအပြားနဲ့ ရင်ဆိုင်လာရနိုင်တယ်မဟုတ်လား။

    လူတွေ မှားယွင်းယုံကြည်နေကြတဲ့ Sleep Myths အမြောက်အများရှိပေမယ့် လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေကို ရွေးချယ်ဖော်ပြပေးသွားပါမယ်။

    ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths များ

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အိပ်စက်ခြင်းဆိုင်ရာ သိပ္ပံပညာရပ်တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ ဆက်စပ်မှုတွေကို ပိုနားလည်လာရပါတယ်။

    ဒါကြောင့် တချို့သော လူသိများတဲ့ကိစ္စတွေဟာ ယုံတမ်းတွေဖြစ်ပြိး တကယ်မှန်ကန်ဘူးဆိုတာကိုလည်း သဘောပေါက်လာရပါတယ်။ ဘယ်လို ယုံတမ်းစကား Myth တွေက လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး ယုံတမ်းစကား တွေပါလဲ။ ကြည့်ကြရအောင်။

    အိပ်စက်ခြင်းအကြောင်း ယုံတမ်းစကားများ

    Myth 1: ‘ငယ်ရွယ်နုပျိုချိန်တွေမှာ ၅ နာရီထက်နည်းပြီး အိပ်လည်း ပြဿနာမရှိဘူး’ ဆိုတဲ့အချက်

    လေ့လာချက်တွေအရဆိုရင် ဒီ Myth ဟာ လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေထဲက တစ်ခုပါတဲ့။ အထိခိုက်နိုင်စေဆုံး ချင်း (ဂျင်း) လို့တောင်ဆိုကြပါတယ်။

    ဒီလို တစ်နေ့ကို ၅ နာရီလောက် အိပ်စက်တာဟာ ဘယ်အသက်အရွယ်အတွက်မဆို ကောင်းကျိုးတစ်ခုမှ မပေးလို့ဖြစ်ပါတယ်။ ဒီလို အိပ်ချိန်နည်းမယ်ဆိုရင် နှလုံးရောဂါ၊ နှလုံးဖောက်ပြန်တာ၊ သွေးတိုး၊ စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာလို ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာမှာပါ။

    Myth 2: ‘ရုပ်မြင်သံကြားကြည့်တာက အိပ်ရာမဝင်ခင် အကောင်းဆုံး စိတ်အပန်းဖြေစရာ’ ဆိုတဲ့အချက်

    တီဗီပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်၊ စမတ်ဖုန်းပဲဖြစ်ဖြစ် အားလုံးရဲ့ Screen ကနေထုတ်လွှင့်တဲ့ Blue Light ဟာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့်လည်း ‘ရုပ်မြင်သံကြားကြည့်တာက အိပ်ရာမဝင်ခင် အကောင်းဆုံး စိတ်အပန်းဖြေစရာ’ ဆိုတဲ့အချက်က ကျန်းမာရေးကိုဒုက္ခအပေးဆုံး ယုံတမ်းစကား တစ်ခုဖြစ်နေတာပါ။

    အိပ်ရာဝင်ခါနီးတိုင်း Blue Light တွေကို ကြည့်နေတဲ့အပြင် အိပ်ချိန်မှာပါ အိပ်ရာထဲ ဖုန်းတွေယူဆောင်ပြီး အိပ်နေတယ်ဆိုရင်တော့ သင့်ကျန်းမာရေးအခြေအနေ တော်တော်ဆိုးတော့မယ်လို့ ပြောပါရစေ။

    Myth 3: ‘နေမကောင်းရင် နေ့ဘက်တွေမှာ ကြိုက်သလို အိပ်နိုင်တယ်’ ဆိုတဲ့အချက်

    ကျန်းမာရေးမကောင်းလို့ လဲလျောင်းနေရတာက သဘာဝကျတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလိုလဲလျောင်းနေလို့ အချိန်တိုင်း အိပ်စက်တာ ဒါမှမဟုတ် အဆင်ပြေသလို အိပ်စက်မယ်လို့တော့ တွေးလို့မဖြစ်ပါဘူး။ လူတွေမှာ အိပ်စက်တဲ့ရစ်သမ်ရှိပြီးတော့ နေ့အချိန်တွေမှာ အဆင်ပြေသလို အိပ်စက်မိတာကြောင့် ဒီရစ်သမ်ပျက်သွားရင် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။

    Myth 4: ‘အိပ်ရာထဲလှဲပြီး မျက်လုံးမှိတ်ထားရုံနဲ့ အိပ်ပျော်သလို အကျိုးရှိတယ်’ ဆိုတဲ့အချက်

    အရမ်းပင်ပန်းလွန်းရင် ခဏလှဲပြီး မျက်စိမှိတ်ထားလိုက်တာမျိုး လူတိုင်းလုပ်ဖူးကြတယ်မဟုတ်လား။ နည်းနည်းတော့ အပင်ပန်းသက်သာသွားတယ်ဆိုပါတော့။ တချို့တွေက အိပ်ရေးအရမ်းပျက်ချိန်တွေမှာ ဒီလိုနည်းကို သုံးတတ်ကြတယ်။

    တကယ်တော့ အိပ်ချင်လို့ ပင်ပန်းနေရင် အိပ်လိုက်တာအကောင်းဆုံးပါပဲ။ တင်းခံပြီး ခဏမျက်စိမှိတ်ပြီး နားလိုက်ရင် နှလုံး၊ အဆုတ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို ပို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။

    အိမ်စက်ခြင်းအကြောင်း ယုံတမ်းစကားများ

    Myth 5: ‘အချိန်နေရာမရွေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တာ ကျန်းမာရေးကောင်းလို့’ ဆိုတဲ့အချက် 

    ဘယ်အချိန်၊ ဘယ်နေရာမှာမဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာက အိပ်ရေးမဝလို့ပါ။ ကျန်းမာလို့ မဟုတ်ပါဘူး။ အစည်းအဝေးခန်းတွေ၊ လေယာဉ်စီးချိန်တွေမှာ အိပ်ချင်စိတ်ပေါ်လာတတ်တာဟာ ကိုယ့်အိပ်ရေးဝအောင် မအိပ်စက်ထားနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

    Myth 6: ‘မအိပ်ခင် အရက်သေစာ မှီဝဲရင် ပိုအိပ်ကောင်းစေတယ်’ ဆိုတဲ့အချက်

    အိပ်ရာဝင်ခါနီးမှာ အရက်သေစာလေး နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် မှီဝဲလိုက်မယ်ဆိုရင် သင်အိပ်ပျော်ကောင်း အိပ်ပျော်သွားပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့အိပ်ပျော်မှုက အဆိပ်ရည်သောက်ပြီး ခဏမှေးလိုက်တဲ့ အဓိပ္ပါယ်မျိုးပါပဲ။

    အယ်လ်ကိုဟောက လုံးဝနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာမဟုတ်ဘဲ ဦးနှောက်ကို လေးလံစေပြီး ခဏအိပ်ပျော်သွားစေတာသာဖြစ်သလို အချိန်မတော်ပြန်နိုးတာမျိုး၊ ရင်ပူတာမျိုး၊ အရက်နာကျတာမျိုးတွေ ဖြစ်စေဦးမှာပါ။

    Myth 7: ‘မအိပ်ချင်အောင် လေ့ကျင့်ယူလို့ရတယ်’ ဆိုတဲ့အချက်

    မအိပ်ချင်အောင် ကော်ဖီသောက်မယ်၊ စကားပြောမယ် တစ်ခုခုလုပ်မယ်။ ဒါတွေလုပ်ရင်း အကျင့်ပါသွားရင် အိပ်ချိန်ကို နည်းသွားအောင်လုပ်လို့ရတယ်လို့ တချို့က ထင်ကြတယ်။

    တကယ်တော့ အဖြေက ဆန့်ကျင်ဘက်ပါ။ ခန္ဓာကိုယ်အတွက် အိပ်ချိန်ပိုလိုအပ်သွားပြီး ကျန်းမာရေးထိခိုက်သွားတာကလွဲလို့ သင့်အတွက် ဘာမှပြန်ရမှာမဟုတ်ပါဘူး။

    Myth 8: ‘အိပ်ပျော်နေတုန်း ဟောက်သံထွက်တာ သဘာဝပဲ’ ဆိုတဲ့ အချက်

    အိပ်ပျော်နေစဉ်မှာ ဟောက်သံထွက်တာက အိပ်ဟောက် အသက်ရှူရပ်ဝေဒနာကြောင့်ပါ။  ဒီဝေဒနာက ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေထဲက တစ်ခုပါပဲ။

    အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်တန့်သွားတာဖြစ်ပြီး အဓိကအကြောင်းတရားက အဝလွန်တာဖြစ်ပေမယ့်  တခြားကျန်းမာရေးအခြေအနေတွေနဲ့ပါ ဆက်စပ်နေတတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement