အစားများလို့ဝလာတဲ့သူတွေဘက်က ကြည့်ရင် မနာလိုစရာဖြစ်နေပေမယ့် ကိုယ်ဘယ်လောက်စားစား ဝမလာနိုင်တာက စိတ်ကျေနပ်စရာမကောင်းလှပါဘူး။ လူဆိုတာ လှချင်တဲ့အမျိုးမို့ ပိန်လည်းမပိန်၊ ဝလည်းမဝတဲ့ အနေတော်အချိုးအစားလောက်ပဲ လိုချင်ကြမှာသေချာပါတယ်။ ပိန်ပိန်ပါးပါးနဲ့ လှတယ်ဘယ်လောက်ပြောပြောပြည့်ပြည့်လေးတော့(သိပ်မဝတဲ့)ဖြစ်ချင်ကြတာပေါ့။