backup og meta

အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး

    သန္ဓေတားခြင်း ဆိုတာ အစီအစဉ်မချဘဲ ကိုယ်ဝန်ရသွားမှာကို ကာကွယ်ချင်တာကြောင့် ကိုယ်ဝန်တားခြင်းကို ဆိုလိုပါတယ်။ ကိုယ်ဝန်တားနည်း များစွာရှိပါတယ်။ ဆေးသောက်ခြင်း၊ ကိုယ်ဝန်တားသည့် ပစ္စည်းများကို ထည့်၍ ကိုယ်ဝန်တားခြင်း သို့မဟုတ် အသေးစားခွဲစိတ်မှု များပြုလုပ်ခြင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။

    သင့်ရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန်၊ နောက်ပိုင်းလိုချင်သော ကလေးအရေအတွက်၊ သင့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ အခြားသောအချက်များအပေါ် မူတည်ပြီး ကိုယ်ဝန်တား နည်းလမ်းတစ်မျိုး သို့မဟုတ် နှစ်မျိုးပေါင်းပြီး ရွေးချယ်နိုင်ပါတယ်။ အောက်မှာ အသုံးများတဲ့ ကိုယ်ဝန်တားနည်း ၅မျိုးအကြောင်းကို ဖော်ပြပေးထားပါတယ်။

    အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး

    အသုံးများသော ကိုယ်ဝန်တားနည်း တွေကတော့

    သင့်ရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ဒီဆေးတွေ မသောက်ခင်မှာ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်တဲ့ နည်းလမ်းဟာ အလွယ်ကူဆုံးဖြစ်ပြီး လူများစွာ အသုံးပြုတာကို တွေ့ရပါတယ်။

    ဘာကြောင့်လဲဆိုတော့ ဒီနည်းဟာ အလွန်အသုံးဝင်တဲ့အပြင် ငွေကုန်ကြေးကျလည်း မများစေပါဘူး။

    မကောင်းတဲ့ အချက်တစ်ခုကတော့ ဒီဆေးအမျိုးအစားဟာ အသက်၃၅နှစ်အောက် အမျိုးသမီးများနဲ့ ဆေးလိပ်မသောက်သော အမျိုးသမီးများအတွက်သာ အသုံးဝင်ပါတယ်။ ဆေးအာနိသင် အကျိုးရှိစေဖို့အတွက် သင်ဟာဆေးကို ၂၁ရက်လုံးဆက်တိုက် အချိန်မှန်သောက်ဖို့လိုအပ်ပြီး ၇ ရက် နားပေးဖို့လိုပါတယ်။

    ၇ ရက်ပြီးတာနဲ့ဲ့နောက်ထပ်ရာသီစက်ဝန်းအတွက် ဆက်သောက်ပေးဖို့ရာ လိုအပ်ပါတယ်။

    အထက်ဖော်ပြပါ ကိုယ်ဝန်တားဆေးတွေဟာ သင့်ကို ကိုယ်ဝန်ရှိခြင်းမှသာ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးကို အသုံးပြုခြင်းကတော့ လိင်မှ တစ်ဆင့်ကူးစက်သော ရောဂါပိုး အမျိုးအစားများမှ သင့်ကို ကာကွယ်ပေးနိုင်ပါတယ်။

    အမျိုးသားများအတွက် အသုံးပြုစရာ ကွန်ဒုံးများ ရှိသည့်အပြင် အမျိုးသမီးများအတွက် သီးသန့်ထုတ်လုပ်ထားသော ကွန်ဒုံးများလည်း ရှိပါတယ်။ အမျိုးသားများ အသုံးပြုသည့် ကွန်ဒုံးများကို အမျိုးသားလိင်တံပေါ်မှာ တပ်ဆင်ရမှာ ဖြစ်ပါတယ်။

    အမျိုးသမီးများအတွက်ကတော့ မိန်းမကိုယ်ထဲမှာ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ကွန်ဒုံးက အမျိုးသားသုက်ပိုးနှင့် အမျိုးသမီးရဲ့ မမျိုးဥကြားမှာ နံရံအဖြစ် လုပ်ဆောင်ပေးပါတယ်။

    ဒါကြောင့် သန္ဓေအောင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကွန်ဒုံးကို ကြားခံပစ္စည်းအနေနဲ့ အသုံးပြုတာဖြစ်တဲ့အတွက် ဒါကို မှန်မှန်ကန်ကန် ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းတို့ ရှိသင့်ပါတယ်။

    ရက်လွန်နေသော ကွန်ဒုံးများကို အသုံးမပြုပါနဲ့ဲ့ ဒါ့အပြင် လိင်ဆက်ဆံမှု တစ်ခါပြုလုပ်တိုင်းမှာ ကွန်ဒုံးတစ်ခုကိုသာ အသုံးပြုသင့်ပါတယ်။

    ဒါက ကိုယ်ဝန်တားဆေးများနဲ့ သဘောတရားတူပါတယ်။ သူကတော့ ပိုပြီးအစွမ်းထက်တဲ့ အနေအထားပုံစံနဲ့ လာတာဖြစ်ပါတယ်။ မိန်းမကိုယ်တွင်း ထည့်တဲ့ ကွင်းတွေကိုတော့ ပလတ်စတစ် အပျော့စားနဲ့ ပြုလုပ်ထားပြီး သင့်ရဲ့ မိန်းမကိုယ်ထဲမှာ ၂၁ ရက် ထည့်ထားရမှာ ဖြစ်ပါတယ်။ ဒီ၂၁ ရက်ပြီးရင်တော့ ကွင်းကို ၇ ရက် လောက်ဖယ်ရှားပြီး ရာသီလာစေမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ပြန်ထည့်နိုင်ပါတယ်။

    မိန်းမကိုယ်ထဲမှာ ထည့်သောကွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းလို့ ခေါ်တဲ့ ဟော်မုန်း ၂ မျိုး ပါရှိပါတယ်။ ဒီဟော်မုန်း ၂မျိုးဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာ သားဥထုတ်လုပ်ခြင်းနဲ့ မျိုးအောင်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ၎င်းကိုယ်ဝန်တားနည်းကို အသုံးပြုတဲ့ အမျိုးသမီးတွေကို လေ့လာကြည့်တဲ့အခါ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးမျိုး မရှိဘူးဆိုတာကို တွေ့ရပါတယ်။ ဒါပေမယ့် မကောင်းတဲ့ ဆိုးကျိုးတစ်ခုကတော့ လိင်မှတစ်ဆင့် ကူးစက်သော ပိုးများကို မကာကွယ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

    ဒီလို ကိုယ်ဝန်တားပစ္စည်း ထည့်ခြင်းဟာ ကျွမ်းကျင်သူက ထည့်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ဟာ သင့်ရဲ့လက်မောင်းမှာ ပလတ်စတစ်ပြွန် အသေးစားလေးတစ်ချောင်းကို ထည့်မြှုပ်ပါလိမ့်မယ်။ ဒီပစ္စည်းလေးဟာ သင့်ရဲ့ သွေးထဲကို ပရိုဂျက်စထရိုဂျင်တွေ ဖြည်းဖြည်းချင်းထုတ်လွှတ်ပါလိမ့်မယ်။

    ဒီလို ထုတ်လွှတ်ခြင်းအားဖြင့် သင့်ရဲ့ သားဥအိမ်မှ သားဥထုတ်လုပ်ခြင်းကို ရပ်တန့်စေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ အချိန်ကြာကြာ ကိုယ်ဝန်တားလိုသူများအတွက် ပြည့်စုံတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

    ဘာကြောင့်လဲ ဆိုတော့ ဒီလို လက်မောင်းတွင်းထည့်ပြီး ကိုယ်ဝန်တားတဲ့ ပစ္စည်းဟာ ၃ နှစ်ကနေ ၅နှစ်လောက် ကြာရှည်ခံတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သိသာထင်ရှားတဲ့ ဘေးထွက်ဆိုးကျိုးများ မရှိပါဘူး။ သို့သော် ရာသီမမှန်ခြင်းတော့ ဖြစ်စေနိုင်ပါတယ်။

    ဒီလို သန္ဓေတားခြင်း နည်းစနစ်ကို ဆေးထိုးခြင်းနဲ့ အရေပြားကပ်ခွာပုံစံအားဖြင့်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် ဆေးတစ်ခါထိုးခြင်းက ၈ ပတ်မှ ၁၃ ပတ်အထိသာ တားပေးနိုင်ပြီး အရေပြားကပ်ခွာ သုံးခြင်းကတော့ ၃ပတ်လောက်ထိပဲ ကိုယ်ဝန်တား နိုင်ပါတယ်။

    သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း IUD ဟာ သင့်သားအိမ်တွင်းစနစ်နဲ့ သက်ဆိုင်ပါတယ်။ ဒီပစ္စည်း ဟာ T ပုံသဏ္ဌာန် သေးငယ်တဲ့ ပစ္စည်းလေးဖြစ်ပြီး ကျွမ်းကျင်ဆရာဝန်က သားအိမ်ထဲသို့ ထည့်ပေးမှာ ဖြစ်ပါတယ်။ ထည့်ပြီးတဲ့နောက်မှာ ဒါက ပရိုဂျက်စထရိုဂျင်ဟော်မုန်း ကို ထုတ်လွှတ်ပါတယ်။ ဒီပစ္စည်းဟာလည်း ၃ နှစ်မှ ၅ နှစ်အထိ ကြာရှည် ခံပါတယ်။

    ကြေးနီနဲ့ လုပ်ထားတဲ့ ကော့ပါး IUD လို့ခေါ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းလည်း ရှိပါတယ်။ ကွာခြားတာ တစ်ခုကတော့ ကော့ပါး IUD ဟာ သင့်သားအိမ်ထဲကို ပရိုဂျက်စထရိုဂျင် မထုတ်လွှတ်ပါဘူး။ ကော့ပါးက သုက်ကောင်တွေကို သေစေတဲ့နည်းနဲ့ သန္ဓေတားပေးပါတယ်။ ကော့ပါး IUD ပစ္စည်းကတော့ ၅နှစ်ကနေ ၁၀ နှစ်အထိ ကြာရှည်ခံပါတယ်။

    တကယ်လို့ သင်ဟာ ၄၅ နှစ်အထက် အမျိုးသမီး ဖြစ်ပြီး အထက်ဖော်ပြပါ နည်းလမ်းများထဲမှာ တစ်ခုခုကို အသုံးပြုမယ်လို့ စဉ်းစားထားရင် သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းကို အသုံးပြုနိုင်ပြီး သင်သွေးမဆုံးမချင်း လို့ရပါတယ်။

    ဒီ ကိုယ်ဝန်တားနည်း တွေထဲက မိမိနဲ့ အဆင်ပြေမယ့် ကိုယ်ဝန်တားနည်း တစ်မျိုးမျိုးကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement