backup og meta

စက္ကူရုပ်လေးတွေခေါက်ရင်း ကျန်းမာရေးအကျိုးကျေးဇူးတွေရယူလိုက်ပါ

စက္ကူရုပ်လေးတွေခေါက်ရင်း ကျန်းမာရေးအကျိုးကျေးဇူးတွေရယူလိုက်ပါ

စက္ကူရုပ်လေးတွေခေါက်ရတာကို သဘောကျတတ်သူလား။ ဒါဆိုရင်တော့ သင်ဟာ ဝါသနာပါတာကိုလုပ်ရင်း ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိနေတဲ့သူတစ်ယောက်လို့ပြောပါရစေ။ စက္ကူရုပ်ခေါက်တာက လက်ချောင်းကြွက်သားလေးတွေကို သန်မာစေနိုင်သလို အာရုံစူးစိုက်မှုကိုကောင်းမွန်စေပြီး သိမြင်မှုစွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါသေးတယ်။

စက္ကူရုပ်ခေါက်ရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

စက္ကူရုပ်ခေါက်တာက ရုပ်ကိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ စက္ကူရုပ်ခေါက်တဲ့အခါ လက်ချောင်းလေးတွေကို အသုံးပြုရသလို၊ မျက်လုံးကိုလည်း အသုံးပြုရပါသေးတယ်။နောက်တစ်ခုကတော့ စိတ်အာရုံကိုစုစည်းထားရတာပါ။ ဒီလိုလုပ်ပေးခြင်းကြောင့်

  • လက်ချောင်းကြွက်သားလေးတွေသန်မာလာမယ်
  • မျက်လုံးနဲ့လက်လှုပ်ရှားမှုတွေ ဟန်ချက်ညီညီလုပ်ဆောင်လာနိုင်မယ်
  • အာရုံစူးစိုက်မှုပိုကောင်းလာမယ်
  • စိတ်ရှည်သည်းခံတတ်လာမယ်
  • ဒေါသထွက်လွယ်တာမျိုးကင်းလာမယ်
  • ကျိုးကြောင်းဆီလျော်စွာစဉ်းစားတတ်လာမယ်
  • စိတ်အပန်းပြေစေမယ်
  • စိတ်ကူးဉာဏ်ပိုကောင်းလာမယ်
  • ဦးနှောက်အတွက်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်တယ်

စိတ်ဖိစီးမှုတွေရှိတဲ့အခါ စက္ကူရုပ်လေးတွေခေါက်တာကလည်း တရားမှတ်သလိုမျိုးပဲ စိတ်ကိုတည်ငြိမ်စေနိုင်ပါတယ်။နောက်တစ်ခုကတော့ စက္ကူလေးတွေခေါက်ရင်း အရုပ်လှလှလေးတွေဖြစ်သွားတဲ့အခါ စိတ်ကျေနပ်မှုရရှိစေတာပါပဲ။ ဦးနှောက်ကိုလည်း အသစ်သစ်တွေဖန်တီးနိုင်စွမ်းဖြစ်အောင်လှုံ့ဆော်ပေးပြီးသားဖြစ်စေပါတယ်။

ပြန်လည်သန်စွမ်းရေးအတွက်လည်း စက္ကူရုပ်ခေါက်တာက အသုံးဝင်ပါတယ်။ လေဖြတ်ထားသူတွေ နဲ့ ကိုယ်လက်အင်္ဂါထိခိုက်ထားသူတွေအတွက် လေ့ကျင့်ခန်းတစ်ရပ်အနေနဲ့လည်း စက္ကူရုပ်ခေါက်တာကို အသုံးပြုကြပါတယ်။ စိတ်ကျန်းမာရေးကိုကောင်းစေသလို လူမှုပေါင်းသင်းဆက်ဆံရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် စက္ကူခေါက်တာကို ဝါသနာပါတယ်ဆိုရင် အားလပ်တဲ့အချိန်တွေမှာ စိတ်အပန်းဖြေတဲ့အနေနဲ့ခေါက်ရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

စက္ကူရုပ်ခေါက်တာက ကလေးတွေမှာဆိုရင် သင်ယူနိုင်စွမ်းကိုတိုးတက်စေနိုင်သလို လက်ကြွက်သာတွေကို သန်စွမ်းစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကိုရော ညာဘက်ခြမ်းကိုပါလေ့ကျင့်ပေးရာရောက်ပြီး စိတ်ကူးဉာဏ်ကောင်းစေနိုင်ပါတယ်။ စက္ကူပြန့်ပြန့်လေးတစ်ရွက်ကို ကစားစရာအရုပ်လေးတစ်ရုပ်အဖြစ်ဖန်တီးနိုင်မှုက ကလေးတွေကို စိတ်ကျေနပ်မှုရစေနိုင်သလို ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း တိုးစေနိုင်မှာပါ။ ဒါကြောင့် သားသားမီးမီးလေးတွေကိုလည်း စက္ကူရုပ်လေးတွေခေါက်တတ်အောင် သင်ပေးပြီး မှတ်ဉာဏ်စွမ်းရည်တိုးတက်အောင်ပျိုးထောင်ပေးပါ။

ဝါသနာပါတာလေးလုပ်ရင်း ကဲ ဘယ်လိုလဲ စက္ကူရုပ်လေးတွေခေါက်တော့မလား Hello ဆရာဝန်ပရိသတ်ကြီး…….

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What are the benefits of origami on brain?https://www.quora.com/What-are-the-benefits-of-origami-on-brain Accessed Date 7 January 2019

Health Benefits of Origamihttps://www.origami-resource-center.com/health-benefits.html Accesssed Date 7 January 2019

5 Ways Origami Boosts Mindfulnesshttps://www.psychologytoday.com/us/blog/urban-survival/201609/5-ways-origami-boosts-mindfulness Accessed Date 7 January 2019

Health Benefits of Origamihttps://www.origamispirit.com/2011/01/health-benefits-of-origami/ Accessed Date 7 January 2019

ယခုပုံစံ

17/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ကွန့်မြူးခြင်းက ဦးနှောက်ကို ဘယ်လိုသက်ရောက်လဲ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အားကစားလုပ် ကြစို့



Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement