backup og meta

မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ

မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ

မျှဝေစားလို့မရတဲ့ထဲမှာ အချစ်အပြင် တစ်ကိုယ်ရည်သုံး ပစ္စည်းတွေလည်း ပါပါတယ်။ တစ်ကိုယ်ရည်သုံးလို့ပြောတဲ့အတွက် ကိုယ်ကလွဲပြီး ဘယ်သူကိုမှ ပေးမသုံးပါနဲ့။ မိသားစုဝင်ပဲ ဖြစ်ဖြစ်၊ ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းပဲ ဖြစ်ဖြစ် အလိုလိုက်ပြီး မျှမသုံးသင့်ပါဘူး။ ဒီနေရာမှာတော့ sharing is caringမဟုတ်ပါဘူး။ မျှပြီး မသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေက ဘာတွေလဲ။ မျှသုံးမိရင် ဘယ်လို ကျန်းမာရေး ဆိုးကျိုးတွေ ရနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။

မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ

မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ ကတော့

ကိုယ်တိုက် ဆပ်ပြာခဲက မျှသုံးလို့ မရမှန်း ခုမှသိရတော့ နည်းနည်းတော့ အံ့သြသွားပါတယ်။ ဟုတ်တယ်လေ ကိုယ်တွေက တစ်အိမ်လုံး ရေချိုးရင် ဒီဆပ်ပြာပဲ သုံးတာကိုး။ ဖေဖေ တစ်တုံး၊ မေမေ တစ်တုံးမှ ခွဲမထားတာ။ တကယ်က မျှပြီး မသုံး ရပါဘူးတဲ့။ ဆပ်ပြာတိုက်လိုက်တဲ့အခါ ကိုယ်မှာရှိတဲ့ ကောင်းတဲ့ ပိုးတွေရော၊ မကောင်းတဲ့ ပိုးတွေရော ဆပ်ပြာမှာကပ်ပြီး နောက်လူတိုက်တဲ့အခါ ကူးနိုင်ပါတယ်တဲ့။ ဆပ်ပြာက စိုနေရင် ပိုပြီး ကြာကြာ နေနိုင်ပါတယ်တဲ့။ ဒါကြောင့် မျှသုံးမယ်ဆိုရင် ဆပ်ပြာရည်က ပိုအဆင်ပြေပါလိမ့်မယ်။

သုတ်ပြီးသွားရင် စိုနေတဲ့အတွက် ဘက်တီးရီးယားတွေ၊ မှိုတွေ ပေါက်နိုင်ပါတယ်။ မျှမသုံးရတဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း သန့်သန့်ရှင်းရှင်းဖြစ်အောင် ထားရမှာပါ။ သုံးပြီးတိုင်း နေပူထုတ်လှမ်းတာ၊ ၂ပတ်တစ်ခါ ပိုးသတ်တာတွေလည်း လုပ်လို့ရပါတယ်။

ချိုင်းလိမ်းဆီဆိုတာ ဘက်တီးရီးယားတွေ အပေါက်များတဲ့ ချိုင်းမှာ သုံးတဲ့အတွက် မျှပြီး မသုံးရပါဘူး။ စပရေးဘူးတွေဆိုရင်တော့ အရေပြားကို မထိတဲ့အတွက် မျှပြီး သုံးချင် သုံးနိုင်ပါတယ်။

သူငယ်ချင်း အိမ်မှာ ညအိပ်တဲ့အခါ သွားတိုက်တံပါမလာလို့ ငှားပြီး တိုက်တတ်ပါတယ်။ သတိထားရမှာက အဲ့ဒီသွားတိုက်တံရဲ့ အမျှင်လေးတွေကြားမှာ ပါးစပ်ထဲက ရောဂါပိုးတွေ သန်းနဲ့ ချီပြီး ရှိနေတာပါ။ ဒါကြောင့် မျှပြီး မသုံးသင့်တဲ့ထဲမှာ ပါပါတယ်။ ဒါ့ပြင် ကိုယ်ကိုယ်တိုင်လည်း သွားတိုက်တံကို ပုံမှန် အသစ်လဲပေးရမှာပါ။

ဇာဂနာနဲ့ နုတ်တာဖြစ်တဲ့အတွက် အခန့်မသင့်ရင် သွေးထွက်တာ၊ အရေပြားက ပိုးလေးတွေ ကပ်ပါလာတာ ဖြစ်တတ်ပါတယ်။ သာမန်မျက်စိနဲ့တော့ မြင်ချင်မှ မြင်ရမှာပေါ့။ သူများနဲ့  shareမသုံးသင့်သလို ကိုယ်သုံးမယ်ဆိုရင်လည်း မသုံးခင်နဲ့ သုံးပြီးမှာ အရက်ပြန်နဲ့ ပိုးသတ်ပေးပါ။

နှုတ်ခမ်းအဆီကစလို့ နှုတ်ခမ်းနီအထိပေါ့။ သူငယ်ချင်း အချင်းချင်း ဆိုးထားတဲ့ နှုတ်ခမ်းနီအရောင်လေး လှရင် ‘ငါ့လည်း ပေးဆိုး’ ဆိုပြီး လုပ်တတ်ကြပါတယ်။ ဒါပေမယ့် နှုတ်ခမ်းမှာ ဆဲလ်အသေတွေအပြင် ဘက်တီးရီးယားတွေ၊ နှုတ်ခမ်း ရေယုန်ပိုးတွေပါ ကပ်နေနိုင်တဲ့အတွက် ကိုယ့်ဆီကို ကူးလာနိုင်ပါတယ်။

အမွေးရိတ် ဘလိတ်က အမွေးအပြင် ဆဲလ်အသေတွေကိုပါ ဖယ်ရှားပေးတဲ့အတွက် တော်တော်အသုံးဝင်ပါတယ်။ ဒါပေမယ့် နဂိုတည်းက အရေပြားမှာ မှိုတွေ၊ ဘက်တီးရီးယားတွေ ရီနေရင်လည်း ဘလိတ်မှာ ကပ်နေမှာပါ။ ရိတ်ရင်း မတော်တဆ သွေးထွက်သွားရင် သွေးက တစ်ဆင့်ကူးနိုင်တဲ့ ဗိုင်းရပ်စ်တွေ ကပ်နေမှာပါ။ ရောဂါကူးဖို့ အန္တရာယ်များတဲ့အတွက် မျှပြီး မသုံးကြပါနဲ့။

နားကြပ်မှာ နားထဲက ရောဂါပိုးတွေ အကုန်ကပ်နေနိုင်ပါတယ်။ ကြာကြာတပ်ထားလေ ပိုကပ်လေပါပဲ။ အဲ့တာကို သီချင်းနားထောင်ချင်လို့ နားကြပ်လေး ငှားပါဆို သူများဆီက ရောဂါပိုးတွေ ကိုယ့်နားထဲ ထည့်လိုက်သလို ဖြစ်မှာစိုးလို့ သတိပေးချင်ပါတယ်။

  • ဖိနပ်

အဓိကက ရှူးဖိနပ်တွေပေါ့။ လေဝင်လေထွက်မကောင်းတဲ့အတွက် အထဲမှာ ဘက်တီးရီးယားတွေ၊ ခြေသည်းမှာ စွဲနိုင်တဲ့ မှိုတွေ အများကြီး ခိုအောင်းနေမှာပါ။ သွားစရာရှိလို့ ဆိုဒ်လည်းတူလို့ ငှားစီးသွားမယ်ဆို ရောဂါပိုးတွေ ပါလာနိုင်တာ သတိပြုပါ။

ဒီတိုင်းကြည့်ရင်သာ မမြင်ရတာ တကယ်တော့ လက်သည်း ခြေသည်းရဲ့ အောက်မှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုတွေ အများကြီး ခိုအောင်းနေပါတယ်။ ညှပ်ရင်းနဲ့ မတော်တဆသွေးထွက်သွားရင် သွေးကတစ်ဆင့် ကူးနိုင်တဲ့ ရောဂါပိုးတွေလည်း ကပ်နေနိုင်ပါတယ်။ မျှပြီး သုံးမယ်ဆိုရင် ကြွက်နို့လို ဗိုင်းရပ်စ်အပြင် တခြားသော ရောဂါပိုးတွေ ကူးနိုင်ပါတယ်။

  • ချေးတွန်းဖော့

ချေးတွန်းကျောက်တွေ၊ ချေးတွန်းဖော့တွေလည်း ဒီတိုင်းပါပဲ။ အရေပြားကို တိုက်တဲ့အတွက် အဲ့ဒီက ပိုးတွေ ကပ်သွားမယ်။ ပြီးတော့ စိုစွတ်နေတဲ့အတွက် ပိုပွားလာမယ်။ ဒါကို ကိုယ်က ယူသုံးမိရင် ကိုယ့်ဆီကို ပိုးတွေ ရောက်လာမှာပေါ့။ ဒါကြောင့် ကိုယ်ပစ္စည်း ကိုယ်သုံးပါ။ ကိုယ့်ပစ္စည်းနဲ့ကိုယ်တောင် ပုံမှန်လဲပေးဖို့ လိုပါတယ်။

  • နားကပ်

နားကပ်နဲ့ နောက်က အချွန်လေးနဲ့ ထိုးထိုးမိတဲ့အခါ ပွန်းပဲ့တာ၊ သွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။ မျက်စိနဲ့ မြင်ချင်မှ မြင်ရမှာပါ။ ဒါပေမယ့် သွေးက ကူးစက်နိုင်တဲ့ ပိုးတွေတော့ ကပ်နေမှာပဲ။ ဒါကြောင့် ဘယ်လောက်ရင်းနှီး ရင်းနှီး နားကပ်တော့ ငှားမဝတ်ပါနဲ့။ ဒါမှမဟုတ် အရက်ပြန်နဲ့ သေချာပိုးသတ်ပြီးမှ ဝတ်ပါ။

  • အလှပြင်ပစ္စည်းတွေ

မိတ်ကပ်တွေ၊ mascaraတွေ မိတ်ကပ်brushတွေ စလို့ ခေါင်းဖီးတဲ့ ဘီးအထိ အကုန်ပါပါတယ်။ အလှပြင် ပစ္စည်းတွေက အရေပြားနဲ့ ထိတွေ့ထားတာမို့လို့ ဘက်တီးရီးယားပိုးတွေ ကပ်နေနိုင်ပါတယ်။ မျှသုံးမိရင် ပိုးဝင်တာ၊ ဝက်ခြံပေါက်တာတွေ ဖြစ်နိုင်ပါတယ်။

ဘီးတွေကလည်း ဒီလိုပါပဲ။ မျှသုံးမိရင် သန်းတွယ်တာ၊ ဗောက်ထတာ၊ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်တစ်ယောက်တည်း သုံးရင်တောင် ဖုန်တွေ၊ ချေးတွေ မရှိအောင် ပုံမှန်ဆေးကြောနေရမှာပါ။

မျှပြီး မသုံးသင့်တဲ့ တစ်ကိုယ်ရည် ပစ္စည်းတွေကို သိပြီးပြီဆိုရင် ကိုယ်ကလည်း သူများဆီက ယူမသုံးပါနဲ့။ သူများလာငှားရင်လည်း ယဉ်ယဉ်ကျေးကျေးပြောပြီး ငြင်းပယ်ပါ။ သူသုံးပြီးမှ ကိုယ့်ပြန်သုံးမိရင် ကိုယ့်ဆီကို ပိုးတွေ ရောက်လာမှာပေါ့။ ဒါကြောင့် တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို သီးသန့်သုံးဖို့ အကြံပေးလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://steptohealth.com/15-personal-items-never-share/

https://www.pulse.ng/lifestyle/beauty-health/personal-hygiene-9-items-you-dont-want-to-share-with-even-your-shadow/7hnw35r

ယခုပုံစံ

08/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး ၇ ခု

ခြေသည်း လက်သည်း မှိုစွဲ ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement