brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ ။ ။

ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ က ဘာတွေများ ဖြစ်မလဲ! ကိုယ့်ဗိုက်ထဲမှာ ရှိနေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ငယ်ငယ်တည်းက မှားသိနေတဲ့ အယူအမှားတွေ ရှိပါတယ်။ ကိုယ်ကြားဖူးနေကျ နားရည်ဝနေတာတွေက တကယ်ရော မှန်ရဲ့လားဆိုတာ ကြည့်ရအောင်။ ။

ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ ။ ။

ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ ။ ။

ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ ကတော့ –

  • ပီကေတွေ မျိုချမိရင် အူမှာကပ်နေတတ်တယ်။ ။
  • ပီကေမျိုချမိရင် အူမှာကပ်နေတတ်တယ်။ အန္တရာယ်ရှိတယ်ဆိုတာမျိုးတွေ ငယ်ငယ်က ပီကေစားရင်း လူကြီးတွေပြောတာ ကြားဖူးမှာပါ။ တကယ်တော့ ဒါဟာ မှားနေတဲ့ အယူအဆပါ။ ပါးစပ်ထဲမှာ ပီကေဝါးနေရင် မကပ်အောင် တံတွေးက ကူညီသလိုပဲ မတော်တဆမျိုချမိတဲ့ ပီကေကို အူနဲ့ အစာအိမ်မှာ ကပ်မနေအောင်လို့ ဆောင်ရွက်ပေးတဲ့ အစာခြေရည်တွေ ရှိပါတယ်။ ဒါကြောင့် ကိုယ် မတော်တဆ ပီကေမျိုချလိုက်ပြီဆိုရင် စိုးရိမ်မနေပါနဲ့။ ရက်အနည်းငယ်ကြာရင် ဝင်သွားတဲ့ ပီကေက ဝမ်းနဲ့ အတူပြန်ပါသွားမှာပါ။

    • မာလကာစေ့မျိုချမိရင် အူအတက်ရောင်တတ်တယ်။ ။

    ငယ်ငယ်တုန်းကဆို မာလကာသီးစားရင် အစေ့တွေကို ကြေအောင်ဝါး။ အစေ့လိုက်မျိုချမိရင် အူအတက်ထဲဝင်ပြီး အူအတက်ရောင်လိမ့်မယ် ဆိုတာမျိုးတွေ ကြားရလွန်းလို့ နားရည်ဝခဲ့မှာပါ။ တကယ်တော့ မျိုချမိတဲ့ အစေ့တွေကို ချေဖျက်ပေးဖို့ အစာအိမ်က အက်ဆစ်တွေရှိနေတဲ့အတွက် အူအတက်ထဲ မာလကာစေ့ဝင်ပြီး အူအတက်ရောင်တယ်ဆိုတာ အင်မတန်မှဖြစ်ခဲတဲ့ အရာတစ်ခုပါ။ ဒါ့အပြင် အူအတက်ရောင်တာ အများစုဟာ ဝမ်းချုပ်လွန်းပြီး အူထဲကျန်နေတဲ့ စမြင်းတုံး အမာလေးတွေ အူအတက်ထဲရောက်သွားတာကနေဖြစ်တတ်တာပါ။ ။

    • အစပ်တွေ စားလွန်းရင် အစာအိမ်မှာ အနာဖြစ်တယ်။ ။

    အပူအစပ်တွေ စားလွန်းတာကြောင့် အစာအိမ်အနာဖြစ်တတ်တယ်ဆိုတာလည်း ငယ်ငယ်တည်းက ကြားဖူးခဲ့တဲ့ ယုံတမ်းတစ်ခုပါ။ တကယ်တော့ အစာအိမ်မှာ အနာဖြစ်တယ်ဆိုတာ Helicobacter pylori (H. pylori) လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ရတာပါ။ အပူအစပ်တွေစားလိုက်တာကြောင့် အနာဖြစ်ရတာမဟုတ်ဘဲ Helicobacter pylori (H. pylori) ကြောင့်ဖြစ်နေပြီးသားအနာကို အပူအစပ်က ပိုဆိုးသွားစေတာပဲရှိတာပါ။ အစာအိမ်ထဲမှာ အရမ်းကိုမှ ပြင်းတဲ့ အက်ဆစ်တွေတောင် ရှိနေသေးတာ အစားအသောက်ထဲပါတဲ့ အပူအစပ်လောက်ကတော့ အစာအိမ်က အပျော့ပါ။

    • အစာစားပြီးပြီးချင်း ရေချိုးရင်ရေဖျင်းဆွဲလိမ့်မယ်။ ။

    ဒီယုံတမ်းက ဘိုးဘေး ဘီဘင်လက်ထက်တည်းက အပြောများခဲ့တဲ့ ယုံတမ်းတစ်ခုပါ။ အစားစားပြီးပြီးချင်း ရေချိုးလိုက်တာကြောင့် ဗိုက်ထဲ ရေတွေစိမ့်ဝင်သွားပြီး ရေဖျင်းဆွဲတယ်ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ တကယ်တော့ အစားစားပြီးပြီးချင်း ရေချိုးရင် သွေးကြောတွေ ပွင့်သွားပြီး အစာအိမ်ဆီကို လုံလောက်တဲ့ သွေးမရောက်တော့လို့ အစာမကြေတာကိုပဲ ဖြစ်စေတာပါ။ ရေဖျင်းဆိုတာက အသည်းကောင်းကောင်းအလုပ်မလုပ်တော့တဲ့အခါ ဝမ်းတွင်းကလီစာနဲ့ နံရံတွေကြားမှာ အရည်တွေ စုလာလို့ ဖြစ်ရတာပါ။

    • အသည်းခြောက်တာက အရက်ကြောင့်ပဲ ဖြစ်တာပါ။ ။

    အသည်းခြောက်တာဟာ အရက်သောက်လွန်းတဲ့သူတွေမှာ အတွေ့ရများတယ်ဆိုပေမယ့် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး တွေကြောင့်လည်း အသည်းခြောက်တာဖြစ်တတ်ပါတယ်။

    • လှဲအိပ်လို့ ရင်ပူရင် ထိုင်အိပ်လိုက်ပါ။ ။

    အက်ဆစ်တွေ ပြန်ဆန်တက်လို့ ညဘက်လှဲအိပ်ရင် ရင်ပူတဲ့ အဖြစ်မျိုး အစာအိမ်သမားတိုင်း ဖြစ်ဖူးကြပါတယ်။ ဒီလိုအချိန်မျိူးမှာ ရင်ပူတာကို သက်သာအောင်ဆိုပြီး ထိုင်လျက်အိပ်ကြတဲ့သူတွေရှိပါတယ်။ တကယ်တမ်ကး ထိုင်အိပ်စရာမလိုပါဘူး။ ကိုယ့်ခေါင်းနဲ့ ရင်ဘတ်အောက်မှာ ခေါင်းအုံး လေးတွေခံပြီး မြင့်မြင့်မှီအိပ်လိုက်တာနဲ့တင် ရင်ပူတာသက်သာသွားမှာပါ။

    • အူလှုပ်ရှားမှု မမှန်တဲ့ ရောဂါဟာ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေ ကြောင့်ဖြစ်ရတာပါ။ ။

    Irritable Bowel Syndrome လို့ခေါ်တဲ့ အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါက စိတ်ဖိစီးမှုများလွန်းတာကြောင့်ဖြစ်ရတာပါ။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေက ရောဂါကိုဖြစ်စေတာ မဟုတ်ဘဲ ရောဂါ လက္ခဏာကို ပိုဆိုးစေတာပါ။

    ကဲ ဒါတွေကတော့ လူပြောများ၊ အသိမှားနေကြတဲ့ အစာခြေစနစ်နဲ့ ပက်သက်တဲ့ ယုံတမ်းတွေပဲဖြစ်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/04/2024 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။