backup og meta

ကိုယ်နံ့ပြင်းရင် ဒါတွေရှောင်ပါ

ကိုယ်နံ့ပြင်းရင် ဒါတွေရှောင်ပါ

ခန္ဓာကိုယ်ရဲ့ ကိုယ်နံ့ကလည်း လူတွေကို ဆွဲဆောင်တဲ့အရာတွေထဲက တစ်ခုပါ။ အနံ့ဆိုး ကင်းစင်ပြီး လတ်ဆတ်တဲ့ ကိုယ်သင်းနံ့လေး ရှိနေမယ်ဆိုရင် သင်ဟာ အများကြားမှာ မျက်နှာ ပွင့်လန်းနေမှာ အသေအချာပါ။ လူတိုင်းမှာ သီးသန့်ကိုယ်နံ့တွေ ရှိတတ်ပြီး များသောအားဖြင့် ဘေးလူသတိထားမိလောက်အောင် မပြင်းတတ်ပါဘူး။ သင်းပျံ့တဲ့ ကိုယ်နံ့မရှိရင်တောင်  အနည်းဆုံးတော့ ကိုယ်နံ့မပြင်းဖို့ လိုတာပေါ့။ ကိုယ်က ကိုယ်နံ့ပြင်းရင် ဒါတွေကို ရှောင်ကြည့်ပါ။

ကိုယ်နံ့ပြင်းရင် ဒါတွေရှောင်ပါ

တစ်ခါတလေမှာ ကိုယ်နံ့ဆိုးတာက မျိုးရိုး လိုက်တာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့်နဲ့ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေ ကြောင့်လည်း ကိုယ်နံ့ ဆိုးနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ်နံ့ပြင်းရင် နေ့စဉ်စားတဲ့ အစားအစာတွေထဲကနေ ဒါတွေကို ခဏလောက် ဖယ်ထုတ်ကြည့်ပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အကျိုးပြုပေမယ့် အနံ့ဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အရေးကြီးကိစ္စ ပြောစရာ ရှိတာမျိုး အလုပ်ခွင်ထဲ ရောက်နေတဲ့ အခါမျိုးမှာ ကြက်သွန်ဖြူ မစားမိပါစေနဲ့။ ခံတွင်းအနံ့ဆိုးတာနဲ့ ချွေးနံ့ဆိုးတာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။

ကြက်သွန်နီ

ကြက်သွန်နီက မီးဖိုချောင်ရဲ့ ဆေးဝါး ဆိုပေမယ့် ခံတွင်းနံ့၊ ချွေးနံ့နဲ့ ဆီးအနံ့ကို ဆိုးစေနိုင်တာ အမှန်ပါ။ ဒါကြောင့် ခန္ဓာကိုယ်မှာ အနံ့ဆိုး မဖြစ်ချင်ဘူးဆိုရင် အလွန်အကျွံစားတာကို ရှောင်ရပါမယ်။

ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်

ဒီ အစားအစာတွေက လေပွေစေနိုင်ပြီး များများစားရင် ခန္ဓာကိုယ်ကို အနံ့ဆိုးတွေ ဖြစ်စေနိုင်ပါတယ်။

အနီရောင်အသားတွေ

အနီရောင် အသား စားသုံးမှု များလေလေ ခန္ဓာကိုယ်ရဲ့ ကိုယ်နံ့က ပြင်းလေလေပါ။ ဒါကြောင့် အနီရောင် အသားကို တတ်နိုင်သမျှ လျှော့စားပါ။

ဆေးလိပ်

ဆေးလိပ်က ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကိုယ်နံ့လည်း ပြင်းစေနိုင်ပါတယ်။ အဝတ်အစားတွေမှာ အနံ့တွေ ကပ်ကျန်နေပြီး ကိုယ်နံ့ကို ဆိုးစေနိုင်ပါ သေးတယ်။

ကော်ဖီ

ကဖင်းဓာတ်ကလည်း ကိုယ်မှာ အနံ့ဆိုး ဖြစ်အောင် လှုံ့ဆော်ပေး ပါတယ်။ ဒါကြောင့် ကိုယ်နံ့ပြင်းတတ်တယ် ဆိုရင် ကော်ဖီနဲ့ ကဖင်းဓါတ် ပါတဲ့ စားစရာတွေ၊ သောက်စရာတွေကို မစားပါနဲ့။

အယ်လ်ကိုဟော

အရက် အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတိုင်းက ကိုယ်နံ့ကို ပြင်းစေနိုင် ပါတယ်။ ဒါကြောင့် သတိထားသင့်ပါတယ်။

ဒါဆို ဘာတွေ စားရမလဲ

  • နွားနို့
  • ဒိန်ချဉ်
  • ပီကေ
  • အဖြူရောင်ငါး
  • သံပရိုသီး၊ သံပုရာသီး
  • ပန်းသီး
  • လက်ဖက်စိမ်း ရေနွေးကြမ်း တို့ သောက်သုံးပေးပါ။

ကိုယ်နံ့ပြင်းရင် ဘယ်အချက်တွေကို လိုက်နာရမလဲ

  • ရေ ပုံမှန် ချိုးပါ
  • တစ်ပတ် နှစ်ကြိမ် ခေါင်းလျှော်ပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
  • ချိုင်းမွေးတွေ ရိတ်ပါ ဒါမှမဟုတ် ပါးပစ်ပါ
  • ချွေးထွက်များတတ်ရင် အဝတ်တစ်ခုဆောင်ထားပြီး သုတ်ပစ်ပါ
  • ချိုင်းချွေးနံ့ပြင်းတတ်ရင် deodorant သုံးပါ
  • ရေချိုးပြီးတိုင်း ရေခြောက်အောင် သုတ်ပေးပါ
  • အဝတ်အစားတွေ သန့်ရှင်းမှု ရှိအောင် ဂရုစိုက်ပါ။

အစားအသောက်လည်း ဆင်ခြင်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးလည်း ဂရုစိုက်တာတောင် ကိုယ်နံ့ပြင်းနေတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပြီး ရောဂါရှာဖွေဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

9 Food Items That’llDefinitelyMakeYou Smell Better And Feel Sexierhttps://www.indiatimes.com/health/healthyliving/9-food-items-that-ll-definitely-make-you-smell-better-and-feel-sexier-342042.html Accessed Date 8 February 2019

7 Foods That Fight Odorshttps://www.womansday.com/health-fitness/nutrition/a2630/7-foods-that-fight-odors-123915/ Accessed Date 8 February 2019

ယခုပုံစံ

16/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချွေးစေးထွက်ခြင်း နှင့် ညဘက်ချွေးထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတွေက ဘာတွေလဲ

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement