လူမှုမီဒီယာတွေဟာလည်း ပညာသင်ကြားနေတဲ့ကလေးတွေအတွက် ကောင်းကျိုးတစ်ခုဖြစ်စေနိုင်ပါသေးတယ်။ ကလေးတွေအတွက် မော်ဒန်ကမ္ဘာကြီးထဲမှာ လက်တွေ့သဘောတရားတွေနဲ့ ကျွမ်းကျင်မှုတွေကို သင်ယူနိုင်ဖို့ဆိုတာ မရှိမဖြစ်ကို အရေးကြီးလှပါတယ်။ လက်တွေ့မှာလည်း ကလေးတွေဟာ နည်းပညာတွေနဲ့ ပိုပြီး အကျွမ်းဝင်လာနိုင်တယ်။ သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပြီး မတူညီတဲ့အတွေးအမြင်သစ်တွေကို ထိတွေ့နိုင်စွမ်းရှိလာနိုင်တဲ့အပြင် သူတို့ရဲ့ လူမှုဆက်ဆံရေးပညာတွေကို ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။
ဒါဆိုရင် .. မကောင်းတာတွေကရော…
Facebook ဟာ ယနေ့ခေတ် လူမှုဆက်ဆံရေးတွေအတွက်တော့ စွမ်းအားအကြီးဆုံး မီဒီယာတစ်ခုဖြစ်နေတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။
ဒါပေမယ့် Facebook သုံးစွဲခြင်းရဲ့ အမှောင်ကမ္ဘာခြမ်းကြီးကလည်းရှိနေပါသေးတယ်။ ဒါကိုတော့ Facebook Depression ( facebook စိတ်ကျဝေဒနာ)လို့ခေါ်တွင်ပြီး ဒီထဲမှာ စိုးရိမ်သောကတွေ၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းတွေနဲ့ ကျန်းမာရေးနဲ့မညီတဲ့ အပြုအမူအလေ့အထတွေပြုလုပ်လာခြင်း (ပြောင်းလဲလာခြင်း) စတာတွေပါ ပါဝင်နေပါတယ်။
ဆယ်ကျော်သက်တွေကြားမှာ Facebookအသုံးပြုလွန်နေခြင်းဟာ narcissism(မိမိကိုယ်ကို အချစ်လွန်ခြင်း) နဲ့ သိသာထင်ရှားစွာဆက်စပ်နေပါတယ်။ လူငယ်တွေကြားထဲမှာလဲ Facebook ကို အလွန်အကျွံအသုံးပြုခြင်းဟာ Antisocial Personality Disorder၊ Histrionic Personality Disorder၊ စိတ်ကြွရောဂါနဲ့ ရက်စက်ကြမ်းကြုတ်ခြင်း၊ Passive-Aggressive၊ Borderline၊ အကြောက်လွန်ရောဂါ၊ Somatoformစတာတွေနဲ့ ဆက်စပ်နေပါတယ်။
TV၊ ရုပ်ရှင်၊ ဗီဒီယိုဂိမ်းတွေ၊ အင်တာနက်တွေ စတဲ့ မီဒီယာတွေနဲ့ ထိတွေ့တာများလာခြင်းဟာ ပေါက်ကွဲလွယ်တဲ့အပြုအမူတွေရယ်၊ တစ်ကိုယ်တည်းအထီးကျန်စွာနေထိုင်တာတွေရယ်နဲ့ ဆက်စပ်နေပါတယ်။ ၁၅မိနစ်တိုင်းမှာ တစ်ကြိမ် facebook ကို စစ်ဆေးနေတာကလည်း အမှတ်တွေလျော့ကျခြင်းရဲ့ တရားခံပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။