ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာပါတဲ့ ဓာတ်ဆားဓာတ် နဲ့ အခြားဓာတ်တွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ အခုလို လုပ်ဆောင်ပေးပါတယ်။
ဆိုဒီယမ် (Na+)
ဆိုဒီယမ် ဆိုတာက နားလည်လွယ်အောင် ပြောရရင် ဆားဓာတ်ပေါ့ ။ ဆိုဒီယမ်က ဆဲလ်တွေထဲမှာ မျှတတဲ့ အရည်ဓာတ်ကို ထိန်းညှိပေးနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ ဆဲလ်တွေက အာဟာရတွေ စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။ ခန္ဓာကိုယ်ထဲမှာ အများဆုံးတွေ့ရတဲ့ electrolytes အမျိုးအစားပါ။
ဆိုဒီယမ်များလွန်း နည်းလွန်းတဲ့အခါ သတိမကောင်းတာ၊ ပျို့တာ၊ အန်တာ၊ တက်တာတွေ ဖြစ်နိုင်ပါတယ်၊၊
မဂ္ဂနီဆီယမ် (Mg2+)
မဂ္ဂနီဆီယမ်က ဆဲလ်တွေကို စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ ကူညီပေးပါတယ်။ ဦးနှောက်နဲ့ ကြွက်သားတွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် မဂ္ဂနီဆီယမ်အပေါ်မှာ အများကြီး တည်မှီနေပါတယ်။
သွေးထဲမှာ မဂ္ဂနီဆီယမ် မမျှတတဲ့အခါ ကြွက်သားတွေ အားနည်းတာ၊ နှလုံးခုန်မမှန်တာ၊ အသက်ရှူရခက်တာ၊ ရုတ်တရက် နှလုံးရပ်တာတွေ ဖြစ်နိုင်ပါတယ်၊၊
ပိုတက်ဆီယမ် (K+)
ဆဲလ်တွေက ဆိုဒီယမ် နဲ့အတူ ပိုတက်ဆီယမ်ကို လိုအပ်ပါတယ်။ ဆိုဒီယမ် ion က ဆဲလ်တွေထဲကို ဝင်ရောက်လာတဲ့အခါ ပိုတက်ဆီယမ် ion က ဆဲလ်တွေထဲကနေ ထွက်သွားပါတယ်။ ပိုတက်ဆီယမ်က နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ မရှိမဖြစ် အရေးပါပါတယ်၊၊
ပိုတက်ဆီယမ် မျှခြေပျက်သွားတဲ့အခါ ကြွက်သားတွေ အားနည်းလာတာ၊ ကြွက်တက်တာ၊ ရင်တုန်တာ၊ အထိုင်အထမှာ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်၊၊
ကယ်လ်ဆီယမ် (+)
ကယ်လ်ဆီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ဓာတ် တစ်မျိုးပါ။ အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်မာစေတာထက် ပိုပါတယ်။ ကြွက်သားတွေကို ထိန်းချုပ်ပေးသလို အာရုံကြောတွေကို သတင်းပေးပို့တာလုပ်ဆောင်ပေးတဲ့အပြင် နှလုံးစည်းချက် မှန်စေတာကိုရော အခြားသော ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ လုပ်ဆောင်ပေးပါတယ်။
သွေးထဲမှာ ကယ်လ်ဆီယမ်က နည်းလွန်းများလွန်းမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြော၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ နှလုံးနဲ့ ကြွက်သား စတဲ့ ခန္ဓာကိုယ်ရဲ့ စနစ် အမျိုးမျိုးကို ထိခိုက်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။