ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီ က ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။
တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင် စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။
- အသားအရေကို တင်းရင်းစေခြင်း
- အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း
- အနာကျက်လွယ်စေခြင်း
- ခန္ဓါကိုယ်အတွင်းရှိ ကိုလက်စထရောများကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့သည်းခြေရည်ြဖစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။
- လူတွေရဲ့စိတ်ကို ပျော်အောင်၊ စိတ်ပူပန်ေအာင်၊ စိတ်ဓါတ်ကျအောင်စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် Serotonin (ဆီရိုတိုနင်) နည်းရင် စိတ်ဓါတ်ကျဝေဒနာခံစားရတတ်ပါတယ်။
- ဓါတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ အတွက် ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ကျစေနိုင်ခြင်း။
ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့အတွက် ရာသီပေါ်တုပ်ကွေးရောဂါ နှင့် အခြားသော ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးပါတယ်။
- နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း
- ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ(Neurodegenerative diseases) ကိုကာကွယ်ပေးခြင်း။
ဗီတာမင် စီ ကဘာတွေစားရင် ရမလဲ
အများစု သိထားကြတဲ့အတိုင်း ချဉ်တဲ့အသီးတွေဆို ဗီတာမင် စီ ကြွယ်ဝ ပါတယ်။ တခြားကျွန်တော်တို့ မထင်မှတ်ထားတဲ့ အစားအစာမှာလည်း ဗီတာမင် C ကြွယ်ဝကြပါတယ်။ ဥပမာ-
- ငရုတ်ပွ အနီ/အစိမ်း
- စတော်ဘယ်ရီ
- လိမ္မော်၊ သံပုရာ
- ခရမ်းချဉ်သီး
- ပန်းဂေါ်ဖီစိမ်း
- ဇီးဖြူသီး
- ကိုက်လန်
- မာလကာသီး
- ဂရိတ်ဖရုသီး စတာတွေ စားပေးလို့ရပါတယ်။
လူ့ခန္ဓါကိုယ်မှာ ပုံမှန် ဘယ်လောက် ရှိလဲ
သွေးထဲမှာ 60-100 mmol/dl ရှိပါတယ်။
ဗီတာမင် C အများကြီးစားရင် ဘာတွေဖြစ်တတ်လဲ
အဓိက ပြဿနာကတော့ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီး ဝမ်းခဏခဏသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကလည်း ဗီတာမင် စီ အားဆေးတွေကို လိုတာထက်ပိုသောက်နေတဲ့ လူတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။
ဘယ်လို လူတွေ မှာ ဗီတာမင် C ချို့တဲ့လေ့ရှိလဲ
- အရက် အလွန်အကျွံသောက်သုံးသူများ
- ဆေးလိပ်သောက်သူများ
- နာမကျန်းဖြစ်နေသူများ
- ပိုးသတ်ဆေး သောက်နေသူများ
- အနာသက်သာဆေးသောက်နေသူများ
- ဓါတ်ဆီ၊ ရေနံဆီတွေ နှင့် အမြဲထိတွေ့ကိုင်တွယ်နေရသူများ
- သတ္တုတွင်း၊ သတ္တုပစ္စည်းများ နှင့် ထိတွေ့ကိုင်တွယ်နေရသူများ။
အထက်ဖော်ပြပါ ဗီတာမင် စီ ချို့တဲ့နိုင်တဲ့ သူများအနေနဲ့ သာမန်လူထက် ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာများ ပိုစားပေးဖို့လိုပါတယ်။ လိုအပ်မှသာဆေးဝါး အကူအညီကို ဆရာဝန် နှင့် သေချာဆွေးနွေးတိုင်ပင်ပြီးမှသာ သောက်ဖို့ အကြံပြုချင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။